မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 27 juli 2009

ယုံကြည်ချက်သံတမန်ဆု ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်

Monday, 27 July 2009 19:56 ကိုထွေး
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၀၉ ခုနှစ်အတွက် ယုံကြည်ချက် သံတမန် (Ambassador of Conscience) ဆုကို ပေးအပ် ချီးမြှင့် လိုက်ကြောင်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) က ယနေ့တွင် ထုတ်ဖော် ကြေညာလိုက်သည်။

လူတဦးတယောက်၏ ထူးချွန်သည့် ခေါင်းဆောင် အရည်အသွေးနှင့် လူ့အခွင့်အရေးကို ကာကွယ် စောင့်ရှောက်ရာတွင် ကမ္ဘာပေါ်ရှိ လူအများ၏ စိတ်ဓာတ်ကို တက်ကြွစေသည့် စွမ်းဆောင်ချက်များကြောင့် အဆိုပါဆုကို ပေးအပ်ခြင်း ဖြစ်သည်။

ယင်းဆုကို အိုင်ယာလန်နိုင်ငံ Dublin ဒပ်ဘလင်မြို့တွင် AI အဖွဲ့က ပေးအပ် ချီးမြှင့်မည်ဖြစ်ပြီး ယခင်နှစ်က အိုင်ယာလန် နိုင်ငံ U2 တေးဂီတ အဖွဲ့ ကို ၎င်းဆု ပေးအပ်ချီးမြှင့်ခဲ့သည်။

AI ၏ အထွေထွေ အတွင်းရေးမှုး Irene Khanက “ဲ ရှည်လျားခက်ခဲတဲ့ လူ့အခွင့်အရေး တိုက်ပွဲတွေမှာ မြန်မာနိုင်ငံက လူအများအတွက်သာမက ကမ္ဘာတ၀န်းလုံးက လူတွေအတွက် ဒေါ်အောင်ဆန်း စုကြည် ဟာ မျှော်လင့်ချက်နဲ့သတ္တိရဲ့ အမှတ်အသားတခုပါ” ဟုပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ မိတ်ဆွေတဦး ဖြစ်သူ နိုဗဲယ်ဆုရှင် Vaclav Havel ကလည်း ယင်း ဆုပေးပွဲကို တက်ရောက် ဂုဏ်ပြု ချီးမြှင့် မည်ဖြစ်သည်။

ယင်းဆုကို ချီးမြှင့်ခဲ့သည်မှာ ယခုနှစ်ဆိုလျှင် ၆နှစ်မြောက်ရှိပြီဖြစ်ပြီး၊ ယခင်က တောင်အာဖရိက သမ္မတဟောင်း နယ်လ်ဆင် မင်ဒရဲလား၊ ချက်သမ္မနိုင်ငံ သမ္မတဟောင်း Vaclav Havel နှင့် U2 တေးဂီတ အဖွဲ့တို့က ဆွတ်ခူး ရရှိခဲ့သည်။

ယခုလသည် ဒေါ်အောင်ဆန်းစုကြည်ကို စတင် ဖမ်းဆီးထိန်းသိမ်းထားခဲ့သည့်အနှစ် ၂၀ပြည့်မြောက်သည့် အချိန် ဖြစ်သည့် အပြင် AI အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အား conscience of prisoner အဖြစ် ကြေငြာသည့် နှစ် ၂၀ပြည့် မြောက်သည့် လ လည်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၉ခု ဇူလိုင်လက ပထမအကြိမ် အထိန်းသိမ်းခံရသည်။

၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် ထပ်မံ အထိန်းသိမ်းခံနေရသည့် ၆ နှစ်ပြည့်ခါနီး အချိန်တွင် ၎င်း၏အိမ်သို့ တိတ်တဆိတ် ဝင်ရောက်ခဲ့သော အမေရိကန်နိုင်ငံသား ဂျွန် ၀ီလျံ ယက်ထော အမှုနှင့် ပတ် သက် ပြီး အာဏာပိုင်များ၏ တရားစွဲဆို ခြင်းခံနေရသည်။

၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၃ နှစ်ကျော်ပြီ ဖြစ်သည်။

Geen opmerkingen: