မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 14 februari 2011

NLD ကို စစ်အစိုးရ သတင်းစာ သတိပေး

ခင်ဦးသာ Monday, 14 February 2011 19:24
.မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) သည် အနောက် နိုင်ငံများ၏ စီးပွားရေး ပိတ်ဆို့မှုများကို ဆက်လက် ထောက်ခံနေပါက “သမိုင်း၏ ဂိတ်ဆုံးသို့” ဦးတည်သွားနိုင်ကြောင်း စစ်အစိုးရ သတင်းစာ များ၌ သတိပေး ရေးသားထားသည်။
အနောက်နိုင်ငံများက ပိတ်ဆို့အရေးယူမှုသည် စစ်အစိုးရကိုသာထိခိုက်ပြီး ပြည်သူများ၏ လူနေမှုဘ၀များကို တိုက်ရိုက် မထိ ခိုက်ဟူသော မကြာသေးခင်က ထုတ်ပြန်ခဲ့သည့် NLD ကြေညာချက်နှင့် ပတ်သက်၍ စစ်အစိုးရ မီဒီယာများက ယင်းသို့ ရေး သားလာခြင်း ဖြစ်သည်။
စစ်အစိုးရအပေါ် စီးပွားရေးပိတ်ဆို့ထားခြင်းသည် ဒေါ်အောင်ဆန်းစုကြည်၊ NLDတို့နှင့် မသက်ဆိုင်ကြောင်း၊ အနောက်နိုင်ငံများက ၎င်းတို့၏ သဘောထားအရ လုပ်ဆောင်ခြင်း ဖြစ်ကြောင်းနှင့် စစ်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှု၊ ဒီမိုကရေစီ ကျင့်စဉ်မရှိခြင်းတို့ကြောင့် ဖြစ်ကြောင်း NLD ကြေညာချက်တွင် ဆိုထားသည်။
စစ်အစိုးရ၏ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ထုတ် ကြေးမုံ သတင်းစာ ဆောင်းပါး၌ ပိတ်ဆို့မှုများ ဖယ်ရှားလိုလျှင် အနောက်နိုင်ငံများ ပြောသည့်အတိုင်းလိုက်နာ ပြောင်းလဲပါ၊ ပိတ်ဆို့မှုများ လျှော့ပေါ့ရန်၊ တိုးမြှင့်ရန်၊ ပြောင်းလဲရန် အနောက်နိုင်ငံများကNLDနှင့်ဆွေးနွေးပါဟု NLD ကြေညာချက်က ဆိုလိုသည်ဟု ထင်ကြောင်း၊ကြေညာချက်ပါစီးပွားရေးပိတ်ဆို့မှုအပေါ်အမြင်အကျဉ်းမှ ထုတ်နုတ်ဖော်ပြခြင်းဖြစ်ကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၉ မှ ၂၀၀၂ ခုနှစ် ထိ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှု ပြုလုပ်ရန် ပြင်းပြင်းထန်ထန်တောင်းဆို ခဲ့သူဖြစ်ကြောင်း ဝေဖန်ရေးသားထားသည်။
ဖေဖော်ဝါရီ ၈ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သော NLD ကြေညာချက်ပါ စီးပွားရေး ပိတ်ဆို့မှုအပေါ် အမြင်အကျဉ်း အချက် (၇) တွင် စီးပွားရေး ပိတ်ဆို့မှု ဆိုင်ရာ စည်းကမ်းချက်များကို မည်သည့်အချိန်တွင် မည်သို့နှင့် မည်သည့်အခြေအနေများ အောက်၌ ပြုပြင် မွမ်းမံ နိုင်မည်ကို သဘောတူညီမှု ရရှိစေရေးအတွက် အမေရိကန်၊ ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံများ၊ ကနေဒါ၊ နယူး ဇီလန်၊ သြစတြေးလျ နိုင်ငံတို့ကို ညှိနှိုင်းဆွေးနွေးရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က တောင်းဆိုပါသည်ဟု ဖော်ပြထား သည်။
သတင်းစာပါ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်ခဲ့သည့် ၆၄ နှစ်မြောက် ပြည်ထောင်စုနေ့ ဂုဏ်ပြုဆောင်းပါး ၌လည်း ဒေါ်အောင်ဆန်းစုကြည်၏ ဒုတိယပင်လုံ ညီလာခံကျင်းပမည်၊ တိုင်းရင်းသား လူမျိုးများ၏ စည်းလုံးညီညွတ်ရေးကို တည် ဆောက်မည်ဟု ကြွေးကြော်နေခြင်းသည်“မရောင်ရာ ဆီလူးသကဲ့သို့” ဖြစ်နေသည်ဟု ဆောင်းပါးရှင် သခင်တင်မြ က ဝေဖန် ရေး သားထားသည်။
“အစိုးရက ရေးခိုင်းလို့ရေးတာ မဟုတ်ပါဘူး၊ ကျနော့်ရင်ထဲက သဘောထားပါ၊ ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်ရေးတာက သူ့သဘောထားတွေက မတည်ငြိမ်ဘူး၊ အခုတမျိုး၊ တော်ကြာ တမျိုးပြောတယ်၊ ကျနော်သူနဲ့ တွဲပြီး လုပ်ခဲ့တာ ကြာပြီ”ဟု သခင် တင်မြ က သူ၏ ဆောင်းပါးနှင့်ပတ်သက်၍ ဧရာဝတီ၏ မေးမြန်းမှု ကိုဖြေဆိုသည်။
“အခြေအနေတွေကအရင်နဲ့မတူတော့ဘူးလေ၊ဗြိတိသျှနယ်ချဲ့တွေအုပ်ချုပ်နေတာမဟုတ်ဘူး၊ တပ်မတော်က အုပ်ချုပ်နေ တာ၊ တပ်မတော်ကို နားလည်မပေးဘဲ ဆန့်ကျင်နေမယ်ဆိုရင် ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး”ဟု သခင်တင်မြက ဆက်ပြော သည်။
စစ်အစိုးရ သတင်းစာများ၏ ရေးသားဖော်ပြချက်သည် လုပ်ရိုးလုပ်စဉ် တခုသာဖြစ်ကြောင်း၊ ထိုရေးသားချက်များနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တစုံတရာ ပြောဆိုမှု မရှိသေးကြောင်း NLD ပြောခွင့်ရ ဦးအုန်းကြိုင်က ဧရာဝတီကို ပြော သည်။
NLD နှင့် ဒေါ်အောင်ဆန်းစုကြည်သည် အစိုးရသစ်ဖွဲ့၍ ဖော်ဆောင်နေသော ဒီမိုကရေစီနိုင်ငံတော်သစ် ဖော်ဆောင်ရာ၌ စိတ် ကောင်းစေတနာဖြင့် လက်တွဲပူးပေါင်းရန် ဖိတ်ခေါ်ကြောင်းလည်း သတင်းစာက ရေးသားထားသည်။

Geen opmerkingen: