မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 25 maart 2011

ကမ္ဘောဇ လေကြောင်းလိုင်းသစ် မကြာမီ ပြေးဆွဲမည်

ဧရာဝတီ Friday, 25 March 2011 15:44
.ဒုဗိုလ်ချုပ်မှူးကြီးမောင်အေးနှင့်နီးစပ်သူဟုလူသိများသောကမ္ဘောဇဘဏ်ပိုင်ရှင်ဦးအောင်ကိုဝင်း တည်ထောင်သည့်ကမ္ဘောဇ(KBZ)လေကြောင်းလိုင်းသည်လာမည့်ဧပြီလ၁ရက်နေ့မှစတင်ပြီး လေယာဉ်သစ်များဖြင့် မြန်မာနိုင်ငံ တ၀န်းရှိ မြို့များသို့ ခရီး စဉ်များ စတင်ပြေးဆွဲမည်ဖြစ်ကြောင်း KBZ လေကြောင်းလိုင်းက ပြောသည်။

ယခုကမ္ဘောဇလေကြောင်းလိုင်းတည်ထောင်လိုက်သည့်ကမ္ဘောဇဘဏ်အုပ်စုကအစုရှယ်ယာအများစုကို ပိုင်ဆိုင်ထားသည်ဆိုသောMAIလေကြောင်းလိုင်းမှလေယာဉ်တစီး။၂၀၀၉ခုအောက်တိုဘာလကုန်ပိုင်းက မလေးရှားနိုင်ငံကွာလာလမ်ပူမြို့တွင်ဆေးရောင်အသစ်ပြောင်းလဲပြင်ဆင်ထားသည့်လေယာဉ်ဖြစ်သည်။(ဓာတ်ပုံ-W.T.Liew. Ex-Adria)
KBZ လေကြောင်းလိုင်းကို ထူထောင်ခြင်းသည် တရားဝင်စီးပွားရေးလုပ်ငန်းများမှ ရရှိထားသော ငွေကြေး များကို အသုံးပြု တည် ထောင်ခြင်းဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်း(MAI)နှင့် ဆက်စပ်သော လေကြောင်းလိုင်း လုပ်ငန်းတခုပင်ဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူက ရှင်းပြသည်။ MAI ၏ အစုရှယ်ယာအများစုကို ကမ္ဘောဇ ဘဏ်အုပ်စုက ပိုင်ဆိုင် ထားကြောင်း သိရသည်။
မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI)မှ စီးပွားရေးသမား တဦးကမူ KBZ လေကြောင်း လိုင်း ထပ်မံပေါ်ထွက်လာခြင်းသည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်သော စီးပွားရေးအုပ်စုနှင့် ဒု ဗိုလ်ချုပ်မှူးကြီး မောင် အေး ဦးဆောင်သော စီးပွားရေးအုပ်စုများအကြား အားပြိုင်မှု အရှိန် မြင့်မားလာခြင်းဖြစ်သည်ဟု ပြောသည်။
“ဦးသန်းရွှေရဲ့လူလို့ လူသိများတဲ့ ဦးတေဇက အဲပုဂံနဲ့ Asian Wings လေကြောင်းလိုင်းနှစ်ခု ပိုင်ထားတယ်။ ဦးမောင်အေး ရဲ့ လူ လို့ လူသိများတဲ့ ဆရာကျောင်း(ဦးအောင်ကိုဝင်း)ကလည်းMAIနဲ့ KBZလေကြောင်းလိုင်း နှစ်ခု ပိုင်ဆိုင်လာပြီ။ဦးမောင်အေးရဲ့ ခမည်းခမက် ဦးအောင်သောင်းရဲ့သား ပြည်အောင်၊ နေအောင်တို့ရဲ့ IGEစီးပွားရေးအုပ်စုကလည်း စီးပွားရေးသြဇာချဲ့ဖို့ ကြိုးစား နေ တယ်။ ဦးထွန်းမြင့်နိုင်၊ ဦးဇော်ဇော် လို နာမည်ကြီး စီးပွားရေးသမားတွေကလည်း သူ့တို့ပိုင်ရာဆိုင်ရာတွေနဲ့စီးပွားရေးအင်အားစု တွေ ထူထောင်နေကြတာဆိုတော့ သိပ်မကြာခင် အစိုးရသစ်လက်ထက်မှာ စီးပွားရေးပြိုင်ဆိုင်တာတွေ ရေချိန် တက်လာမယ်။ စီးပွားရေး အင်အားစုတွေကို အခြေခံပြီး နိုင်ငံရေးအရ ပါဝါပြိုင်တာတွေလည်း မြင်လာရမယ်”ဟု UMFCCI မှ ဗဟို အလုပ်အမှုဆောင် တဦးက ဆိုသည်။
နေပြည်တော်စစ်ဘက် အသိုင်းအ၀ိုင်း၏ အဆိုအရ နောင်ဖြစ်ပေါ်လာမည့် အစိုးရသစ်အတွက် အရေးကြီးသောရာထူး နေရာများ ဖြစ်သည့် သမ္မတ၊ ဒု သမ္မတ၊ ကာကွယ်ရေး ဦးစီးချုပ် ရာထူးများ ခန့်အပ်တာဝန်ပေးရာတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့ အကြား မကျေလည်မှုများ ရှိနေကြောင်း သိရှိရသည်။
မြန်မာနိုင်ငံသည် စီးပွားရေးပိတ်ဆို့မှုများကြောင့် ဖွံ့ဖြိုးတိုးတက်မှုနောက်ကျပြီး ပြည်သူများ၏ဘ၀ကို ထိခိုက်သည်ဟု စစ်အစိုးရက မကြာခဏ ပြောဆိုလေ့ရှိသော်လည်း ယနေ့ မြန်မာနိုင်ငံတွင် ဒေါ်လာသန်းပေါင်းများစွာချမ်းသာသူ မြောက်မြားစွာရှိနေခြင်းသည် အလွန်အံ့သြဖွယ်ရာဖြစ်ကြောင်း ပြည်တွင်း စီးပွားရေးပညာရှင်တဦးက ပြောသည်။
“ပြည်သူပိုင်အဆောက်အအုံတွေကို အစိုးရက လေလံပစ်တော့ ၀ယ်တဲ့သူတွေက ငွေကျပ် သန်းပေါင်း ငါးသောင်း၊တသိန်းပေးဝယ်တယ်ဆိုတဲ့သတင်းတွေဂျာနယ်တွေမှာပါလာတယ်။ စီးပွားရေးပိတ်ဆို့နေတဲ့ကြားကမြန်မာတွေဒီလောက်ချမ်းသာနေတာပဲဘာလို့များ စီးပွားရေးပိတ်ဆို့မှုကြောင့် ထိခိုက်ပါတယ်၊ နစ်နာပါတယ် အော်နေသလဲ။ ဘဏ်၊ လေကြောင်းလိုင်း၊ သစ်၊ ကျောက် မျက် တကယ့်ဝင်ငွေကောင်းတဲ့ စီးပွားရေးလုပ်ငန်းတွေကို လုပ်နေတဲ့ သူဌေးတွေ အများကြီးပဲ။ ဒီလူတွေအားလုံးက စစ်အစိုးရနဲ့ပတ်သက်တဲ့ သူတွေချည်းပဲ”ဟု ၎င်းက ပြောဆိုသည်။
ဦးအောင်ကိုဝင်း သည် ကမ္ဘောဇ ဘဏ်လုပ်ငန်း၊ ကျောက်မျက်ရတနာ တူးဖော်ရေးလုပ်ငန်း၊ သစ် လုပ်ငန်း၊ ရွှေ လုပ်ကွက်၊ နီလာရိုးမ စက်သုံးဆီ အရောင်းဆိုင် လုပ်ငန်း အပါအ၀င် စီးပွားရေးလုပ်ငန်းပေါင်း မြောက်မြားစွာလုပ်ကိုင်လျက်ရှိကြောင်း သိရ သည်။
ဦးတေဇ၏ AsianWings လေကြောင်းလိုင်းသည် ၂၀၁၁ ခုနှစ် ဇန်ဝါရီလ ၂၇ ရက်နေ့တွင် စတင်၍ ပြည်တွင်းခရီးစဉ်များ ဖြစ်သော ရန်ကုန်၊ မန္တလေး၊ ညောင်ဦး၊ ဟဲဟိုး၊ တာချီလိတ်၊ လာရှိုး၊ မြစ်ကြီးနား၊ ကလေး၊ ထားဝယ်၊ မြိတ်၊ ကော့သောင်းမြို့များသို့ ပြေးဆွဲလျက်ရှိပြီး သံတွဲ၊ ခန္တီး၊ ဗန်းမော်၊ ကျောက်ဖြူ၊ စစ်တွေ၊ မော်လမြိုင်၊ မုံရွာ၊ ဟုမ္မလင်း နှင့် လောက်ကိုင်မြို့များသို့ ပြေးဆွဲရန်ပြင်ဆင် နေကြောင်း နီးစပ်သူများက ပြောသည်။
မြန်မာနိုင်ငံ၌ လတ်တလောတွင် အဲမန္တလေး ၊ ရန်ကုန်အဲဝေး ၊ အဲပုဂံ နှင့် အဲကမ္ဘောဇ စသည့် ပုဂ္ဂလိက လေကြောင်းလိုင်း ၄ လိုင်း ရှိနေသည်။
စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင်ကြီးများသည် လေကြောင်းလိုင်းများကို ဖွင့်လှစ်ပြေးဆွဲနေသော်လည်း အမေရိကန် ပြည်ထောင်စုနှင့် ဥရောပ သမဂ္ဂ(EU)အဖွဲ့ဝင် နိုင်ငံများ၏ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုကြောင့် လေယာဉ်အပိုပစ္စည်းများ ၀ယ်ယူ ရန် ခက်ခဲသည်ဟု သိရသည်။

Geen opmerkingen: