မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 21 februari 2011

ဦးလွန်းမောင်ကို စာရင်းစစ်ချုပ်အဖြစ် သမ္မတ တင်သွင်း

မျိုးသန့် တနင်္လာနေ့၊ ဖေဖေါ်ဝါရီလ ၂၁ ရက် ၂၀၁၁ ခုနှစ် ၁၆ နာရီ ၀၄ မိနစ်
ချင်းမိုင် (မဇ္ဈိမ။ ။တပ်မတော်စာရင်းစစ်ချုပ် ဗိုလ်ချုပ်လွန်းမောင်ကို ပြည်ထောင်စု စာရင်းစစ်ချုပ်အဖြစ် သမ္မတဦးသိန်းစိန်ကပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ တနင်္လာနေ့တွင် အဆိုတင်သွင်းလိုက်သည်။
ကချင်ပြည်နယ်ဗန်းမော်မဲဆန္ဒနယ်၌ရွေးကောက်ခံခဲ့သည့်ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော်အမတ် ဗိုလ်ချုပ်လွန်းမောင်ကို ပြည်ထောင်စု စာရင်းစစ်ချုပ်အဖြစ် သမ္မတက အမည်စာရင်း တင်သွင်းခဲ့ခြင်း ဖြစ်သည်။
“ဒီနေ့ကတော့ပြည်ထောင်စုစာရင်းစစ်ချုပ်ဆိုပြီးတော့ထပ်တင်တယ်။တပ်မတော်စာရင်းစစ်ချုပ် ဗိုလ်ချုပ်လွန်းမောင်ကို ပြည်ထောင်စု စာရင်းစစ်ချုပ်အဖြစ် သမ္မတ က ပြည်ထောင်စုလွှတ်တော်တွင် အဆိုတင်သွင်းအဲဒါကိုတော့ သမ္မတကြီးက ဗိုလ်ချုပ်လွန်းမောင်ကို အဆိုတင်သွင်းတယ်” ဟု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အမျိုးသားလွှတ်တော်အမတ် ဦးခင်ရွှေက မဇ္ဈိမကို ပြောသည်။ ဗိုလ်ချုပ်လွန်းမောင်သည် တပ်မတော် စစ်တက္ကသိုလ်အမှတ်စဉ် ၁၂ ဆင်းဖြစ်ပြီး၊ ဒုသမ္မတ ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးနှင့် အပတ်စဉ် တခုထဲဟု ဆိုသည်။
၆၂ နှစ်အရွယ် ဗိုလ်ချုပ်လွန်းမောင်သည် ကချင်ပြည်နယ် ဗန်းမော်ဇာတိဖြစ်ပြီး၊ ရှမ်းအမျိုးသားဖြစ်သည်ဟု ကျားဖြူ ခေါ် ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီSNDPမှ ပြည်သူ့လွှတ်တော်အမတ် ဦးစိုင်းဆောင်စီက ပြောသည်။
အစည်းအဝေးသို့ အမတ် ၆၅၄ ဦး တက်ရောက်ခဲ့ကာ၊ ပြီးခဲ့သည့် သောကြာနေ့တွင် သမ္မတက ပြည်ထောင်စု ရှေ့နေချုပ်အဖြစ် တင်သွင်းခဲ့သည့် ဒေါက်တာထွန်းရှင်ကို ကန့်ကွက်သူမရှိ အတည်ပြုခဲ့သည်။
ယခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့မှ စတင်ခဲ့သည့် လွှတ်တော်အစည်းအဝေးသည် ဦးသိန်းစိန် သမ္မတဖြစ်ပြီးနောက် တနေ့ကျင်းပချိန် ၁၅ မိနစ်ခန့်သာ ရှိနေသဖြင့် အမတ်များအကြား ဝေဖန်မှုများ ဖြစ်ပေါ်နေသည်။
သို့သော် ဦးစိုင်းဆောင်စီကမူ ဆွေးနွေးငြင်းခုန်ရမည့် ကိစ္စများ မပါဝင်သေးဘဲ အဆိုတင်ပြီး ချက်ချင်း ထောက်ခံမှုမျိုး မဖြစ်သင့်သောကြောင့် ကျင်းပချိန် ၁၅ မိနစ်ခန့်သာ ကြာမြင့်ရခြင်း ဖြစ်သည်ဟု ပြောဆိုသည်။
“လမ်းပြမြေပုံ အဆင့် ၇ ပြီးပြီ၊ အပြောင်းအလဲ လုပ်ပြီဆိုရင်တော့ လွှတ်တော် ပုံပေါ်လာမှာပါ။ အခုက တည်ဆောက်တာလေ။ ဝန်ကြီးရွေးတယ်၊ စာရင်းစစ်ချုပ်ရွေးတယ်၊ တရားသူကြီးချုပ်ရွေးတယ်ဆိုတာက ဒါက ငြင်းခုန်နေရတဲ့ အလုပ်လည်း မဟုတ်တော့ ဒီနေ့ ဦးလွန်းမောင် တင်တယ်။ အခုပဲ တင်တယ်၊ ညနေ ထောက်ခံတယ် ဆိုတာကတော့ ဘယ်လိုမှ မတင့်တယ်ဘူးလေ။ ပြည်ထောင်စုအဆင့်က ရာထူးကြီး တခုကို သမ္မတက တင်သွင်းတယ် နောက်နာရီပိုင်းအတွင်း ထောက်ခံတယ်ဆို ပိုပြီး ပြောစရာတွေ ဖြစ်တော့မှာပေါ့” ဟု သူက ဆိုသည်။
ကျင်းပဆဲ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကို လာမည့်လ ဒုတိယအပတ်တွင် ပြီးစီးနိုင်ပြီး၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့ကို သီးခြားစီ ကျင်းပသွားမည်ဟု ဦးခင်ရွှေက ပြောဆိုသည်။
“နောက်လလယ်လောက်တော့ ပြီးမယ်လို့ မှန်းတယ်။ ပြည်ထောင်စုလွှတ်တော်ပြီးရင် အန်ကယ်တို့ လကုန်၊ ပထမပတ်လောက်ဆို ကိုယ့်လွှတ်တော်အလိုက်ပေါ့၊ ပြည်သူ့လွှတ်တော် အမျိုးသားလွှတ်တော် ပြန်ခွဲပြီးတော့မှ အဲဒီမှာ စာတမ်းတွေ ဖတ်ကြမယ်နဲ့ တူတယ်” ဟု သူက ပြောသည်။





Geen opmerkingen: