မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

donderdag 15 oktober 2009

မြန်မာအဆိုတော်များ မဲဆောက်တွင် သီဆိုဖျော်ဖြေမည်

  

ရဲရင့် / ၁၅ အောက်တိုဘာ ၂၀၀၉

မဲဆောက်မြို့တွင် ပြုလုပ်မည့် ထိုင်း-မြန်မာချစ်ကြည်ရေး တန်ဆောင်တိုင်နှင့် လွိုင်ကထုံမီးမျှောပွဲတွင် မြန်မာနိုင်ငံမှ နာမည်ရ ရုပ်ရှင်သရုပ်ဆောင်နှင့်အဆိုတော်များ လာရောက်သီဆို ဖျော်ဖြေမည်ဟု သိရသည်။
ပွဲစီစဉ်သူ ကိုထိုက်က “ဒီအဆိုတော်တွေဟာ ရန်ကုန်ကနေ တရားဝင် လာရောက်မှာဖြစ်တယ်။ ပွဲကျင်းပဖို့အတွက် ဒေသခံအာဏာပိုင်တွေနဲ့ ညှိနှိုင်းထားပြီးဖြစ်တယ်” ဟု ပြောသည်။
လာရောက်သီဆိုဖျော်ဖြေမည့်သူများမှာ ရုပ်ရှင်သရုပ်ဆောင် ချစ်သုဝေ၊ အဆိုတော်နောနော်နှင့် အယ်လ်ဆိုင်းဇီတို့ဖြစ်ပြီး နိုဝင်ဘာလ (၁) ရက် တန်ဆောင်မုန်းလပြည့်ညတွင် ဖျော်ဖြေတင်ဆက်မည်ဟု သိရသည်။
မယ်တော်ဆေးခန်းအနီးရှိ စင်မြင့်တွင် ည (၈) နာရီခွဲမှ (၁၁) နာရီခွဲအထိ သီဆိုဖျော်ဖြေမည်ဖြစ်ပြီး ၀င်ကြေးမှာ လက်မှတ်တစောင်လျှင် ဘတ် (၆၀)၊ ဘတ် (၈၀) နှင့် အထူးတန်းမှာ ဘတ် (၂၀၀) သတ်မှတ်ထားသည်။
အဆိုပါဂီတ ဖျော်ဖြေပွဲအပြင် ထိုင်း-မြန်မာချစ်ကြည်ရေးတံတားထိပ် ထိုင်းဘက်ခြမ်းတွင် ထိုင်း-မြန်မာချစ်ကြည်ရေး မယ်ရွေးပွဲ၊ လက်ဝှေ့ပွဲနှင့် အခြားပျော်ပွဲရွှင်ပွဲများလည်း ကျင်းပပြုလုပ်မည်ဟု သိရသည်။

Geen opmerkingen: