မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

zaterdag 9 april 2011

ကနေဒါနိုင်ငံသား ပြန်လွတ်ပြီ

ဧရာဝတီ Saturday, 09 April 2011 20:15
တရားမ၀င် နယ်စပ် ဖြတ်ကျော်မှုဖြင့် ကရင်ပြည်နယ် မြ၀တီမြို့တွင် ဖမ်းဆီးထားသည့် ကနေဒါနိုင်ငံသားကို မြန်မာအာဏာပိုင်များကယနေ့မွန်းလွဲပိုင်းတွင်ထိုင်းနိုင်ငံမဲဆောက်အာဏာပိုင်များထံသို့ လွှဲပြောင်းပေးလိုက်သည်။
ယနေ့မွန်လွဲပိုင်းကမဲဆောက်ရှိအမှတ်၎ဒေသဆိုင်ရာကွပ်ကဲရေးတပ်တွင်တွေ့ရသည့်မစ္စတာရွန် ဇက်ရက်စကီ(ဓာတ်ပုံ-ဧရာဝတီ)
ထိုင်းအာဏာပိုင်များ၏ ညှိနှိုင်းပေးမှုအရ မြန်မာအာဏာပိုင်များက ယနေ့မွန်းလွဲ တရာနာရီခန့်တွင် ထိုင်း-မြန်မာနယ်စပ်မြ၀တီမြို့နယ်အတွင်းသို့တရားမ၀င်ဝင်ရောက်ခဲ့သည့်ကနေဒါနိုင်ငံသားမစ္စတာရွန် ဇက်ရက်စကီ(RonZakreski)ကိုမြ၀တီမှတဆင့်ထိုင်းနိုင်ငံမဲဆောက်ဘက်သို့ ပြန်လည်ပို့ဆောင်လိုက်ခြင်းဖြစ်သည်။
မြ၀တီမြို့နယ် နယ်ခြားကော်မတီ၏ ထိုင်းဘက် ဆိုင်ရာ ဥက္ကဌက မြန်မာအာဏာပိုင်များနှင့် ဆက်သွယ်၍ ညှိနှိုင်းဆွေး နွေးခဲ့ခြင်းကြောင့် မစ္စတာ ရွန် ဇက်ရက်စကီသည် တစုံတရာ အရေးယူ အပြစ်ပေးခံရခြင်းမရှိ ပြန်လည်လွှတ်မြောက် လာခြင်းဖြစ်သည်။
ထိုင်းနိုင်ငံဘက်သို့ ကောင်းမွန်စွာ ပြန်လည်ရောက်ရှိလာသည့် မစ္စတာ ရွန် ဇက်ရက်စကီကို ထိုင်း အာဏာပိုင်များက မဲဆောက်အခြေစိုက် အမှတ် (၄)ဒေသဆိုင်ရာ ကွပ်ကဲရေးတပ်သို့ ခေါ်ဆောင်ပြီး စစ်ဆေးမှုများပြုလုပ်ခဲ့သည်ဟု လည်း သိရသည်။
မစ္စတာရွန်ဇက်ရက်စကီက“အဖမ်းအဆီးခံရတဲ့ကာလအတွင်းမှာမြန်မာအာဏာပိုင်တွေကကျနော့်ကို ကောင်းကောင်းမွန်မွန်ပဲထားပါတယ်။ညှဉ်းပန်းနှိပ်စက်တာတွေလည်းမရှိပါဘူး”ဟုဒေသခံ သတင်းထောက်များကို ပြော သည်။
လူဝင်မှုကြီးကြပ်ရေး(လ၀က)တရားမ၀င်နယ်စပ်ဖြတ်ကျော်မှု ဥပဒေဖြင့် တရားစွဲဆိုခြင်းခံနေရသည့် မစ္စတာ ရွန် ဇက်ရက်စကီ ၏ အမှုကို မြန်မာအာဏာပိုင်များက သင်္ကြန်ကာလအပြီးမှသာ ဆက်လက်စစ် ဆေးရန်ရှိသော်လည်းထိုင်းနိုင်ငံဘက်မှဝင်ရောက်ညှိနှိုင်းပေးမှုကြောင့်ပြန်လည် လွှတ်ပေးလိုက်ခြင်းဖြစ်သည်ဟု မြ၀တီမြို့မှ အစိုးရ ၀န်ထမ်း တဦးက ပြောသည်။
မစ္စတာ ရွန် ဇက်ရက်စကီ သည် မတ်လ ၂၃ရက်နေ့က ထိုင်း-မြန်မာ နယ်စပ် တာ့ခ်ခရိုင် ဖုတ်ဖရမြို့နယ်ရှိ ဝေါ်လေရွာ နယ်စပ်မှတဆင့် နယ်ခြားသောင်ရင်းမြစ်ကိုဖြတ်ကာ မြန်မာနိုင်ငံဝေါ်လေမြိုင် ရွာဘက်သို့ သွားရောက်ကာ ဓာတ်ပုံ လိုက်လံရိုက်ကူးနေစဉ် မြန်မာအာဏာပိုင်များက ဖမ်းဆီးပြီး မြ၀တီရှိ ရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ထားကာ လ၀က အမှုဖြင့် တရားစွဲဆိုခြင်းဖြစ်သည်။
မစ္စတာရွန် ဇက်ရက်စကီ ကိစ္စနှင့်ပတ်သက်၍ ထိုင်းအာဏာပိုင်များဘက် မှ တစုံတရာ အရေးယူမှုရှိမရှိကို မသိရ သေး ပေ။
ယမန်နှစ် နိုဝင်ဘာလအတွင်းကလည်း ရွေးကောက်ပွဲသတင်းယူရန် မြ၀တီမြို့သို့ တရားမ၀င်သွားရောက်ခဲ့သည့် APF သတင်းဌာနမှ ဂျပန်လူမျိုး သတင်းထောက် မစ္စတာ တိုရု ယာမဂျိကို မြ၀တီရဲက ဖမ်းဆီးပြီး လ၀ကဥပဒေဖြင့် တရားစွဲကာ ပြည်နှင်ဒဏ်ဖြင့် ထိုင်းဘက်သို့ နယ်စပ်မှတဆင့် ပြန်ပို့ခဲ့ဖူးသည်။

Geen opmerkingen: