မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 29 maart 2011

ကော့ကရိတ် စစ်ဆေးရေးဂိတ်ကို DKBA တိုက်ခိုက်

ဧရာဝတီ Tuesday, 29 March 2011 18:37
.ကရင်ပြည်နယ် ကော့ကရိတ်မြို့အ၀င် စစ်ဆေးရေးဂိတ်ကို ယနေ့မွန်းလွဲပိုင်းက တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်(DKBA)တပ်မဟာ၅ကလက်နက်ကြီးများဖြင့် တိုက်ခိုက်သောကြောင့် ခရီးသွား ယာဉ်တန်း ရပ်ဆိုင်း မှုဖြစ်ပွားခဲ့သည်ဟု ကုန်သည်များက ပြောသည်။
                      မြ၀တီ-ကော့ကရိတ်-ဘားအံ တရက်ခြား ပြေးဆွဲသည့် ယာဉ်တန်း (ဓာတ်ပုံ - ဧရာဝတီ)
မြ၀တီမြို့ခံကုန်သည်တဦးက“ဒီနေ့ကကားတန်းအဆင်းရက်၊ဖြစ်တာကကော့ကရိတ်အ၀င် အဖွဲ့စုံစစ်ဆေးရေး ဂိတ်မှာဖြစ်တာDKBAအဖွဲ့က အဲဒီဂိတ်ကိုလက်နက်ကြီးနဲ့ လှမ်းပစ်တာ၊ ကားသမားနဲ့ ခရီးသည်တွေလည်း ကားရပ်ပြီး အားလုံး ဆင်းပြေးကြရတယ်၊ မွန်းလွဲ ၁၂ နာရီကျော်မှာဖြစ်တာ၊ သေနတ်သံကတော့ အကြီးအသေး အတိုင်းသားကြားနေရတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ပစ်ခတ်မှုကြောင့်ခရီးသည်များထိခိုက်မှုမရှိသော်လည်းစစ်ဆေးရေးဂိတ်အတွင်းရှိဝန်ထမ်းတချို့ဒဏ်ရာရရှိကြောင်း၊ ယာဉ်တန်းထဲမှကားတချို့ ဒေါနတောင်တန်းပေါ်တွင် နာရီအတော်ကြာ ပိတ်မိနေကြောင်းလည်း ၎င်းက ဆိုသည်။
ယနေ့ပစ်ခတ်မှုကိုကော့ကရိတ်ခရိုင်အာဏာပိုင်များကတောတွင်းကရင်သူပုန်များက ရပ်ရွာတည်ငြိမ်မှုကိုမလိုလား၍ လာရောက်ပစ်ခတ်ခြင်းဖြစ်ကြောင်း၊ တပ်မတော်ကလိုက်လံတိုက်ခိုက်၍ သူပုန်များထွက်ပြေးသွားကြကြောင်း သတင်းဖြန့်ခဲ့သည်ဟု မြို့ခံများက ပြောသည်။
ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေး၏ အဓိက ကုန်သွယ်ရေးလမ်းကြောဖြစ်သည့် မြ၀တီ-ကော့ကရိတ်-ဘားအံ လမ်းကြောတွင် တည်ရှိသော နအဖ ၏ စီးပွားရေးလမ်းကြောင်းကို ပိတ်ဆို့မှုပြုလုပ်နိုင်ရန်အတွက် ယင်းလမ်းကြောင်းပေါ်တွင် ယခု နှစ်ဆန်းမှစတင်ကာ အကြိမ် ၃၀ ခန့် တိုက်ခိုက်မှုများပြူလုပ်ခဲ့သည်ဟု DKBA တပ်မဟာ ၅ က ပြောဆိုသည်။
ယနေ့တိုက်ခိုက်မှုကို DKBAနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)တပ်မဟာ ၆ မှ ပူးတွဲတပ်ဖွဲ့များဝင်ရောက် တိုက်ခိုက်ခြင်းဖြစ်သည် KNLA တပ်မှူးတဦးက ပြောသည်။
KNLAတပ်ရင်း၂၀၁၏ ဒု တပ်ရင်းမှူး ဗိုလ်မှူးကြည်အောင်က“ဒီနေ့မွန်းလွဲပိုင်းက ကော့ကရိတ်အ၀င်မှာဖြစ်တဲ့ စစ်ဆင် ရေးကို ပူးတွဲစစ်ဆင်ရေးအဖွဲ့က ပြုလုပ်တာဖြစ်တယ်၊ အဲဒီနယ်မှာကKNLAတပ်မဟာ ၆ က တပ်မဟာ လုံခြုံရေးတပ်နဲ့DKBAတပ်မဟာ၅ကဗိုလ်ကျော်သက်တို့လှုပ်ရှားတဲ့စစ်ဆင်ရေး နယ်မြေဖြစ်တယ်”ဟု ပြောပြသည်။
အဆိုပါပူးပေါင်းအဖွဲ့သည် မြ၀တီခရိုင်နှင့် ကော့ကရိတ်ခရိုင် အတွင်းရှိ နအဖ တပ်စခန်းများကို ပြောက်ကျားစနစ်အသုံးပြုကာ တိုက်ခိုက်ကြ ခြင်းဖြစ်သည်ဟုလည်း ဆိုသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၇ ရက်နေ့ကလည်း မြ၀တီ-ကော့ကရိတ် ဒေါနတောင်ကျော် ကားလမ်းပေါ်ရှိ ကျောက်တလုံးစခန်းကိုDKBAအဖွဲ့၏ တိုက်ခိုက်မှုကြောင့် မြ၀တီမှကော့ကရိတ်သို့ထွက်ခွာသည့် ယာဉ်တန်းများ၏ ထက်ဝက်ခန့် မြ၀တီသို့ နောက်ကြောင်းပြန်လှည့်ခဲ့ရသည်။

Geen opmerkingen: