မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 4 oktober 2011

မြစ်ကြီးနားနှင့်မိုးမောက်တွင်ပေါက်ကွဲမှု ဖြစ်ပွား

ဧရာဝတီ Tuesday, 04 October 2011 21:44
.ကချင်ပြည်နယ်မြစ်ကြီးနားမြို့ရှိအစိုးရ၀န်ထမ်းအိမ်ရာအနီးတွင်တနင်္ဂနွေနေ့ကမိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အမျိုးသားတဦး သေ ဆုံးသွားကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာတွင် ဖော်ပြထားသည်။
အခင်းဖြစ်ပွားခဲ့သောနေရာသို့နယ်မြေခံရဲတပ်ဖွဲ့ကသွားရောက်စစ်ဆေးချက်အရ ပြည်သူလူထုအား ထိခိုက်သေကျေစေခြင်း၊ထိတ်လန့်ကြောက်ရွံ့စေခြင်း၊မြို့၊ရွာ၊ရပ်ကွက်များမတည်ငြိမ်စေခြင်း စသည့် အကြံဖြင့် ဖောက်ခွဲရန် စီစဉ်ခြင်း ဖြစ်နိုင်ကြောင်းသိရသည်ဟု မြန်မာ့အလင်း သတင်းစာက ဆိုသည်။
မိုင်းဖောက်ခွဲရန်လာသူကိုယ်တိုင်တပ်ဆင်နေစဉ်ရုတ်တရက်ပေါက်ကွဲခြင်း ဖြစ်နိုင်ကြောင်း၊ ဖြစ်စဉ်နှင့် ပတ်သက်၍ အသေးစိတ် ဆက်လက် စုံစမ်းဖော်ထုတ်နေကြောင်းလည်း သတင်းစာတွင် ပါရှိသည်။
သေဆုံးသည်သူ အသက် ၃၀ ခန့် အရွယ် ရှိကြောင်း သိရသည်။
မိုင်းပေါက်ကွဲမှုနှင့်ပတ်သက်ပြီးမည်သည့် လက်နက်ကိုင်အဖွဲ့မှ ဖြစ်ကြောင်း မသိရသေးသော်လည်း ကချင် လွတ်လပ်ရေးအဖွဲ့(KIO)က၎င်းတို့၏လက်ချက်မဟုတ်ကြောင်းငြင်းဆိုထားသည်။သို့သော် အစိုးရအာဏာပိုင်များက သောင်းကျန်းသူ ဖြစ်နိုင်သည်ဟု ယူဆကြောင်းသတင်းစာ၌ ရေးသားထားသည်။
ယမန်နေ့ည ၈ နာရီခန့်ကလည်းမိုးကောင်းမြို့ရှိလွတ်လပ်ရေးကျောက်တိုင်အနီးတွင်ဗုံးပေါက်ကွဲမှု တခုဖြစ်ပွားခဲ့ ကြောင်း၊ ယင်းပေါက်ကွဲမှုတွင်ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။
ဇူလိုင်လ၁၁ရက်နေ့ကလည်းကချင်ပြည်နယ်မိုးညှင်းမြို့နယ်ကာမိုင်းဒေသတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားရာ လူ ၂၀ ခန့် ဒဏ်ရာရရှိခဲ့သည်။
ပြီးခဲ့သည့်လကတည်းက ဗုံးများဆက်တိုက်ပေါက်ကွဲခဲ့ရာ နေပြည်တော်၊ မန္တလေး၊ ပြင်ဦးလွင်၊ တောင်ငူ၊ မြစ်ကြီးနား စသည့်မြို့ကြီး များတွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်။

Geen opmerkingen: