မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

zondag 13 februari 2011

ဒေါ်အောင်ဆန်းစုကြည်အမျိုးသားရင်ကြားစေ့ရေးပြော၊စစ်အစိုးရသတင်းစာကပုတ်ခတ်

ဧရာဝတီ Saturday, 12 February 2011 17:44
.ရန်ကုန်မြို့ရွှေဂုံတိုင်ရှိအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ရုံးချုပ်၌၆၄နှစ်မြောက်ပြည်ထောင်စုနေ့ အခမ်းအနားကိုယနေ့နံနက်၁၁နာရီတွင်ကျင်းပရာအထွေထွေအတွင်းရေးမှူးဒေါ်အောင်ဆန်းစုကြည်က အမျိုးသားရင်ကြားစေ့ရေး၊ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးနှင့် ပင်လုံစိတ်ဓာတ်များအကြောင်း ပြောကြားသွားသည်။
အဆိုပါ အခမ်းအနားသို့ NLDအဖွဲ့ဝင်များ၊ သံတမန်များ၊ ပြည်နယ်နှင့် တိုင်းအသီးသီးရှိNLDအဖွဲ့ဝင် တိုင်းရင်းသားများနှင့်နိုင်ငံရေးပါတီများတက်ရောက်ပြီးNLDဒုဥက္ကဋ္ဌဦးတင်ဦးက အဖွင့်အမှာစကားပြောကြားသည်။
ပင်လုံညီလာခံ စိတ်ဓာတ်နှင့် ပတ်သက်၍ မိန့်ခွန်းပြောကြားတွင် ဒေါ်အောင်ဆန်းစုကြည်က “ရှုံးနိမ့်တယ်ဆိုတာ ရှုံးနိမ့်ခြင်းကို ကြောက်လို့ပဲ။ လုပ်ကတည်းက စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ မလုပ်လို့။ အရင် ၆၄ နှစ်တုန်းက ကျမတို့ရဲ့ အမျိုးသားခေါင်းဆောင်ကြီးတွေ၊ တိုင်းရင်းသားခေါင်းဆောင်ကြီးတွေက အသစ်အဆန်းဖြစ်တဲ့ပြည်ထောင်စုဆိုတဲ့ကိစ္စကိုအားလုံးလက်တွဲလုပ်ဖို့ဆုံးဖြတ်ခဲ့တယ်”ဟု ပြောကြားသွားသည်။
ပြည်ထောင်စုနေ့ အခမ်းအနား အထိမ်းအမှတ်အဖြစ် ထုတ်ပြန်သော ကြေညာစာတမ်းတစ်စောင်ကို ဖတ်ကြားပြီးနောက် တိုင်းရင်းသားများ၏ ဖျော်ဖြေရေး အစီအစဉ်များဖြင့် ဧည့်ခံကာ အခမ်းအနားကို ရပ်နားခဲ့ကြောင်း သိရသည်။
ယနေ့ထုတ် ကြေးမုံသတင်းစာတွင် သခင်တင်မြက ဒေါ်အောင်ဆန်းစုကြည်၏ ဒုတိယပင်လုံညီလာခံ ခေါ်ယူရေးကို ဝေဖန်ထားသည့် ဆောင်းပါးအား ဖော်ပြထားသည်။
မတူတော့သည့် အခြေအနေတွင် ဒေါ်အောင်ဆန်းစုကြည်သည် ဒုတိယပင်လုံညီလာခံကို ကျင်းပရန် ကြွေးကြော်နေကြောင်း၊ အောင်မြင်မည်ဟု မယုံကြည်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်သည် စစ်အစိုးရ ဘာလုပ်လုပ် အကောင်းမမြင်ကြောင်း သခင်တင်မြက ရေးသားထားသည်။
ယနေ့ ထုတ်ပြန်သော ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ၆၄ နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာတွင် မြန်မာ့ဒီမိုကရေစီစနစ်သည် အလွန်နုသေးကြောင်း၊ တိုင်းရင်းသားအားလုံးက ဝိုင်းဝန်း ကာကွယ်ခြင်းနှင့် တည်ဆောက်ခြင်းကို ပြုလုပ်ရမည်ဖြစ်ကြောင်းနှင့် အနှောင့်အယှက်များကို ရင်ဆိုင်ကျော်လွှားမည်ဟု ဖော်ပြထားသည်။

1 opmerking:

Anoniem zei

သူက နုသေးတယ်ဆိုရအောင် သူက ဒီမိုကရေစီကို မျှစ်များအောက်မေ့နေသလား...