မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 26 april 2011

အမျိုးသား ထောက်လှမ်းရေးအဖွဲ့ကို ကာချုပ် ဦးစီးမည်

ဧရာဝတီ Tuesday, 26 April 2011 10:40
.တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်က အမျိုးသား ထောက်လှမ်းရေး အဖွဲ့ (NIB) ဖွဲ့စည်းရန်ဆောင်ရွက်လျက်ရှိကြောင်းနေပြည်တော်အခြေစိုက် စစ်ဘက်အသိုင်းအ၀န်းမှ သတင်းရရှိသည်။
                                  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် (ဓာတ်ပုံ-GettyImages)
ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူးတာဝန်ကို ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် ထံသို့ လွှဲပြောင်းမပေးခင်ကပင်အမျိုးသားထောက်လှမ်းရေးအဖွဲ့ဖွဲ့စည်းရန်တရားဝင်ညွှန်ကြားခဲ့ခြင်း ဖြစ်ပြီး ယခုအခါ အဆိုပါ ညွှန်ကြားချက်အတိုင်းဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်က အကောင်အထည်ဖော်လျက် ရှိကြောင်း သိရှိရသည်။
အမျိုးသားထောက်လှမ်းရေးအဖွဲ့ဖွဲ့စည်းရန်သမ္မတဦးသိန်းစိန်ဦးဆောင်သောအမျိုးသား လုံခြုံရေးကောင်စီက တရားဝင်ခွင့်ပြုထားကြောင်း၊အဓိကအားဖြင့်ကာကွယ်ရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာ လုံခြုံရေးဝန်ကြီးဌာန၊ပြည်ထဲရေးဝန်ကြီးဌာနစသည့်ဌာန၃ခုကိုပူးပေါင်းဖွဲ့စည်းမည်ဖြစ်ကြောင်း၊ လိုအပ်ချက် အရ တခြားသော အရပ်ဘက်ဆိုင်ရာ ၀န်ကြီးဌာန များသည်လည်း အမျိုးသားထောက်လှမ်းရေး အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်ကြောင်း နေပြည်တော် စစ်ဘက်ဆိုင်ရာ အရာရှိတဦးက ပြောသည်။
“အဲဒီအဖွဲ့ကအမျိုးသားလုံခြုံရေးကောင်စီရဲ့အုပ်ချုပ်မှုအောက်မှာထားမယ်လို့သိရပါတယ်”ဟု နေပြည်တော် စစ်ဘက်အသိုင်းအ၀န်းနှင့် နီးစပ်သူတဦးက ပြောသည်။
အမျိုးသား ထောက်လှမ်းရေးအဖွဲ့သည် ပြည်တွင်းနိုင်ငံရေးပါတီများနှင့် တိုင်းရင်းသား နိုင်ငံရေးပါတီများ၏ နိုင်ငံရေး လှုပ်ရှားမှုများ၊ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များနှင့် ငြိမ်းချမ်းရေး ရယူထားသော တိုင်းရင်းသားအဖွဲ့အစည်းများ၏ လှုပ်ရှားမှုများ၊ ပြည်တွင်းအကြမ်းဖက် ဖောက်ခွဲမှုလုပ်ရပ်များ၊ တပ်မတော်တွင်း သွေးခွဲမည့်လုပ်ရပ်များ အပါအ၀င် နိုင်ငံတော် လုံခြုံရေးနှင့် တည်ငြိမ်ရေးကို ပျက်ပြားစေနိုင်သော အရေးကိစ္စအားလုံးကို စုံစမ်းထောက်လှမ်း အရေးယူ သွားမည်ဟု သိရသည်။
ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်သည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံသို့ စစ်ဘက်နှင့် လုံခြုံရေးဆိုင်ရာ လျှို့ဝှက် အစီရင်ခံစာ ပေးပို့ခြင်း၊ လူကိုယ်တိုင် သွားရောက် သတင်းပို့ခြင်းများ လုပ်ဆောင်လျက် ရှိသည်ဟု နေပြည်တော် စစ်ဘက် အသိုင်းအ၀န်းက ဆိုသည်။
သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရသည် မတ်လ ၃၀ ရက်နေ့မှ စတင်ပြီး နိုင်ငံတော် အာဏာကို တရားဝင် ရယူခဲ့သည်။

Geen opmerkingen: