မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 27 november 2009

ရွေးကောက်ပွဲဝင်မည့် စစ်အစိုးရအဖွဲ့ဝင်များ၊ စစ်အရာရှိကြီးများ

  

သုတေသန

မဇ္ဈိမသတင်းဌာန
အင်္ဂါနေ့၊ နိုဝင်ဘာလ 03 ရက် 2009 ခုနှစ် 18 နာရီ 37 မိနစ်
၂၀၁၀ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည့် လက်ရှိ စစ်အစိုးရ အဖွဲ့ဝင်များစာရင်းကို မဇ္ဈိမက ရနိုင်သမျှ စုံစမ်းဖော်ထုတ်ကာ စုစည်းတင်ပြထားခြင်း ဖြစ်ပါသည်။ (လျှို့ဝှက်လွန်းပြီး အာဏာကို အလုံးစုံ ချုပ်ကိုင်ထားမှု သဘောသဘာဝကြောင့် ရွေးကောက်ပွဲဝင်ရန် သတ်မှတ်ထားသူ စာရင်းတွင်လည်း အပြောင်းအလဲ ရှိနိုင်ပါသေးသည်။) စာဖတ်သူများအနေဖြင့်လည်း စုံစမ်းရရှိသော ရွေးကောက်ပွဲဆိုင်ရာ သတင်းအချက်အလက်များကို editor@mizzima.com This e-mail address is being protected from spambots. You need JavaScript enabled to view it သို့ ပေးပို့ပါရန် မေတ္တာရပ်ခံပါသည်။
၁။ ဗိုလ်မှူးချုပ် အုန်းမြင့် (သတ္တုတွင်းဝန်ကြီးဌာန)
ပေါင်မြို့နယ်၊ မွန်ပြည်နယ်
၂။ ဗိုလ်မှူးချုပ် သန်းဌေး
မိတ္ထီလာ၊ သာစည်၊ မန္တလေးတိုင်း
၃။ ဗိုလ်ချုပ် သိန်းဆွေ
စစ်တွေမြို့၊ ရခိုင်ပြည်နယ်
၎။ ဒုတိယဗိုလ်မှူးကြီး ဥာဏ်ထွန်းအောင်
နွားထိုးကြီးမြို့နယ်၊ မန္တလေးတိုင်း
၅။ ဗိုလ်မှူးကြီး သိန်းညွန့်
မအူပင်မြို့နယ်၊ ဧရာဝတီတိုင်း
၆။ ဗိုလ်ချုပ် သိန်းဇော် (ဆက်သွယ်ရေးဝန်ကြီး)
မြစ်ကြီးနား၊ ကချင်ပြည်နယ်
၇။ ဗိုလ်မှူးချုပ် ကျော်ဆန်း (ပြန်ကြားရေးဝန်ကြီး)
ပုလဲမြို့နယ်၊ စစ်ကိုင်းတိုင်း
၈။ ဦးအောင်သောင်း (စက်မှု ၁ ဝန်ကြီး)
မန္တလေးမြို့၊ မန္တလေးတိုင်း
၉။ ဦးစိုးသာ (စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီး)
တွံတေးမြို့နယ်၊ ရန်ကုန်တိုင်း
၁ဝ။ ဗိုလ်ချုပ် တင်နိုင်သိန်း (ကုန်သွယ်ရေးဝန်ကြီး)
(မသိရသေးပါ။)
၁ဝ။ ဦးမောင်မောင်သိမ်း (ခရမ်းမြို့နယ် အသင်းနာယက) ဗိုလ်မှူးချုပ်
ခရမ်းမြို့နယ်၊ ရန်ကုန်တိုင်း
၁၁။ ဗိုလ်မှူးချုပ် အေးမြင့် (အားကစားဝန်ကြီး)
ဟားခါးမြို့နယ်၊ ချင်းပြည်နယ်
၁၂။ ဒေါက်တာ ချမ်းငြိမ်း (ပညာရေးဝန်ကြီး)
ကန့်ဘလူမြို့နယ်၊ စစ်ကိုင်းတိုင်း
၁၃။ ဗိုလ်ချုပ် အောင်မင်း (ရထားပို့ဆောင်ရေးဝန်ကြီး)
ကဝမြို့၊ ပဲခူးတိုင်း
၁၄။ ဗိုလ်မှူးကြီး ဇော်မင်း (လျှပ်စစ်စွမ်းအားဝန်ကြီးဌာန)
မကွေးမြို့၊ မကွေးတိုင်း
၁၅။ ဗိုလ်မှူးချုပ် သိန်းအောင် (သစ်တောဝန်ကြီး)
အင်္ဂပူမြို့နယ်၊ ဧရာဝတီတိုင်း
၁၆။ ဗိုလ်ချုပ် ဌေးဦး (စိုက်ပျိုးရေးဝန်ကြီးဌာန)
ပျော်ဘွယ်၊ရမည်းသင်း မန္တလေးတိုင်း
၁၇။ ဗိုလ်မှူးချုပ် အောင်သိန်းလင်း (ရန်ကုန်မြို့တော်ဝန်)
ရန်ကုန်
၁၈။ ဗိုလ်ချုပ် စိုးနိုင် (ခရီးသွားလာရေးဝန်ကြီးဌာန)
ဒေးဒရဲမြို့နယ်၊ ဧရာဝတီတိုင်း
၁၉။ဗိုလ်မှူးချုပ် လွန်းသီ (စွမ်းအင်ဝန်ကြီးဌာန)
ကွမ်းခြံကုန်း ရန်ကုန်တိုင်း

Geen opmerkingen: