မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

zaterdag 26 februari 2011

ဒန်ကလေကို တရားစွဲသူ အမျိုးသမီး အမှုရုပ်သိမ်းလို

မဇ္ဈိမသတင်းဌာန စနေနေ့၊ ဖေဖေါ်ဝါရီလ ၂၆ ရက် ၂၀၁၁ ခုနှစ် ၁၃ နာရီ ၀၁ မိနစ် .
ချင်းမိုင် (မဇ္ဈိမ)။ ။ မြန်မာတိုင်းမ်ဂျာနယ် ပူးတွဲပိုင်ဆိုင်သူ မစ္စတာ ရော့စ်ဒန်ကလေကို စွဲချက်တင်ထားသည့် အမှုများအနက် မြန်မာအမျိုးသမီးတဦးအပေါ် ထိခိုက်နာကျင်အောင် ပြုလုပ်ခဲ့သည့် အမှုမှာ ယခုထိ ရှင်းလင်းစွာ မသိရသေးဘဲ ကောလာဟလများသာ ပျံ့နှံ့လျက်ရှိသည်။
ကမာရွတ်တရားရုံးတွင်ပထမဆုံးနေ့တရားရုံးကြားနာမှုအပြီးနာမည်ဆိုးဖြင့်ကျော်ကြားလှသော အင်းစိန်ထောင်သို့ပြန်လည်ပို့ဆောင်ရန်ထောင်ကားပေါ်တက်ခါနီးတွင်မြင်တွေ့ရသော မြန်မာတိုင်းမ်ဂျာနယ်တည်ထောင်သူသြစတြေးလျနိုင်ငံသားရော့စ်ဒန်ကလေကိုကြာသပတေးနေ့ ဖေဖော်ဝါရီ ၂၄ ရက်၊၂ဝ၁၁ခုနှစ်တွင်တွေ့ရစဉ်။ဓာတ်ပုံ- မဇ္ဈိမ
အာဏာပိုင်များက မစ္စတာ ဒန်ကလေကို ယခုလ ၁ဝ ရက်နေ့တွင် ဖမ်းဆီးခဲ့ပြီး၊ လူဝင်မှု ကြီးကြပ်ရေး ဥပဒေ ချိုးဖောက်မှုအပြင် အမျိုးသမီးတဦး ထိခိုက်နာကျင်အောင် ပြုလုပ်မှုတို့ဖြင့် စွဲချက်တင်ခဲ့သည်။
ယခုတပတ် ကြာသပတေးနေ့တွင် မြန်မာတိုင်းမ် တည်ထောင်သူ ရော့စ်ဒန်ကလေကို ကမာရွတ်မြို့နယ် တရားရုံး၌ ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးခဲ့ပြီး ဖြစ်သည်။
ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်ပင်မှ PostMediaLtdကို ဒန်ကလေနှင့်အတူ ပူးတွဲပိုင်ဆိုင်သည့် ဥက္ကဋ္ဌ မစ္စတာ ဒေးဗစ် အမ်းစ်စထရောင်းက မဇ္ဈိမသို့ ပေးပို့ခဲ့သည့် ကြေညာချက်ထဲတွင် မစ္စတာ ဒန်ကလေ၏ ကိုယ်ထိလက်ရောက် စော်ကားခံခဲ့ရသည်ဟု စွဲချက်တင်ခဲ့သော အမျိုးသမီးက သူ၏ စွဲချက်တင်ထားသည့် အမှုအား ပြန်ရုပ်သိမ်းလိုကြောင်း တရားရုံးတော်သို့ လျှောက်ထားခဲ့သည်ဟု ဖော်ပြပါရှိသည်။
အမျိုးသမီးသည် ကြာသပတေးနေ့တွင် ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးမှု၌ သူ့အနေဖြင့် ရဲက သူ့ကို ကနဦးစုံစမ်း စစ်ဆေးစဉ်က မထွက်ဆိုခဲ့သည့် စွပ်စွဲချက်များကို ရုံးတော်တွင် ထွက်ဆိုခဲ့သည်ဟု ဆိုထားသည်ဟု ကြေညာချက်တွင် ဆိုထားသည်။ ထိုအချက်အလက်များကို မစ္စတာ အမ်းစ်စထရောင်းအနေဖြင့် မည်ကဲ့သို့ ရရှိကြောင်းကိုမူ မဇ္ဈိမ မသိရပေ။
သြစတြေးလျ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူတဦး အဆိုအရ မစ္စတာ ဒန်ကလေသည် ယခုလ ၁၀ ရက်နေ့ ညတွင် ဖမ်းဆီးခံခဲ့ရပြီး၊ လူဝင်မှုကြီးကြပ်ရေး အရေးပေါ် ပြဋ္ဌာန်းချက်ဖြင့် စွဲချက်တင်ခဲ့သည်ဟု ဆိုသည်။
ဒန်ကလေသည် ပြီးခဲ့သည့်လ ၂၀ ရက်နေ့တွင်လည်း ယာယီ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး အရေးခြင်း မရှိဘဲ ပြန်လွှတ်ပေးခဲ့သည်ဟု သိရသည်။
တရားရုံးက မစ္စတာ ဒန်ကလေကို အာမခံပေးရန် ငြင်းဆန်ခဲ့ပြီး၊ နောက်တကြိမ် ရုံးထုတ်စစ်ဆေးမည့် မတ်လ ၃ ရက်နေ့အထိ အင်းစိန်ထောင်တွင် ချုပ်နှောင်ထားမည်ဖြစ်သည်။





Geen opmerkingen: