မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 25 februari 2011

မြို့အာဏာပိုင် ဖုန်းဈေး ကျပ် ၅ သိန်း တင်ရောင်းဟု ဒေသခံများပြော

ကျော်ခ သောကြာနေ့၊ ဖေဖေါ်ဝါရီလ ၂၅ ရက် ၂၀၁၁ ခုနှစ် ၁၄ နာရီ ၃၅ မိနစ်
ချင်းမိုင်(မဇ္ဈိမ)။ ။ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့ အေးချမ်းသာယာရေးနှင့် ဖွံဖြိုးရေးကောင်စ်ီက မြန်မာ့ဆက်သွယ်ရေး ချပေးသည့် အော်တိုကြိုးဖုန်းများအား တလုံးလျှင် ကျပ် ၅ သိန်း ဈေးတင်ကာ အလွဲသုံးစားလုပ်ကြောင်း တိုင်တန်းခဲ့သူ ဒေသခံတဦးက ပြောသည်။
တယ်လီဖုန်းရှားပါးသောမြို့နယ်တခုဖြစ်သောနမ့်စန်အတွက်မြန်မာ့ဆက်သွယ်ရေးက အထိုင်ချဖုန်းလိုင်းတခုအတွက်ကျပ်၇သိန်းသာသတ်မှတ်ထားပေးသော်လည်း မြို့နယ်အာဏာပိုင်များက တလုံးလျှင်၁၂သိန်းဖြင့်ပြန်လည်ကောက်ခံသဖြင့်ဖုန်းလိုင်းသွယ်တန်းခဲ့သူ ဒေသခံများက တဆင့်မြင့်သော ခရိုင်ကောင်စီ ခယက သို့ တိုင်တန်းသည်။

                နမ့်စန်မြို့တွင်အော်တိုကြိုးဖုန်းများအားတလုံးလျှင်ကျပ်၅သိန်းဈေးတင်ကာအလွဲသုံးစားလုပ်
မဇ္ဈိမကခရိုင်ကောင်စီသို့ဆက်သွယ်မေးမြန်းရာစုံစမ်းစစ်ဆေးမှုများပြုလုပ်သွားပြီးဖြစ်၍ စစ်ဆေးတွေ့ရှိမှုကို ပြည်နယ်ကောင်စီသို့ တင်ပြသွားမှာ ဖြစ်သည်ဟု ဆိုသည်။
“ဖုန်းဝယ်တဲ့လူတွေတိုင်တဲ့ဟာကိုကျနော်တို့ကိုယ်တိုင်သွားစစ်ဆေးပြီးပါပြီ။ကျနော်တို့အနေနဲ့ကတော့ ပယကကိုထပ်တိုင်မှာပါ”ဟုလွိုင်လင်ခယကအထွေထွေအတွင်းရေးမှူး ဦးကျော်သန်းက မဇ္ဈိမကို ပြောသည်။
မြန်မာ့ဆက်သွယ်ရေးဌာနက ဒီဇင်ဘာလ ၂ဝ၁ဝ ခုနှစ်ထဲတွင် နမ့်စန်အတွက် အော်တိုကြိုးဖုန်း အလုံး ၂၀၀ တပ်ဆင်ခွင့်ပြုခဲ့သည်။ အပိုဆောင်းတောင်းခံငွေ ကျပ် ၅ သိန်းအနက် ရန်ပုံငွေ ၂ သိန်းဟု မယက က ဆက်သွယ်ရေးသို့ တင်ပြသော စာတွင် ဖော်ပြထားသည်ဟု ဌာနတွင်း သတင်းရပ်ကွက်တခုက ပြောသည်။
နမ့်စန်မြို့နယ် မယက ဥက္ကဌ ဦးတင်မြင့်ကတော့ အလွဲသုံးစားလုပ်ခြင်း မဟုတ်ကြောင်း ငြင်းဆန်လိုက်ပြီး ဒေသဖွံ့ဖြိုးရေးအတွက် အသုံးပြုရန် ကော်မတီဝင်အားလုံးနှင့် တိုင်ပင်၍ အပိုငွေကောက်ခံခဲ့ခြင်း ဖြစ်သည်ဟု မဇ္ဈိမသို့ ပြောသည်။
“အဲဒီကိစ္စကိုဒီလထဲမှာလည်းခရိုင်ကဆင်းစစ်သွားသေးတယ်။ကျနော်တို့ကဒီငွေတွေကို ပိုကောက်တယ်ဆိုတာ လာဘ်ယူတာလည်း မဟုတ်ဘူး၊ မတရား ကောက်ခံတာလည်း မဟုတ်ဘူး။ မြို့ဖွံ့ဖြိုးရေးအတွက်၊ဒေသဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်ဖို့ ကောက်ခံခြင်းသာ ဖြစ်တယ်”ဟု သူက ပြောသည်။ ပြီးခဲ့သည့်ဒီဇင်ဘာ၈ရက်နေ့တွင်နမ့်စန်မြို့နယ်အထူးစုံစမ်းစစ်ဆေးရေး(စစစ)အဖွဲ့ကပါ လာစစ်ခဲ့သေးသည်ဟု ဆိုသည်။
ဖုန်းဝယ်ယူသူ ၁၅ ဦးနှင့် မယက ရုံးဝန်ထမ်းများပါ စစ်ဆေးခံရပြီး အားလုံးက ဟုတ်မှန်ကြောင်း ထွက်ဆိုခဲ့သော်လည်း အရေးယူမှု မရှိသေးသည့်အပေါ် ဒေသခံများက မေးခွန်းထုတ်နေကြသည်။
“ ခုချိန်ထိ အရေးမယူသေးဘဲ ဘော်လီဘော ပုတ်နေကြတယ်” ဟု တယ်လီဖုန်းလိုင်းသွယ်ထားသူ တဦးက ပြောသည်။



Geen opmerkingen: