မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 6 juli 2009

“ တချို့တွေနေနိုင်လွန်းတယ် ”




ပျော်ရွှင်ခဲ့သောအတိတ်ကိုပြန်တွေ့း့ 
အပြစ်မသိသေးတဲ့ ခလေးဘ၀အရွယ်လောက်ကိုပေါ့
ဒီလိုနေ့မျိုး နေ့ရှည်မဆက်ရေး
ဒဏ်ရာတွေနဲ့ဘ၀မှာမပြည့်ရေးအတွက်မှာတော့
အများသဘောနဲ့ဝိုင်းလုပ်ရတဲ့အလုပ်မျိုးတွေမှာ
ကိုယ့်မျက်တောင်မွှေးတဆုံးလောက်သာမြင်ကြတဲ့
ပြီးတော့  ဘယ်သူသေသေ ငတေမာပြီးရောဆိုတဲ့
ခလုတ်ထိမှာ အမိကိုတတတ်ကြတဲ့
တချို့တွေနေနိုင်လွန်းတယ့့်  ။
ရေရှည်ဘ၀ရေးအတွက်လည်းပဲ့ 
တချို့တွေက သိပ်မတွေး
အမြှီးကျက်ရင် အမြှီးစား
ခေါင်းကျက်ရင် ခေါင်းစားနဲ့
ညတာရှည်တဲ့ဆောင်းညမှာ ၀ံပုလွေတသိုက်ကြီးစိုးခိုက်
ဝိုင်းဝန်းတိုက်ခိုက်ရမယ့် အချက်ကိုထည့်မတွက်ပဲ
တချို့တွေနေနိုင်လွန်းတယ့့်  ။
လူတိုင်းသတ္တ၀ါတိုင်းပဲပေါ့ 
မျှတလွတ်လပ်မှုတွေကို လိုလားကြတယ်
တချို့တွေကတော့ မျှတတဲ့လွတ်လပ်မှုတွေအတွက်
အခက်အခဲတချို့ကိုဝါးမျိုပြီး
လွတ်လပ်မှုပန်းတိုင်ဆီရောက်အောင်သွားရမယ့်လမ်းတွေကိုသိကြတယ်
တချို့တွေကတော့ လွတ်လပ်မှုတွေကိုလိုချင်ပေမယ့်
အခက်အခဲလေးတချို့လောက်ကိုတောင်မှ
ဝါးမျိုကျော်ဖြတ်ခြင်းမလုပ်ချင်ကြပဲ
ရေလိုက်ငါးလိုက်ပုံစံမျိုးတွေနဲ့
ရေစုန်မှာလှေကြုံစီးလိုက်ဖို့ပဲ စဉ်းစားနေကြတယ်
အောင်ပွဲဆိုတာတိုက်ရဲ့သူတွေအတွက်ပဲဖြစ်တယ်ဆိုတာကို မသိကြတဲ့
တချို့တွေနေနိုင်လွန်းတယ့့်  ။
မပြောမဖြစ်လို့ပြောရအုံးမယ့့် 
ကျုပ်တို့တတွေမျှတတဲ့လွတ်လပ်မှုတွေလိုချင်တယ်ဆိုရင်တော့
ဆရာအောင်ဝေး ရေးခဲ့သလိုပဲ
ပျားအုံခံစားမှုမျိုးနဲ့ပဲ တိုက်ရမယ်ပ
ဒါပေမယ့် အဲ့ဒီအသွင်မျိုးဖြစ်အောင်
ကျုပ်တို့မြန်မာနိုင်ငံသားတွေ အတွေးအခေါ်တွေရှိလာအောင်
လ္ဘက်ထုပ်တတ်ကြတဲ့သူတိုင်း ၀ိုင်းထုပ်ကြကာ
စည်းလုံးညီညွတ်မှုတွေရအောင်
ဝိုင်းဝန်းပေါင်းစည်းလှုံဆော်ပေးကြ
ဘယ်နေရာမှာမှ သုံးမရတဲ့စုန်းပြူးတွေကိုတော့
ဥပေက္ခာပြုထားလိုက်ကြပေါ့
နှစ်ရှည်လများဒုက္ခတွေခံစားခဲ့ကြရပေမယ့်
တချို့တွေနေနိုင်လွန်းတယ့့်  ။
ကျွန်ုပ်တို့တွေဟာ လောကီသားတွေပေမို့ 
အားလုံ့း့  အားလုံးကပဲ ကိုယ့်ထက်သာတဲ့သူကိုအားကျကြရှာတယ်
ဒါပေမယ့်လည့်း့  သူငယ်ချင်းရေ
ကိုယ်လိုချင်တာတွေအတွက်တော့ ဥာဏ်သတိနဲ့ယှဉ်လေ
နေ့တဓူဝအလုပ်တွေအတွက်သာ
အကျင့်ပါနေတော့ ရေလိုက်ငါးလိုက်နဲ့လုပ်လို့ရပေမယ့်
တချို့  တချို့သောခက်ခဲတဲ့အရာတွေအတွက်ကိုတော့
ရေလိုက်ငါးလိုက်မက ကြိုးစားရမှာကိုသိနေလို့
ကြိုးစားလုပ်ကိုင်နေကြတာတွေကိုသိနေပါလျှက်နဲ့
တချို့တွေနေနိုင်လွန်းတယ့့်  ။
နိုင်ငံတနိုင်ငံရဲ့အရေးဟာ့ 
နိုင်ငံသားအားလုံးရဲ့အရေးဖြစ်တယ်ဆိုတာကိုသိရှိခံယူခဲ့လို့
ကျုပ်ဟာလည့်း့  ဒီမိုအရေးတိုက်ပွဲဝင်ရင်းနဲ့
ပြည်ပြေးတယောက်ဖြစ်နေရပေါ့
ဘ၀ရဲ့အတွေအကြုံတွေကရရှိထားခဲ့တဲ့ အမှန်တရားတွေအတွက်တော့
ယုံကြည်ရာလမ်းသစ်တခုဆီရောက်ဖို့
အိမ်လွမ်းစိတ်တွေကိုအသိတရားနဲ့ဖျောက်ကာ
ခရီးကြမ်းတွေကိုဆက်နှင်နေဆဲပဲ
ဘ၀တခုမှာရည်မှန်းချက်အတိုင်းပြည့်စုံတဲ့ဘ၀တခုကိုတည်ဆောက်ဖို့
အခက်အခဲတွေကိုဝါးမျိုနေချိန်မှာတော့
ပြောမှသိ၊ထိမှနာတတ်ကြတဲ့
စုန်းပြူးလိုဖြစ်နေကြတဲ့
တချို့တွေနေနိုင်လွန်းတယ့့်  ။
ဇာနည်မောင် ( ၆ . ၇ . ၂၀၀၉ )
မှတ်ချက် ( ၆ . ၁၀ . ၂၀၀၃ ရက်နေ့မှာ ဘ၀တပါးသို့ပြောင်းသွားသည့် ၁၃၀၀ ပြည့်ဖွား အမေဆုံးသွားသည့် ၅ နှစ်နဲ့ ၉ လပြည့် အမှတ်တရအမေပြောခဲ့ဖူးသည့် စကားတချို့ကို ထည့်ပြီးရေးထားပါသည်။ အမေကောင်းရာ သုဂတိလားပါစေ )

Geen opmerkingen: