မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

zaterdag 5 maart 2011

မြန်မာလေယာဉ်မှူး၂ဦးရုရှတွင်လေယာဉ်ပျက်ကျသေဆုံး

မဇ္ဈိမသတင်းဌာန စနေနေ့၊ မတ်လ ၀၅ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၃၉ မိနစ် .
ချင်းမိုင်(မဇ္ဈိမ)။ ။ရုရှနိုင်ငံတောင်ပိုင်းတွင် စနေနေ့က လေယာဉ်တစီးပျက်ကျရာ မြန်မာလေယာဉ်မှူး ၂ ဦးအပါအဝင် လေယာဉ်ပေါ်ပါသူ ၆ ဦးလုံးသေဆုံးကြောင်း ရုရှသတင်းဌာနRIANovosti သတင်းတရပ်တွင် ပါရှိသည်။
                                ပျက်ကြသွားသည့်လေယာဉ်အမျိုးအစားAn-148(photo::wikipedia.org)
An-148အမျိုးအစားလေယာဉ်ကိုစမ်းသပ်ပျံသန်းနေစဉ်Belgorodမြို့မှ၁၆၅မိုင်အကွာGarbuzovo ကျေးရွာနေအိမ်ပန်းခြံအတွင်း ပျက်ကျသွားသည်။
မြန်မာစစ်အစိုးရက ခရီးသည် ၁ဝဝ အထိစီးနင်းနိုင်သောAn-148အမျိုးအစား လေယာဉ်နှစ်စီး ရုရှားမှ မှာထားပြီး ပထမတစင်းကို ဤလအတွင်း မြန်မာနိုင်ငံ ပို့ရမည်ဟု နိုင်ငံပိုင်သတင်းအေဂျင်စီ RIANovosti က ဆိုသည်။
လေယာဉ်ပျက်ကျခါနီးရွာပေါ်သို့မကျအောင်မြန်မာလေယာဉ်မှူးတဦးကလမ်းကြောင်း ပြောင်းပေးသွားခဲ့သည်ဟု ရုရှသတင်းဌာန LifeNews မှ သတင်းစာဆရာတဦးက မဇ္ဈိမသို့ ပြောသည်။
လေယာဉ်ပျက်ကျစဉ်က မြေပြင်တွင် ပျက်ဆုံးဆုံးရှုံး သေဆုံးမှု မရှိကြောင်း သိရသည်။





Geen opmerkingen: