မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 7 oktober 2009

ရဲချုပ် ခင်ရီ သတင်း ဖိအားပေး ဖော်ပြခိုင်း

 

ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီကို ပြီးခဲ့သည့် သြဂုတ်လအတွင်းက ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ တခု တွင် တွေ့ရစဉ် (ဓာတ်ပုံ - AP)
Tuesday, 06 October 2009 19:07 သန်းထိုက်ဦး
.စစ်အစိုးရ သတင်းစာများတွင် ဖော်ပြခဲ့သော မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီ သတင်းနှင့် ပတ်သက်ပြီး ပြည်တွင်း အပတ်စဉ်ထုတ် သတင်းဂျာနယ်များတွင် စာပေစိစစ်ရေးက ဖိအားပေး ဖော်ပြခိုင်း ထားကြောင်း သိရှိရသည်။

လွန်ခဲ့သည့် အပတ် စက်တင်ဘာလ ၁ ရက်နေ့ထုတ် စစ်အစိုးရသတင်းစာများတွင် ရဲချုပ် ခင်ရီက ရန်ကုန်တိုင်း အတွင်းရှိ ရဲတပ်ဖွဲ့ စခန်းများကို ကြည့်ရူစစ်ဆေးနေသည့် သတင်း အချက်အလက်နှင့် ဓာတ်ပုံကိုပါ ဂျာနယ် များ တွင်ဖော်ပြရမည်ဟု ပြည်တွင်း သတင်းထောက်တဦးက ဧရာဝတီသို့ပြောသည်။
“သတင်းစာထဲမှာ ပါပြီးသား သတင်းကို ပုံနဲ့ စာနဲ့ မထည့်မနေရ ဂျာနယ်တိုင်း ဒီတပတ်ထွက် နောက်ဆုံးထွက်တဲ့ အထဲမှာ အကုန်လုံး ထည့်ပေးရတယ်”ဟု ၎င်းက ပြောဆိုသည်။
ယင်းကဲ့သို့ ပုံနှိပ်ဖော်ပြခိုင်းသော သတင်းမှာ စက်တင်ဘာလ ၂၉ ရက်နေ့တွင် ရန်ကုန်တိုင်း သန်လျင်မြို့နယ်ရှိ ခရိုင်ရဲတပ်ဖွဲ့များ၏ စိုက်ပျိုးရေးခြံ၌ စပါးစိုက်ပျိုးရေးနှင့် ၀က်၊ဘဲ၊ငါးမွေးမြူရေးလုပ်ငန်းများ၊ရဲတပ်ဖွဲ့များ ဆောက်လုပ်လျက်ရှိသော အဆောက်အအုံများကို ကြည့်ရှုစစ်ဆေးမှုဖြစ်ကြောင်း သိရသည်။
ယင်း သတင်းနှင့် ဓာတ်ပုံကို ဂျာနယ်တိုင်းကိုထည့်ရန်အတွက် ဖိအားပေးခြင်းသည် ရဲချုပ် ခင်ရီ အထိန်းသိမ်းခံ ရသည်ဟူသော သတင်းကြောင့်ဖြစ်နိုင်သည်ဟု ရန်ကုန် စာနယ်ဇင်း အသိုင်းအ၀ိုင်းက သုံးသပ်နေကြသည်။
ပြီးခဲ့သည့် စက်တင်ဘာလလယ်တွင် ရဲမှူးကြီး ၀င်းနိုင် လာဘ်စားမှုကြောင့် ရန်ကုန်တိုင်း အထူး စစ်ဆင်ရေး ကွပ် ကဲရေးအဖွဲ့(ကစထ) မှူး ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်ဆွေက စစ်ဆေးခဲ့ပြီး နေပြည်တော်သို့ လွှဲပြောင်းစဉ် ရဲမှူးကြီး ဝင်းနိုင် ထွက်ပြေးလွတ်မြောက်သွားခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။
ယင်းအမှုနှင့် ပတ်သက်၍ ရဲချုပ် ခင်ရီကိုလည်း ဖမ်းဆီး စစ်ဆေးနေသည် ဟူသော ကောလာဟလများလည်း ထွက်ပေါ်နေသည်။
ရဲမှူးကြီးဝင်းနိုင်နှင့်အဖွဲ့ ဖမ်းဆီးထိန်းသိမ်းခံရသည့် ဖြစ်ရပ်သည် ၎င်း၏ဇနီး ဒေါ်မွှေးမွှေး ပိုင်ဆိုင်သော ကာရာ အို ကေဆိုင်တဆိုင်ကို ရန်ကုန်တိုင်း ရဲအထူးသတင်းတပ်ဖွဲ့(SB)က ဝင်ရောက်စစ်ဆေးစဉ် ရဲမှူးကြီး ဝင်းနိုင်က မကျေ နပ်သဖြင့် အချင်းများကြပြီး ၎င်း၏ လာဘ်စားမှုများ ပေါ်ပေါက်ခဲ့ရာမှ စတင်သည်ဟုသိရသည်။
ရန်ကုန် အဝေးပြေးကားဂိတ်အတွင်းရှိ အနှိပ်ခန်းများ၊ ကာရာအိုကေဆိုင်များ အပါအဝင် ရန်ကုန် တမြို့လုံးရှိ အနှိပ်ခန်း၊ ကာရာအိုကေ၊ နိုက်ကလပ်များအားလုံးမှာ ရဲမှူးကြီးထံသို့ တလလျှင် ဆက်ကြေး သဘော ကျပ် ၆ သိန်း ဝန်းကျင်စီ ပေးရလေ့ရှိကြောင်း ထို ဆိုင်ပိုင်ရှင်များနှင့် နီးစပ်သူတို့ထံမှ သိရသည်။
ရဲမှူးကြီးဝင်းနိုင်အနေဖြင့် မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှုများနှင့် ပတ်သက်နိုင်သည်ဟု ရဲတပ်ဖွဲ့ အာဏာပိုင်များနှင့် နီးစပ်သူတဦးက ပြောသည်။ ရဲမှူးကြီး ဝင်းနိုင်သည် ရန်ကုန်တိုင်းရဲမှူးအဖြစ် တာဝန်မထမ်း ဆောင်မီက ရှမ်းပြည်နှင့် တရုတ်ပြည် နယ်စပ်တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသူတဦးဖြစ်ကြောင်း သိရသည်။

Geen opmerkingen: