မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 24 februari 2010

မြန်မာဓာတ်ငွေ့အတွက် တောင်ကိုရီးယားကုမ္ပဏီတို့ ပူးပေါင်း

NEJ/ ၂၄ ဖေဖော်ဝါရီ ၂ဝ၁ဝ
မြန်မာနိုင်ငံ ကမ်းလွန်ပင်လယ်ပြင်တွင် သဘာဝဓာတ်ငွေ့ထုတ်လုပ်မှု ပူးပေါင်းလုပ်ဆောင်ရန်အတွက် တောင်ကိုရီးယားနိုင်ငံ ဟွန်ဒေး ကော်ပိုရေးရှင်းနှင့် ဒေ၀ူးကုမ္ပဏီတို့သည် ဒေါ်လာသန်းပေါင်း (၁,၄၀၀) တန်ဖိုးရှိ သဘောတူစာချုပ်ကို ဖေဖော်ဝါရီ (၂၃) ရက်တွင် လက်မှတ်ရေးထိုးလိုက်ကြကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြသည်။
ဟွန်ဒေး အကြီးစားစက်မှုလုပ်ငန်း ကော်ပိုရေးရှင်းနှင့် ဒေ၀ူး နိုင်ငံတကာ ကုန်သွယ်ရေး ကော်ပိုရေးရှင်းတို့ ပူးတွဲကာ မြန်မာနိုင်ငံ အနောက်မြောက်ဘက်ရှိ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းအတွက် ကမ်းလွန်နှင့် ကုန်းတွင်းပိုင်းတို့မှာပါ ဓာတ်ငွေ့တူးဖော်ရေး လုပ်ငန်းများကို ၂၀၁၃ ခုနှစ် မတ်လမတိုင်ခင် အကောင်အထည်ဖော်သွားမည်ဟု သိရသည်။
၂၀၁၃ ခုနှစ် မေလမှစတင်ကာ မြန်မာနိုင်ငံမှ သဘာဝဓာတ်ငွေ့များကို ပိုက်လိုင်းများမှတဆင့် တရုတ်နိုင်ငံသို့ တင်ပို့ရန်အတွက်လည်း ဒေ၀ူးကုမ္ပဏီကြီးက သဘောတူညီထားပြီးဖြစ်သည်။
ယခုစီမံကိန်းမှ လာမည့် (၂၅) နှစ်နှင့် နှစ် (၃၀) အတွင်း တနေ့လျှင် ဓာတ်ငွေ့ကုဗမီတာ (၁၅) သန်း ထုတ်လုပ်သွားမည်ဟု သိရသည်။

Geen opmerkingen: