မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

donderdag 31 maart 2011

ဧရာဝတီ မဂ္ဂဇင်း အသွင်သစ်ဖြင့် ဆက်ထုတ်မည်

ဧရာဝတီ Thursday, 31 March 2011 19:18
.အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေနေသော ဧရာဝတီ မဂ္ဂဇင်းကို အသွင်သစ်၊ ဒီဇိုင်းသစ်၊ အတွေးအမြင်သစ်ဖြင့် တနှစ်လျှင် လေးကြိမ် ဆက်လက် ထုတ်ဝေမည် ဖြစ်သည်။
ယမန်နှစ် ဒီဇင်ဘာလမှ စတင်ပြီး ယာယီရပ်ဆိုင်းထားသော ဧရာဝတီမဂ္ဂဇင်းကို ယခုနှစ် ဧပြီလမှ စတင်၍ အင်တာနက်ပေါ်မှ အလွယ်တကူ ဒေါင်းလုဒ်ဆွဲယူနိုင်မည့် အပြင် မဂ္ဂဇင်းစာအုပ်အနေဖြင့်လည်း မှာယူဖတ်ရှုနိုင်မည်ဖြစ်သည်။
၁၉၉၃ ခုနှစ်က စတင်ထုတ်ဝေခဲ့သော ဧရာဝတီ မဂ္ဂဇင်းနှင့် ယခု အသစ်ပြန်လည်ထွက်မည့် မဂ္ဂဇင်း၏ ခြားနားချက်မှာ မျက်နှာဖုံးနှင့် အတွင်းဆောင်းပါးများကို ပို၍ အသေးစိတ်၊ လေ့လာ၊ စုဆောင်းပြီး ရေးသားတင်ပြထားသည့်အပြင် ယခင်ကထက်လည်း ဆောင်းပါးများကို အရောင်အသွေးစုံ တွေ့ရမည်ဖြစ်သည်။
ထိုဆောင်းပါးများတွင် မြန်မာနိုင်ငံ၏ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှုနှင့် ဖြစ်ပေါ်တိုးတက်မှု အစုံစုံကို ခြုံငုံသုံးသပ် တင်ပြထားသည်။
ထို့အပြင် Profileနှင့် Travelကဏ္ဍများလည်း တိုးချဲ့ထားသည်။ မြန်မာပြည်ရှိ နာမည်ကျော်ကြားသော လူပုဂ္ဂိုလ်များအကြောင်းကို Profileကဏ္ဍတွင် ဖတ်ရှုနိုင်ပြီး Thravelကဏ္ဍတွင်မူ မြန်မာပြည်တလွှား သဘာဝအလှအပများ၊ တိုင်းရင်းသားဒေသများရှိ ဓလေ့ထုံးတမ်း၊ ယဉ်ကျေမှုများကို ဖော်ပြသည့် လျှပ်တပြက် မြင်ကွင်းများ တင်ပြထားသည်။ ယခင်ထုတ်ဝေခဲ့သည့် ဧရာဝတီ ပုံနှိပ် မဂ္ဂဇင်းမှ ကာတွန်း၊ ဓာတ်ပုံ အက်ဆေးကဏ္ဍများ ဆက်လက်ပါဝင်မည်ဖြစ်သည်။
အသွင်သစ်နှင့် ထွက်ရှိလာမည့် ဧရာဝတီ မဂ္ဂဇင်းအပေါ် ဝေဖန်အကြံပြုချက်များ ပေးပို့နိုင်ပါသည်။

Geen opmerkingen: