မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 10 oktober 2011

NLDမှတ်ပုံတင်ရေးမဆုံးဖြတ်ရသေးဟုဒေါ်အောင်ဆန်းစုကြည်ပြောပြီ

ဧရာဝတီ Monday, 10 October 2011 16:03
.အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှတ်ပုံတင်ရေးနှင့်ကြားဖြတ်ရွေးကောက်ပွဲဝင်ရေးကိစ္စများနှင့်ပတ် သက်ပြီးတစုံတရာဆုံးဖြတ်ထားခြင်းမရှိသေးကြောင်းမြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
နော်ဝေးနိုင်ငံခြားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးနှင့်ဒေါ်အောင်ဆန်းစုကြည်ကိုအောက်တိုဘာ၈ရက်နေ့က တက္ကသိုလ်ရိပ်သာလမ်းနေအိမ်တွင်တွေ့ဆုံစဉ်(ဓာတ်ပုံ-ဧရာဝတီ)
မြန်မာနိုင်ငံသို့အလည်အပတ်ရောက်ရှိနေသောနော်ဝေးနိုင်ငံခြားရေးဝန်ကြီးဌာနဒုတိယ၀န်ကြီးMr.Espen BarthEideနှင့်ဒေါ်အောင်ဆန်းစုကြည်တို့တက္ကသိုလ်ရိပ်သာလမ်းရှိနေအိမ်တွင်အောက်တိုဘာလ၈ ရက်နေ့ကတွေ့ဆုံအပြီးသတင်းထောက်များနှင့်တွေ့ဆုံစဉ်ဒေါ်အောင်ဆန်းစုကြည်ကထိုသို့ ပြောဆိုခြင်းဖြစ်သည်။
NLDပါတီသည်နိုင်ငံရေးပါတီအဖြစ်မှတ်ပုံတင်ရန်ဆုံးဖြတ်တော့မည်ဟုသတင်းများထွက်ပေါ်နေသည့် အတွက်တိကျရေရာစွာသိရှိလိုကြောင်းသတင်းထောက်တဦးကမေးမြန်းရာဒေါ်အောင်ဆန်းစုကြည်က “လွှတ်တော်ထဲမှာနိုင်ငံရေးပါတီများမှတ်ပုံတင်ရေးဥပဒေကိုပြင်ဆင်နေတယ်ဆိုတာတွေကြားနေလို့အဲဒီ အပေါ်မှာအခြေခံပြီးဆွေးနွေးကြတာပါ။ဥပဒေတောင်မှဘာမှအတည်မပြုရသေးတာဘယ်လို ဆုံးဖြတ်ရမလဲ” ဟု ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့်ဝန်ကြီးဦးအောင်ကြည်တို့မကြာသေးမီကတွေ့ဆုံစဉ်ကလည်း နိုင်ငံရေးအကျဉ်းသားများလွတ်ငြိမ်းချမ်းသာခွင့်ပေးရေးကိစ္စကိုပြောဆိုဆွေးနွေးခဲ့ပြီးနိုင်ငံရေး အကျဉ်းသားများလွတ်မြောက်လာမည့်အချိန်ကိုစောင့်ဆိုင်းလျက် ရှိကြောင်း၊ပါတီမှတ်ပုံတင်ရေးကိစ္စနှင့် ပတ်သက်ပြီး တစုံတရာဆုံးဖြတ်ခြင်း မရှိသေးကြောင်း ပြောခဲ့သည်ဟုသတင်းထောက်များအား တွေ့ဆုံစဉ် ၎င်းက ရှင်းပြသည်။
ဆက်လက်၍ ဒေါ်အောင်ဆန်းစုကြည်ကNLDအနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲဝင်၊မ၀င်ကိစ္စကိုလည်း မဆုံးဖြတ်ရသေးကြောင်း၊NLDသည် ပြောင်းလဲလာသော အခြေအနေများပေါ် မူတည်၍ ဆုံးဖြတ်သွားမည် ဖြစ်ကြောင်း ရှင်းပြသည်။
ဒေါ်အောင်ဆန်းစုကြည်ကမိမိအနေနှင့်နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးကိုအစဉ်တစိုက် တောင်းဆိုခဲ့ပြီးမျှော်လင့် စောင့်စားလျက်ရှိကြောင်း အလေးအနက် ပြောဆိုသွားသည်။
ဧရာဝတီမြစ်ဆုံ စီမံကိန်းရပ်ဆိုင်းလိုက်မှုကြောင့်တရုတ်-မြန်မာနှစ်နိုင်ငံအကြား မပြေလည်မှုများ ရှိခဲ့လျှင် ညှိနှိုင်း၍ရေရှည်အကျိုးကိုကြည့်ကာသဘောထားကြီးကြီးနှင့် ပြေလည်စေရန် ဆောင်ရွက်ကြစေလိုကြောင်း၊ နှစ်နိုင်ငံပြည်သူပြည်သားအချင်းချင်းလည်းတဦးအပေါ်တဦးကြည်ကြည်လင်လင်ဖြစ်စေချင်ကြောင်း၊ အိမ်နီးချင်း နိုင်ငံအချင်းချင်း နားလည်မှုရှိစွာဖြင့်သင့်တင့်မှုရှိလျှင်အကောင်းဆုံးဖြစ်ကြောင်း သူက ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်ကယခုအချိန်တွင်ခရီးထွက်ရန်မည့်အစီအစဉ်တစုံတရာမရှိသေးကြောင်းလည်း ပြောသည်။
နော်ဝေးနိုင်ငံဒုတိယနိုင်ငံခြားရေးဝန်ကြီးလာရောက်သည့်ခရီးစဉ်အတွင်းပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရ ဦးရွှေမန်းနှင့်တွေ့ဆုံစဉ်ဦးရွှေမန်းက နိုင်ငံရေးအကျဉ်းသားများအား မကြာမီ လွှတ်ပေးတော့မည်ဟု ပြောဆိုသွားသည်။

Geen opmerkingen: