မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

donderdag 29 juli 2010

“ မနက်ဖြန်အရေး ”

သွားရမယ့်လမ်းတွေကမဆုံးသေးဘူး -----
ခရီးလမ်းမှာမတွေဝေစေဖို့
အကြား၊အမြင်၊ဗဟုသုတအဟာရများစွာတောင်းတ
သေချာတာတခုက
လိုချင်တဲ့အဟာရတွေအားလုံးကို
တကြိမ်တခါတည်းနဲ့အကုန်မရနိုင်ဘူး --- ။
မိတ်ဆွေ့  ရောင်းရင်းနဲ့ -----
သူငယ်ချင်းတို့ရေ
မနက်ဖြန်တွေများစွာရှိနေသေးသမျှ
မစဉ်းစားပဲနဲ့မိုက်ပြစ်လို့မရ
ပွဲပြီးမီးသေလုပ်ပြစ်လို့မရ
အတိတ်ဆိုတာကအရိပ်လိုလိုက်နေလို့
ဥာဏ်သတိနဲ့ယှဉ်ကာနေမှတန်ရာကျ
အဲ့ဒါ့  လောကရဲ့သဘာဝ --- ။
လောကမှာဘယ်အရာမှမတည်မြဲလို့ -----
ဆိုးညစ်လွန်းတဲ့ ဆဒမ်းလည်းကြိုးစင်တက်ခဲ့ရတယ်
အဲ့ဒီလိုပဲ
ဘင်လာဒင်တယောက်လည်း
ကျီးလန့်ဆန်စားကာနေထိုင်နေရ
မိမိလုပ်ရပ်တွေရဲ့ အဖြေမှန်တွေပဲပါ့ --- ။
အတ္တကိုယ်စီနဲ့လောကီသားတွေ -----
မမျှတတဲ့ ကိုယ်ပိုင်အတ္တတွေကို
ပြန်မျိုချဖို့ဆိုတာကတော့ ခက်ခဲလွန်းလှ
မနက်ဖြန်အရေးတွေအတွက်
သမိုင်းလှလှရေးခဲ့မယ်ဆိုရင်တော့
စဉ်းစားဆင်ခြင်ဥာဏ်ရင့်သန်မှပဲ
သင့်တင့်ကာ တန်ရာကျမယ်ပါ့ --- ။

           ဇာနည်မောင်

Geen opmerkingen: