မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 24 februari 2010

သတ္တမ အကြိမ်မြောက် မြန်မာ့မီဒီယာ ညီလာခံကျင်းပ

စိုးမိုး/ ၂၄ ဖေဖော်ဝါရီ ၂ဝ၁ဝ
မြန်မာသတင်းစာဆရာများ အပါအ၀င် စာပေနယ်ပယ်၊ လူထုဆက်သွယ်ရေးနယ်ပယ်မှ ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းထားသည့် မြန်မာ သတင်းသမဂ္ဂက ကြီးမှူးပြီး သတ္တမအကြိမ်မြောက် မြန်မာ့မီဒီယာညီလာခံကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ယနေ့ စတင် ကျင်းပသည်။
မြန်မာစစ်အစိုးရက ယခုနှစ် ကျင်းပမည်ဆိုသည့် ရွေးကောက်ပွဲအား လေ့လာစောင့်ကြည့်ရေး၊ အွန်လိုင်း လုံခြုံရေးတို့ အပါအ၀င် မြန်မာသတင်းကဏ္ဍ အခြေအနေများနှင့် ပတ်သက်ပြီး အတွေ့အကြုံရှိ သတင်းစာဆရာများနှင့် ပြည်ပအခြေစိုက် သတင်းအဖွဲ့အစည်းတို့က ဦးဆောင်ဆွေးနွေးကြသည်။
မြန်မာ့အရေးလေ့လာသူ သတင်းစာဆရာ လယ်ရီဂျေဂင်က “နိုင်ငံရေးသမားတွေအနေနဲ့ ဖွဲ့စည်းပုံကို ပိုပြီး စိတ်ဝင်စားလိမ့်မယ်။ ဒါပေမယ့် သတင်းသမားတွေအနေနဲ့ ရွေးကောက်ပွဲဟာ ဘယ်လောက်ထိ တရားမျှတမှု ရှိမယ်၊ ကျနော်တို့က ရွေးကောက်ပွဲ အကြောင်းကို တင်ပြဖို့၊ အစီရင်ခံဖို့၊ ရွေးကောက်ပွဲမှာ တရားမျှတမှု ရှိမရှိ ဆိုတာတွေကို ပိုပြီး လုပ်ဆောင်ရမယ်” ဟု ညီလာခံတွင် ဆွေးနွေးပြောကြားသွားသည်။
စစ်အစိုးရပြုလုပ်မည့် ယခုနှစ် ရွေးကောက်ပွဲနှင့်ပတ်သက်၍ သတင်းမီဒီယာများအနေဖြင့် မည်သည့်အခန်းကဏ္ဍမှ ပါဝင်သင့်သည်ကို နိုင်ငံတကာ သတင်းသမားများနှင့် မြန်မာသတင်းသမားတို့က အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
ထို့အပြင် စက်တင်ဘာ သံဃာ့လှုပ်ရှားမှုတွင် စစ်အစိုးရ၏ သတ်ဖြတ်ခြင်းခံလိုက်ရသူ ဂျပန် APF သတင်းထောက် ကင်ဂျိနာဂါအိ အမှတ်တရဆုကို နှစ်ရှည် ထောင်ဒဏ်ကျခံနေရသည့် ဒီဗွီဘီ သတင်းထောက် မလှလှဝင်းနှင့် ကိုဝင်းမော်တို့အား ယခုနှစ် ညီလာခံတွင် ပေးအပ်ချီးမြှင့်သည်။
မြန်မာသတင်းသမဂ္ဂ ညီလာခံကို နိုင်ငံတကာ သတင်းအဖွဲ့အစည်းများ၊ သတင်းဌာန အကြီးအကဲများအပါအ၀င် ၀ါရင့် သတင်းစာဆရာကြီးများ၊ သတင်းအချက်အလက် ဆက်သွယ်မှုဆိုင်ရာ ပညာရှင်များနှင့် လူ့အခွင့်အရေးအဖွဲ့များ စုံညီစွာ တက်ရောက်ခဲ့ကြသည်။





Geen opmerkingen: