မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

donderdag 31 maart 2011

ရန်ကုန်တွင်ရေကစားမဏ္ဍပ်ကြီး၃၁ခုသာဆောက်ခွင့်ပြု

မိုးယံ Thursday, 31 March 2011 18:03
.ရန်ကုန်မြို့တခုလုံး၌ ယခုနှစ် မဟာသင်္ကြန် အတွက် ရေကစား မဏ္ဍပ်ကြီး ၃၁ ခုသာ ဆောက်လုပ်ခွင့် ပြုမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း အုပ်ချုပ်ရေးမှူးရုံးမှ ထုတ်ပြန်လိုက်သည်။
ဗုံးပေါက်ကွဲပြီးနောက်တရက်သင်္ကြန်အတက်နေ့တွင်ခြောက်သွေ့စွာရေကစားနေသည့်X2Oမဏ္ဍပ်ကို ဤသို့ မြင်တွေ့ရသည် (ဓာတ်ပုံ - ဧရာဝတီ)
“နေရာ၃၁နေရာမှာမဏ္ဍပ်ကြီး၃၁ခုဆောက်ဖို့လျာထားတယ်”ဟုရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတဦးက ပြောသည်။
၂၀၁၀ ပြည့်နှစ် သင်္ကြန်တွင် ရန်ကုန်မြို့တော်၌် ရေကစားမဏ္ဍပ်ကြီး ၄၀ ကျော် ခွင့်ပြုခဲ့ကြောင်း ယခင်နှစ်တွင် ရေကစားမဏ္ဍပ် တာဝန်ယူတည်ဆောက်ခဲ့သူတဦးက ပြောသည်။
၎င်းက “လုံခြုံရေး ပေးနိုင်သလောက်ပဲ ခွင့်ပြုပေးတာလို့ ကြားတယ်” ဟု ဆိုသည်။
အဆိုပါ ရေကစားမဏ္ဍပ်ကြီး ၃၁ ခုအတွက် မင်္ဂလာတောင်ညွှန်မြို့နယ် ကန်ပတ်လမ်းတွင် ၇ နေရာ၊ ပြည်လမ်းမပေါ်တွင်၅နေရာ၊ပါရမီလမ်းပေါ်တွင်၂နေရာ၊ကမ္ဘာအေးဘုရားလမ်းတွင် ၅ နေရာ၊ ဗဟန်းမြို့နယ် ဆရာစံလမ်းတွင် ၃ နေရာ၊ စက်မှု(၁)လမ်း ၁ နေရာ၊ ဗိုလ်ချူပ်အောင်ဆန်းလမ်းတွင် ၁ နေရာ၊ ဝေဇယန္တာလမ်းတွင် ၁ နေရာ၊ ဘုရင့်နောင်လမ်းတွင် ၃ နေရာ၊ ဒဂုံမြို့နယ်ရှိ အလုံလမ်းတွင် ၂ နေရာနှင့် ကြည်မြင့်တိုင်မြို့နယ် ကမ်းနားလမ်းတွင် ၁ နေရာ တည်ဆောက်ခွင့်ပြုထားကြောင်း ၎င်းက ဆိုသည်။
ယမန်နှစ်က ဗုံးပေါက်ကွဲခဲ့သည့် မင်္ဂတောင်ညွှန်မြို့နယ် ကန်ပတ်လမ်းတွင် ရေကစားမဏ္ဍပ်ကြီးများ ၁၆ ခု ခွင့်ပြုခဲ့ပြီး ယခုနှစ်တွင် ဆောက်လုပ်ခွင့် ပေးမည်မဟုတ်ဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း အဆိုပါနေရာဝန်းကျင်တွင် ရေကစားမဏ္ဍပ် ၅ နေရာ တည်ဆောက်ခွင့်ပြုထားကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
X2O ရေကစားမဏ္ဍပ်ကို လုပ်ဆောင်မည့်အဖွဲ့မှ တာဝန်ရှိသူတဦးက “ကျနော်တို့ X2O ရေကစားမဏ္ဍပ် ဒီနှစ်ပြန်ဆောက်မှာပါ။ အရင်နေရာမှာပဲ ပြန်ဆောက်ဖြစ်မှာပါ” ဟု ဆိုသည်။
ယမန်နှစ်က မင်္ဂလာတောင်ညွှန့်မြို့နယ် ကန်တော်ကြီးပတ်လမ်းရှိ X2O ရေကစား မဏ္ဍပ်တွင် ဗုံးပေါက်ကွဲမှု သုံးခု ဆက်တိုက် ဖြစ်ပွားခဲ့ပြီး လူ ၁၀ ဦး သေဆုံးကာ ၁၇၀ ကျော်ဒဏ်ရာရခဲ့ကြောင်း အစိုးရက ထုတ်ပြန်ခဲ့သည်။
“မဏ္ဍပ်တွေကို တနေရာတည်း အများကြီး ဆောက်ခွင့်မပေးတော့ဘဲ မဏ္ဍပ်တွေကို နေရာခွဲပြီး ဆောက်ခိုင်းထားတယ်” ဟု ရန်ကုန်မြို့တော်စည်ပင်မှ ရေကစားမဏ္ဍပ် ဆောက်လုပ်ခွင့် တာဝန်ခံတဦးက ပြောသည်။
ရန်ကုန်၊ မန္တလေး၊ နေပြည်တော်အပါအ၀င် မြို့ကြီးများတွင် ဆောက်လုပ်မည့် ပုဂ္ဂလိက သင်္ကြန်မဏ္ဍပ်အားလုံး လိုက်နာရမည်ဖြစ်သော လုံခြုံရေးဆိုင်ရာ စည်းကမ်းချက် ၂၅ ချက်အား စည်းကမ်းထိန်းသိမ်းရေးနှင့် လုံခြုံရေးကော်မတီက မတ်လ ဒုတိယ ပတ်အတွင်း စတင် ထုတ်ပြန်ကြေညာထားသည်။

Geen opmerkingen: