မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

donderdag 20 oktober 2011

လူ့အခွင့်အရေးချိုးဖောက်မှုများအမြန်ဆုံးဖြေရှင်းရန်ကင်တားနားတောင်းဆို

ဧရာဝတီ on October 20, 2011 3:00 pm in သတင်း
မြန်မာနိုင်ငံတွင်လူ့အခွင့်အရေးချိုးဖောက်မှုများရှိနေသည်ကိုလက်ခံ၍ကိုင်တွယ်ဖြေရှင်းပေးပါရန် မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ်မစ္စတာသောမတ်စ်အိုဟေး ကင်တားနားကသမ္မတဦးသိန်းစိန်အစိုးရထံတောင်းဆိုလိုက်သည်။
မစ္စတာသောမတ်စ်အိုဟေးကင်တားနားမြန်မာပြည်လာစဉ်ကမင်္ဂလာဒုံအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ်(ဓာတ်ပုံ-ဧရာဝတီ)
မစ္စတာကင်တားနားကကုလသမဂ္ဂအထွေထွေညီလာခံသို့တင်သွင်းသောအစီရင်ခံစာတွင်မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများဖြေရင်းပေးရန်မြန်မာအစိုးရအားတောင်းဆိုစာကိုထည့်သွင်းရေးသားခဲ့ခြင်း ဖြစ်သည်။
၎င်း၏အစီအရင်ခံစာ၌မြန်မာနိုင်ငံတွင်တိုင်းရင်းသားလူနည်းစုများနှင့်ဗုဒ္ဓဘာသာမဟုတ်သော တခြားဘာသာဝင်များအားခွဲခြားဆက်ဆံခြင်း၊နှိမ့်ချဆက်ဆံခြင်းများရှိနေသေးကြောင်း၊လွတ်လပ်၍မျှတမှု မရှိသည့်တရားစီရေးစနစ်ကိုဆက်လက်လက်ကိုင်ထားနေဆဲဖြစ်ကြောင်း၊နိုင်ငံရေးအကျဉ်းသားများအား ဖမ်းဆီးထိန်းသိမ်းထားဆဲဖြစ်ကြောင်း၊အကျဉ်းသားများအားစစ်ကျောရာတွင်ညှဉ်းပမ်းနှိပ်စက်မှုများ ရှိနေသေးကြောင်းနှင့်အဓမ္မလုပ်အားပေးခိုင်စေခြင်းများ၊အကျဉ်းသားများကိုပေါ်တာအဖြစ်အသုံးချခြင်း သို့မဟုတ်လူသားဒိုင်းများအဖြစ်စစ်မြေပြင်များ၌အသုံးပြုနေခြင်းများရှိနေသေးကြောင်း၊အဆိုပါ အခြေအနေများကိုသမ္မတဦးသိန်းစိန်အစိုးရအနေဖြင့်ကိုင်တွယ်ဖြေရှင်းစေချင်ကြောင်းရေးသားထားသည်။
တချိန်တည်းတွင်မြန်မာအစိုးရသစ်သည်လူ့အခွင့်အရေးအခြေအနေများကိုပိုမိုတိုးတက်ကောင်းမွန်စေရန် ကြိုးပမ်းဆောင်ရွက်လျှက်ရှိပြီးဒီမိုကရေစီအသွင်ကူးပြောင်းရေးတွင်ပိုမို၍နက်နက်ရှိုင်းရှိုင်း လုပ်ဆောင်မည်ဟု မျှော်လင့်ကြောင်း လည်း မစ္စတာကင်တားနားက ပြောဆိုထားသည်။
မစ္စတာကင်တားနားသည်သြဂုတ်လအတွင်းကမြန်မာပြည်တွင်းသို့သွားရောက်လည်ပတ်ခဲ့ပြီး အစိုးရခေါင်းဆောင်များ၊မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အတိုက်အခံတချို့နှင့်တွေ့ဆုံခဲ့သည်။၎င်းမြန်မာပြည်သို့သွားရောက်စဉ်ကနိုင်ငံရေးအကျဉ်းသား၂၀၀၀ ကျော်ကိုလွှတ်ပေးရန်တောင်းဆိုခဲ့သည်။
မြန်မာအစိုးရ၏လွတ်ငြိမ်းချမ်းသာခွင့်အရမကြာခင်ကနိုင်ငံရေးအကျဉ်းသား၂၀၀ကျော်ပြန်လည် လွတ်မြောက်လာခြင်းကို၎င်းအနေဖြင့်ကြိုဆိုကြောင်း၊သို့ရာတွင်ကျန်ရှိနေသေးသော နိုင်ငံရေးအကျဉ်းသားများအားနိုဝင်ဘာတွင်ကျင်းပမည့်ကြားဖြတ်ရွေးကောက်ပွဲမတိုင်ခင် လွှတ်ပေးရန်မျှော်လင့်ကြောင်း အစီအရင်ခံစာတွင် ဖော်ပြထားသည်။
“ဒီလိုနိုင်ငံရေးအကျဉ်းသားအားလုံးကိုလွှတ်ပေးတာဟာဒီမိုကရေစီစနစ်ကိုဦးတည်သွားနေတဲ့မြန်မာအစိုး ရသစ်ရဲ့လတ်တလောဖြစ်စဉ်တွေအတွက်ပိုမိုအကျိုးရှိစေမယ်၊အမျိုးသားပြန်လည် ရင်ကြားစေ့ရေးအတွက်လည်းမရှိမဖြစ်လုပ်ရမယ့်ခြေလှမ်းတရပ်လည်းဖြစ်ပါတယ်”ဟုမစ္စတာ ကင်တားနားက ၎င်း၏ အစီအရင်ခံစာတွင် ထည့်သွင်း ပြောဆိုထားသည်။
မစ္စတာကင်တားနားကမြန်မာအစိုးရအနေဖြင့်နိုင်ငံရေးပါတီများ၏လှုပ်ရှားမှုများအပေါ် ကန့်သတ်ထားသည်များကိုရုတ်သိမ်းပေးရန်နှင့်ရွေးကောက်ပွဲဥပဒေကိုပြန်လည်ပြင်ဆင်ပေးရန် အပါအဝင် ရွေးကောက်ပွဲဝင်မည့်ကိုယ်စားလှယ်များ၏မှတ်ပုံတင်ကြေးမြင့်မားနေသည်ကို လျှော့ချပေးရန်အတွက်လည်း တောင်းဆိုထားသည်။
မြန်မာအမျိုးသားလူ့အခွင့်အရေးကော်မရှင်တရပ်ဖွဲ့စည်းခဲ့သည်ကိုမစ္စတာကင်တားနားက ကြိုဆိုသော်လည်းထိုကော်မရှင်အနေဖြင့်မည်သို့လုပ်ဆောင်မည်၊၎င်းကော်မရှင်၏အခန်းကဏ္ဍနှင့် လုပ်ပိုင်ခွင့်တို့ မည်မျှအထိ ရှိနိုင်မည် ဆိုသည့်အချက် ကိုမူ မေးခွန်းထုတ်ထားသည်။



Geen opmerkingen: