မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

donderdag 17 februari 2011

၅ သိန်းတန် GSM ဖုန်း နေပြည်တော်တွင်သာ အင်တာနက်သုံးနိုင်

ဟိန်းဇော် THURSDAY, 17 FEBRUARY 2011 11:11
မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက ကျပ် ၅ သိန်းဖြင့် GSM ဖုန်းများ စတင် လျှောက်ထားခွင့် ပြုသော်လည်း နေပြည်တော်တွင် ချထားပေးသည့် ဖုန်းများသာ အင်တာနက် အသုံးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။
“၅သိန်းGSMဖုန်းတွေ လောလောဆယ် ရန်ကုန်၊ မန္တလေးမှာ အင်တာနက် မရသေးဘူး။ နေပြည်တော်မှာပဲ အသုံးပြုနိုင်မှာပါ” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတဦးက ပြောသည်။
            ကျပ်၅သိန်းတန်ဖုန်းဖြင့်အင်တာနက်အသုံးပြုနေသည်ကိုတွေ့ရစဉ်(ဓာတ်ပုံ-PopularNews)
ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှ စတင်၍ ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော် မြို့များရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတွင် စတင် လျှောက်ထားနိုင်ပြီဖြစ်ကြောင်း၊ ယင်း ၅ သိန်းတန် GSM ဖုန်းဖြင့် အင်တာနက် အသုံးပြုမှုကိုမူ အစိုးရရုံးများ အခြေစိုက်ရာ နေပြည်တော်တွင်သာ အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
၅ သိန်းတန် GSMဖုန်းများ အင်တာနက် အသုံးပြုနိုင်ရန်အတွက် EnhancedDataratesforGSM Evolution(EDGE)စနစ် ကိုအသုံးပြုထားပြီးကျန်ဒေသများတွင်အသုံးပြုနိုင်ရန်နည်းပညာအားနည်းမှုများ ရှိနေကြောင်း ရတနာပုံ တယ်လီပို့ ကုမ္ပဏီ လီမိတက်မှ တာဝန်ရှိသူတဦးက ပြောသည်။
၅ သိန်းတန် GSMမိုဘိုင်းဖုန်းများကို လူကြိုက်များလျက် ရှိသော်လည်း အင်တာနက် အသုံးပြုမှု အကန့်အသတ်ဖြင့် ထားရှိခြင်း ကြောင့် ဖုန်းသုံးစွဲသူများအကြား မြန်မာ့ဆက်သွယ်ရေးကို စိတ်ပျက်မှုများ ဖြစ်ပေါ်နေသည်။
တွဲဖက်သုံးစွဲရမည့်ကြိုတင်ငွေဖြည့်ကတ်များမလုံလောက်မှုကြောင့်GSMဖုန်းများ စတင်ချထားပေးမည့်ရက်ကို အကန့်အသတ် မရှိ ရွှေ့ဆိုင်းလိုက်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက သတင်းထုတ်ပြန်ခဲ့သေးသည်။
စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင် ဦးတေဇပိုင်ဆိုင်သည့် Elite Tech IT Service ကုမ္ပဏီက ကျပ် ၅ သိန်းတန် GSM ကြိုတင် ငွေပေးချေကတ်(Prepaid card) များကို ရတနာပုံ ဆိုက်ဘာစီးတီးတွင် ထုတ်လုပ်မည်ဖြစ်ပြီး ဝန်ဆောင်မှုကို ရတနာပုံ တယ်လီပို့ ကုမ္ပဏီလီမိတက်နှင့် သတင်းအချက်အလက် နည်းပညာ ဗဟိုဝန်ဆောင်မှု ကုမ္ပဏီတို့အား လုပ်ကိုင်ခွင့် ပေးထားကြောင်း သိရသည်။
၅ သိန်းတန် GSM ဖုန်းများကို လက်ရှိ GSM ဖုန်းများ အသုံးပြုနေသည့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ပဲခူးတိုင်း အရှေ့ခြမ်းရှိ မြို့နယ်၂၆ မြို့နယ်တွင် အသုံးပြုနိုင်မည်ဖြစ်သည်။
“ကျနော်တို့လို ရန်ကုန်ကလူတွေကျတော့ မကိုက်တော့ဘူးပေါ့။ အင်တာနက်သုံးချင်လို့ လာလျှောက်တာ။ ပထမတော့ အင် တာ နက် သုံးလို့ရမယ်ပြောတယ်။ အစီအစဉ်ကလည်း အမျိုးမျိုးပြောင်းနေတာပဲ”ဟု ၅ သိန်းတန် GSM ဖုန်း လျှောက်ထားသူ တဦးက ဆိုသည်။
ယခုလက်ရှိတွင် GSM ရေဒီယို စခန်းပေါင်း ၃၀၊ CDMA450 MHz ရေဒီယိုစခန်း ၁၅၁ ခု၊ CDMA 800 MHz ရေဒီယိုစခန်း ၄၂ ခုတို့ကို ဆောက်လုပ်လျက်ရှိရာ ပြီးစီးသွားပါက မြန်မာတနိုင်ငံလုံးတွင် မိုဘိုင်းဖုန်း အရေအတွက် ၆၁၀၀၆၁ လုံး ရှိလာမည်ဟု ဆက်သွယ်ရေး ၀န်ကြီးဌာနက ထုတ်ပြန်ထားသည်။
၂၀၁၀ ပြည့်နှစ် ဇူလိုင်လအထိ GSM ဖုန်း ၄၉၄၃၀၀၊ CDMA450MHz ဖုန်း ၅၄၅၆၅၀၊ CDMA 800MHz ဖုန်း ၁၅၀၀၀၀၊ CDMA (Fixed) တယ်လီဖုန်း ၂၀၀၃၈ လုံးနှင့် WCDMA တယ်လီဖုန်း အလုံးရေ ၂၈၀၀၀ တို့ ချထားပေးပြီးဖြစ်ကြောင်း သိရှိရသည်။
GSM ဖုန်းများကို ၂၀၀၀ ပြည့်နှစ် ၀န်းကျင်မှ စတင်ချထားပေးခဲ့သည်။



Geen opmerkingen: