မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

donderdag 20 oktober 2011

စစ်တွေလေဆင်နှာမောင်းပျက်စီးမှုအချို့ရှိ

သဲသဲ ကြာသပတေးနေ့၊ အောက်တိုဘာလ ၂၀ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၄၇ မိနစ် .
နယူးဒေလီ(မဇ္ဈိမ)။ ။ရခိုင်ပြည်နယ်မြောက်စွန်းအနီးဖြတ်သန်းတိုက်ခက်ခဲ့သည့်O2Bမုန်တိုင်းအရှိန်ကြောင့် စစ်တွေမြို့အတွင်းလေဆင်နှာမောင်းတိုက်ခက်ခဲ့ကာစာသင်ကျောင်းနှစ်ကျောင်းနှင့်စစ်တွေမြို့ဈေးကြီးမှ ဆိုင်ခန်းတချို့ပျက်စီးခဲ့သည်။
O2Bမုန်တိုင်းမှာရခိုင်ပြည်နယ်မြောက်စွန်းနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံကြားဖြတ်သန်းသွားခြင်းဖြစ်ကာယင်းအရှိန်
ကြောင့်စစ်တွေမြို့အိုးတန်း၊ကျေးပင်ကြီးနှင့်ကျောင်းတက်လမ်းရပ်ကွက်များတွင်အောက်တိုဘာလ၁၉ ရက်ကလေဆင်နှာမောင်း တိုက်ခက်ခဲ့ခြင်း ဖြစ်သည်။
“တိုက်တာ၁၅မိနစ်လောက်ပဲကြာတယ်။စာသင်ကျောင်းထဲကကျွန်းပင်ကြီးတွေကျိုးကျကုန်တယ်။ကျောင်း
ခေါင်မိုးတွေလေနဲ့ ပါသွားတယ်။ဈေးမှာလည်းခေါင်မိုးတွေလေနဲ့ပါသွားတယ်”ဟု မြို့ခံ ဦးကမဇ္ဈိမကို ပြောသည်။
လေဆင်နှာမောင်းမှာညနေ၆နာရီခန့်နှင့်ည၁၂ခန့်တို့တွင်နှစ်ကြိမ်တိုက်ခက်ခဲ့ခြင်းဖြစ်သည်။ပထမအကြိမ် တိုက်ခက်စဉ်ကစစ်တွေဈေးကြီးအတွင်းမှဆိုင်ခန်းအချို့ပျက်စီးခဲ့ခြင်းဖြစ်ပြီးဒုတိယအကြိမ် တိုက်ခက်ရာတွင်စာသင်ကျောင်းနှစ်ကျောင်းပါပျက်စီးခဲ့ခြင်း ဖြစ်သည်။
ဘင်္ဂလားပင်လယ်အော်အတွင်းဖြစ်ပေါ်ခဲ့သည့်ယင်းအပူပိုင်းမုန်တိုင်းမှာတနာရီလျှင်မိုင်၆၀မှ၇၀အထိပြင်း အားရှိပြီးရခိုင်ပြည်နယ်မောင်တောမြို့နှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံကော့ဘဇားမြို့အကြားဖြတ်သန်းမည်ဟု မြန်မာနိုင်ငံမိုးလေဝသနှင့်ဇလဗေဒဌာနက ဗုဒ္ဓဟူးနေ့ နေ့လယ်ပိုင်းမှစ၍ သတိပေးချက် ထုတ်ပြန်ခဲ့သည်။
ယင်းအပြင်မုန်တိုင်းဝင်ရောက်ချိန်တွင်ပင်လယ်ရေမှာခြောက်ပေမှရှစ်ပေအထိမြင့်တက်နိုင်သဖြင့် ဘေးကင်း ရာသို့ ရှောင်ရှားကြရန်လည်း နိုင်ငံပိုင် ရေဒီယိုနှင့် ရုပ်မြင်သံကြားမှတဆင့် ကြေညာခဲ့သည်။
“ရေတက်မယ်လို့ကြေငြာထားတော့ပစ္စည်းတွေအပေါ်တင်ထားတယ်။အိမ်ထဲတော့ရေမဝင်ဘူး၊ လမ်းမပေါ်လောက်ပဲတက်လာတယ်”ဟု စစ်တွေမြို့ခံကပြောသည်။ယနေ့ နံနက်တွင်လည်း လေတိုက်နှုန်း ငြိမ်သွားပြီဖြစ်သော်လည်း ပင်လယ်သို့ သင်္ဘောများ မထွက်ကြဟုလည်း သိရသည်။
မုန်တိုင်းဖြတ်သန်းမည်ဟုကြေညာခဲ့သည့်မောင်တောမြို့တွင်မူဆိုးဆိုးဝါးဝါး ထိခိုက်မှုမရှိခဲ့သော်လည်းခရိုင် အုပ်ချုပ်ရေးမှူးရုံးမှာမူ သစ်ပင်ကျိုးကျမှုကြောင့် အနည်းငယ်ပျက်စီးသွားသည်ဟု သိရသည်။
“ရွာဘက်တွေမှာတော့ဘယ်လောက်ထိသလဲကျနော်တို့မသိရသေးဘူး။မောင်တောမြို့ပေါ်မှာတော့ခယက ရုံးလောက်ပဲသစ်ပင်ပိလို့နည်းနည်းထိသွားတယ်။ကျန်တာဘာမှမဖြစ်ဘူးနည်းနည်းပါးပါးပဲ။အခုက လေတိုက်တာရပ်သွားပြီ” ဟုမောင်တောမြို့ပေါ်ရှိ ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။
ယခုအခါမုန်ုတိုင်းမှာအားပျော့နေပြီဖြစ်ကာယနေ့နံနက်တွင်အိန္ဒိယ-မြန်မာနယ်စပ်ချင်းပြည်နယ်ဘက်သို့
ရွေ့လျားလျက်ရှိကာမုန်တိုင်းအရှိန်ကြောင့်ရခိုင်နှင့်ချင်းပြည်နယ်၊စစ်ကိုင်းနှင့်မကွေးတိုင်းတို့တွင်မိုးကြီးနိုင် မည်ဟု မိုး/ဇလမှ ယနေ့ နံနက်တွင် ကြေညာချက်ထုတ်ထားသည်။
“ကုန်းတွင်းရောက်သွားတော့မကွေးဘက်ထိမိုးရွာနိုင်တယ်။အဲဒီမှာလျှပ်တပြက်ရေကြီးတာတို့၊အန္တရာယ်ရှိနိုင် တာပေါ့”ဟုမိုး/ဇလညွှန်ကြားရေးမှူးချုပ်ဦးချစ်ကျော်ကဆိုသည်။ရေကြီးရေလျှံမှုကာကွယ်နိုင်ရန် အတွက်လည်းဒေသအာဏာပိုင်များသို့ အကြောင်းကြားထားည်ဟု သိရသည်။
မုန်တိုင်းမိုးကြောင့်စစ်တွေမြို့တွင်၇.၆၊မောင်တောတွင်၆.၆၉၊စစ်ကိုင်းတိုင်းမော်လိုက်မြို့တွင်၂.၂၈နှင့် ချင်းပြည်နယ် ဟားခါးတို့တွင် ၁.၅ဝ လက်မအထိ တရက်အတွင်း ရွာသွန်းမြဲထက် ပိုမိုရွာသွန်းခဲ့သည်။
မိုးရွာသွန်းမှုကြောင့်လာမယ့်၄၈နာရီအတွင်း ချင်းတွင်းမြစ်ရေမှာ မုံရွာမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပြီး စစ်တောင်းမြစ်ရေမှာမူ တောင်ငူမြို့တွင် စိုးရိမ်ရေမှတ်အထက် တပေ ကျော်လွန်နေပြီ ဖြစ်သည်။
မုန်တိုင်းမှာလက်ရှိတွင်တနာရီ၎ဝမှ၄၅ မိုင် ပြင်းအားရှိလေဖိအားနည်းရပ်ဝန်းအဖြစ်ဆက်လက် ရွေ့လျား လျက်ရှိသည်။





Geen opmerkingen: