မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

donderdag 17 februari 2011

ဒုဗိုလ်ချုပ်မှူးကြီးသားမက် စည်းကမ်းမလိုက်နာသဖြင့် တပ်ကထွက်ရ

ဧရာဝတီ THURSDAY, 17 FEBRUARY 2011 15:18
ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး၏ သားမက်ဖြစ်သူ ဗိုလ်မှူးပြည်အောင်ကို တပ်စည်းကမ်း မလိုက်နာမှုဖြင့် စစ်တပ်မှ ထုတ်ပယ် လိုက်ကြောင်း စစ်ဘက် အသိုင်းအ၀န်းတွင် ပြောနေကြသည်။
ဒု ဗိုလ်ချုပ်မှူးကြီးမောင်အေး၏ တဦးတည်းသော သမီး မနန္ဒာအေးနှင့် လက်ထပ်ထားသူ စက်မှု ၁ ၀န်ကြီး ဦးအောင်သောင်း၏ သား ဗိုလ်မှူးပြည်အောင်သည် ဗိုလ်မှူးများ မဖြစ်မနေ တက်ရောက်ရမည့် တပ်ရင်းမှူး သင်တန်းကို မတက်ဘဲ တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ကြောင်း၊ ထိုသို့ သင်တန်း ပျက်ကွက်ခဲ့ခြင်းကို ဒု ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ အသိပေး တိုင်ကြားခဲ့ရာမှ ဗိုလ်မှူးပြည်အောင်ကို တပ်စည်းကမ်း မလိုက်နာမှုဖြင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက တပ်မှ ထုတ်ပယ်ခဲ့ခြင်း ဖြစ်သည်ဟု နေပြည်တော် စစ်တပ်အသိုင်းအ၀န်းမှ သတင်းရရှိသည်။
“ဗိုလ်ချုပ်မှူးကြီးက နောက်မှာ ရာထူးတက်ဖို့ စောင့်နေတဲ့ တပ်မတော်အရာရှိတွေ တန်းစီနေတာ၊ ပြည်အောင် စည်းကမ်း ပျက်လို့ နောက်လူတွေ သင်တန်းတက်ဖို့ ကသောင်းကနင်း ဖြစ်တယ်၊ နောက်ပြီး တပ်မတော်အရာရှိက သက်ဆိုင်ရာကို
အကြောင်းမကြားဘဲ နိုင်ငံရပ်ခြားကို ထွက်တယ်။ ဒါတွေက ကြီးလေးတဲ့အပြစ်တွေပဲ ဆိုပြီး တပ်ကထုတ်ဖို့ မင်းအောင်လှိုင် ကို ညွှန်ကြားတာလို့ ကြားတယ်”ဟု နေပြည်တော် စစ်ဘက် သတင်းရပ်ကွက်နှင့် နီးစပ်သူတဦးက ပြောသည်။
ဗိုလ်မှူးပြည်အောင်ကို တပ်မှ ထုတ်ပယ်ခြင်းအပေါ် ဒု ဗိုလ်ချုပ်မှူးကြီးမောင်အေးက မကျေနပ်သော်လည်း စည်းကမ်း ပျက်ကွက်ခြင်းကြောင့် ထုတ်ပယ်ခြင်း ဖြစ်သည်ဆိုသော အကြောင်းပြချက် ခိုင်လုံသဖြင့် မည်သို့မျှ မပြောသာဘဲ နှုတ်ဆိတ် နေရသည်ဟု သိရှိရသည်။
ဗိုလ်မှူးပြည်အောင်၊ ဦးနေအောင် အပါအ၀င် ဦးအောင်သောင်း၏ သားများသည် IGEကုမ္ပဏီကို တည်ထောင်ထားပြီး သဘာဝ ဓာတ်ငွေ့နှင့် ရေနံပိုက်လိုင်း သွယ်တန်းခြင်း လုပ်ငန်းများ ကန်ထရိုက်ရရှိထားသောကြောင့် မကြာခဏဆိုသလို တရုတ်ပြည်သို့ ရက်ရှည် ခရီးသွားရောက်ပြီး တရုတ်စီးပွားရေး လုပ်ငန်းရှင်များနှင့် စီးပွားရေး ကိစ္စဆွေးနွေးခြင်း၊ တရုတ် နည်းပညာများကို သွားရောက်လေ့လာခြင်းများ ပြုလုပ်လေ့ရှိသည်ဟု ၎င်းတို့နှင့် နီးစပ်သော အသိုင်းအ၀န်းက ပြောသည်။
IGE ကုမ္ပဏီသည် ကျောက်မျက်ရတနာ လုပ်ငန်း၊ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းသွယ်တန်းခြင်း လုပ်ငန်း၊ အမရာ ဘဏ်လုပ်ငန်း အပါအ၀င် ပြည်တွင်း စီးပွားရေး လုပ်ငန်းများစွာ လုပ်ကိုင်လျက်ရှိပြီး အစိုးရပိုင် ဟိုတယ်များ၊ မြေကွက်နှင့် စက်ရုံများ ကိုလည်း လွှဲပြောင်း ရယူလျက်ရှိသည်ဟု သိရှိရသည်။


Geen opmerkingen: