မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

donderdag 24 februari 2011

ဦးတေဇ ရန်ကုန်ပြန်ရောက်

ဖနိဒါ ကြာသပတေးနေ့၊ ဖေဖေါ်ဝါရီလ ၂၄ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၁၇ မိနစ် .
ချင်းမိုင်(မဇ္စျိမ)။ ။ကချင်ပြည်နယ်မြောက်ဖျားရှိဖုန်ကန်ရာဇီရေခဲတောင်ပေါ်ရဟပ်ယာဉ်ကျွံကျသဖြင့် နှစ်ရက်ကြာသောင်တင်ခဲ့သူ စီးပွားရေးလုပ်ငန်းရှင် ဦးတေဇသည် ရန်ကုန်နေအိမ်သို့ ကြာသပတေးနေ့တွင် ပြန်ရောက်ပြီဟု မိသားစုနှင့် ရင်းနှီးသူတဦးက ပြောသည်။
ကချင်ပြည်နယ် ပူတာအိုမြို့မှ စစ်ဘက်လေယာဉ်ဖြင့် ယနေ့မွန်းလွဲ ၂ နာရီခန့်တွင် ရန်ကုန် ပြန်ရောက်ကာ၊ ပန်းလှိုင်ဆေးရုံ၌ကျန်းမာရေးစစ်ဆေးမှုခံယူခဲ့ပြီးနောက်အင်လျားလမ်းရှိနေအိမ်သို့ ပြန်ရောက်လာသည်ဟု ဆိုသည်။
စစ်အစိုးရလက်ရင်းလူယုံထူးကုမ္ပဏီနှင့်အဲပုဂံလေကြောင်းပိုင်ဦးတေဇနှင့်အတူလိုက်ပါသွားသူ လေယာဉ်မယ်တဦးမှာခြေထောက်တွင် ဒဏ်ရာရခဲ့သည်ဟု သူက ပြောသည်။ ဦးတေဇမှာလည်း ဒူးတွင် ဒဏ်ရာရခဲ့သည်။
မတ်လတွင် ရေခဲတောင်တက်မည့် ခရီးအတွက် လမ်းကြောင်းရှာရန် ကြိုတင်လေ့လာရေးအဖြစ် သွားခဲ့ရာ အင်္ဂါနေ့တွင် ရေခဲပြင်ပေါ် ရဟတ်ယာဉ် ကျွံဝင်ခဲ့ရာမှ သောင်တင်ခဲ့ကာ ၃ ရက်မြောက်နေ့တွင် ကယ်တင်နိုင်ခြင်း ဖြစ်သည်။
ထိုင်းနိုင်ငံချင်းမိုင်အခြေစိုက်ကုမ္ဗဏီတခုမှ ငှားရမ်းခဲ့သော ရဟတ်ယာဉ်က ကြိုးချပေး၍ ဆွဲတင်ပေးခဲ့သည်။







Geen opmerkingen: