မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

donderdag 31 maart 2011

အမတ် ဦးမောင်စောဖြူ ဆေးရုံတင်ရ

ကျော်ခ ကြာသပတေးနေ့၊ မတ်လ ၃၁ ရက် ၂၀၁၁ ခုနှစ် ၁၇ နာရီ ၃၀ မိနစ် .
ချင်းမိုင်(မဇ္ဈိမ)။ ။ လွှတ်တော် အစည်းအဝေးများ ပြီးဆုံးသဖြင့် ကြာသပတေးနေ့တွင် ဌာနေသို့အပြန်လမ်း ကားပေါ်၌ ရခိုင်အမတ်တဦး သတိလစ်သွား၍ ဆေးရုံတင်ရကြောင်း အတူစီးနင်းလိုက်ပါကြသူ အမတ်များက ပြောသည်။
ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီRNDPမှ၇၁နှစ်အရွယ်အမျိုးသားလွှတ်တော်အမတ် ဦးမောင်စောဖြူသည် နေပြည်တော်၌ ၅၉ ရက်ကြာ ပြုလုပ်ခဲ့သော လွှတ်တော်အစည်းအဝေးများ ပြီးဆုံးသဖြင့် ယနေ့မနက် ၅ နာရီတွင် ရန်ကုန်သို့ အခြားအမတ်များနှင့်အတူ ကားတစီးထဲလိုက်ပါလာခဲ့ရာ လှည်းကူးမြို့အနီး၌ ရုတ်တရက် အော့အန်ကာ သတိလစ်သွားသောကြောင့် ရန်ကုန် မြောက်ဥက္ကလာ ဝေဘာဂီဆေးရုံသို့ တင်ပို့ရခြင်း ဖြစ်သည်။
“ကားက၅နာရီထွက်မယ်ဆိုတော့၃နာရီလောက်ကတည်းကအိပ်ယာကထ ကိုယ့်ပစ္စည်း ကိုယ်သယ်ဆိုတော့ သူက အသက်ကလည်း ကြီးနေပြီလေ။ အမောဖောက်တာလည်း ပါမှာပေါ့။ ကားပေါ်ရောက်သွားပြီး လမ်းမှာပဲ သတိလစ်သွားတယ်။ အသက်ရှူလာအောင် မနည်းကြိုးစားခဲ့ရတယ်” ဟု ခရီးဖော် အမတ်တဦးက မဇ္ဈိမကို ပြောသည်။
ဦးမောင်စောဖြူသည် ရခိုင်ပြည်နယ် မင်းပြားမြို့နယ် မဲဆန္ဒနယ် အမှတ် ၄ တွင် အနိုင်ရရှိခဲ့သည့် RNDP အမတ် ဖြစ်သည်။
အသက်ပြန်ရှူစေရန်ရင်ဘတ်ကိုဖိနှိပ်မှုများပြုလုပ်ပေးခဲ့သဖြင့်၁ဝမိနစ်ခန့်အကြာတွင် ပြန်သတိရလာခဲ့သည်။
“အခုတော့ဝေဘာဂီဆေးရုံမှာပါပဲ။ရောဂါအခြေအနေနဲ့ပတ်သက်ပြီးစိုးရိမ်ရတယ်၊မစိုးရိမ်ရဘူးဆိုတာကတော့ ဒီနေ့ညနေပိုင်းလောက်မှသိရမယ်လို့ပြောတယ်။အခုတော့စစ်ချက်တွေလုပ်နေတုန်းပါ။သူက အသက်ကြီးပြီး အကယ်၍ နေကောင်းလို့ ပြန်ရင်လည်း မင်းပြားကို တယောက်ထဲ ပြန်ရမှာ။ ဒီအတိုင်းဆို စိတ်ပူစရာပါ” ဟု အခြား လွှတ်တော်အမတ် တဦးက မဇ္ဈိမကို ပြောသည်။
နေပြည်တော် လွှတ်တော်တက် အမတ်များထဲတွင် ဆေးရုံတင်ရသည်အထိ ကျန်းမာရေး ချို့ယွင်းသူများမှာ ဦးမောင်စောဖြူ အပါအဝင် ၂ ဦး ရှိပြီဖြစ်သည်။
ပြီးခဲ့သည့်ရက်သတ္တပတ်ကပင်ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၃ မှ ကြံ့ဖွံ့ပါတီ အမျိုးသားလွှတ်တော် အမတ် ဦးတင်မြင့်သည်လည်း လွှတ်တော်တက်နေရင်း ကျန်းမာရေး မကောင်းသဖြင့် နေပြည်တော် ကုတင် ၁ဝဝဝ ပြည်သူ့ဆေးရုံကြီး၌ ယခုထိ ဆေးကုသနေရသည်။
ထိုစဉ်ကပြည်ထောင်စုလွှတ်တော်နာယကဦးခင်အောင်မြင့်၊ဒုသမ္မတ စိုင်းမောက်ခမ်း၊ အမျိုးသားလွှတ်တော် ဒုဥက္ကဋ္ဌ ဦးမြညိမ်းနှင့် ကျန်းမာရေးဝန်ကြီး ဒေါက်တာ ကျော်မြင့် သွားရောက်ကြည့်ရှုခဲ့သည်။







Geen opmerkingen: