မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

donderdag 3 maart 2011

SSA-S က PNO ၏ မူးယစ်ဆေးဝါး စက်ရုံကို ဝင်တိုက်

ဧရာဝတီ THURSDAY, 03 MARCH 2011 18:02
စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသော ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)နှင့် ရှမ်းပြည် တပ်မတော် တောင်ပိုင်း (SSA-S)တပ်ဖွဲ့ဝင်များ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က တိုက်ပွဲ ဖြစ်ပွားခဲ့ရာ ပအိုဝ်းတပ်ဖွဲ့ဝင် ၆ ဦး ကျဆုံး၍ လက်နက် တချို့တို့ကို SSA-S က သိမ်းဆည်းရမိခဲ့သည်။
၂၀၁၀ပြည့်နှစ်ဖေဖော်ဝါရီလအတွင်းကလွယ်တိုင်းလျန်းဒေသတွင်ရှမ်းပြည်အမျိုးသားနေ့၌ စစ်ရေးပြနေသော ရှမ်းပြည်တပ်မတော် တောင်ပိုင်း (SSAS) တပ်ဖွဲ့ဝင်များ
SSA-Sတပ်ဖွဲ့ဝင်များသည်ဒေသခံပြည်သူများသတင်းပေးမှုများကြောင့်ရှမ်းပြည်နယ်တောင်ပိုင်း နမ့်ဇန်မြို့နယ်မှ၄၀ကီလိုမီတာခန့်အကွာရှိမူးယစ်ဆေးဝါးထုတ်လုပ်နေသည့်စက်ရုံတွင် လုံခြုံရေးယူပေးနေသော ပအိုဝ်းတပ်ဖွဲ့ဝင်များကို ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်ပြီး၇ နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းSSA-Sမှ လက်ထောက် ပြောခွင့်ရပုဂ္ဂိုလ် စိုင်းဆိုင်မိဏ်းက ဧရာဝတီသို့ ပြောသည်။
စိုင်းဆိုင်မိဏ်းက ဆက်လက်၍ “သူတို့ချက်မယ့် ဘိန်းအစိမ်း ပိဿာပေါင်း ၁၀၀ ကို ကျနော်တို့ ဖမ်းဆီးရမိပါတယ်။ ဘိန်းချက်တဲ့နေရာမှာ အသုံးပြုတဲ့ ဓာတုပစ္စည်း အရည် ၅ ပုံးကိုလည်း သိမ်းဆည်းရမိပါတယ်။ ပြီးတော့ သူတို့ရဲ့ လက်နက် တချို့ကိုလည်း သိမ်းဆည်းရမိပါတယ်” ဟု ပြောသည်။
တိုက်ပွဲတွင် ပအိုဝ်းတပ်ဖွဲ့ဝင် ၆ ဦးကျဆုံးသည်ဟု သတင်းရရှိထားပြီး ထိခိုက် ဒဏ်ရာရရှိသူများ စာရင်းကိုမှု မသိရသေးကြောင်း၊ ယင်း စက်ရုံအတွက် လုံခြုံရေးယူပေးနေသော ပအိုဝ်းတပ်ဖွဲ့ဝင် ခန့်မှန်ခြေ အင်အား ၅၀ ခန့်ရှိပြီး SSA-Sဘက်မှ တပ်ဖွဲ့ စစ်ကြောင်းတကြောင်းစာ ရှိကြောင်း၊SSA-Sဘက်မှ ကျဆုံးမှု မရှိကြောင်း ၎င်းက ဆိုသည်။
တောင်ကြီးမြို့တွင်ရှိသော PNOရုံးကို ဧရာဝတီက ဆက်သွယ်၍ မေးမြန်းခဲ့ရာ ဖုန်းလက်ခံဖြေဆိုသူ ခွန်အောင်စိုးက အခြေအနေများကို ဘာမျှ မသိရှိရကြောင်း ပြန်လည် ဖြေကြားသည်။
ဦးအောင်ခမ်းထီ ခေါင်းဆောင်သည့် PNOသည် ၁၉၉၁ ခုနှစ် ဧပြီလတွင် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး ပြုလုပ်ခဲ့ပြီး ၁၉၉၃ တွင် အမျိုးသား ညီလာခံသို့ တက်ရောက်ခဲ့သည်။
အပစ်အခတ်ရပ်စဲပြီးနောက် PNOသည် ရှမ်းပြည်တောင်ပိုင်း အထူးဒေသ ၆ ကို ထိန်းချုပ်ထားသည်။ စစ်အစိုးရကPNOကို စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခွင့် ပေးခဲ့သည်။ ယင်းနောက်PNOသည် ပတ္တမြားနဂါး ကျောက်စိမ်းနှင့် ကျောက်မျက်ရတနာ ကုမ္ပဏီကို ထူထောင်ခဲ့ပြီး ဦးနေ၀င်းထွန်းကို စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရန် တာဝန်ပေးခဲ့သည်။
ဦးနေ၀င်းထွန်းသည် PNO၏အမျိုးသား လွှတ်တော် ကိုယ်စားလှယ် တဦးလည်း ဖြစ်ပြီး ရှမ်းပြည်နယ် အမှတ် (၉) မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
PNO ပိုင် ကုမ္ပဏီသည် ရှမ်းပြည်နယ်ရှိ မိုင်းရှုး၊ ကချင်ပြည်နယ်ရှိ ဖားကန့်၊ တောမှော်၊ စစ်ကိုင်းတိုင်းရှိ ကောလင်း၊ မန္တလေးတိုင်းရှိ မိုးကုတ်တို့တွင် ကျောက်မျက်ရတနာနှင့် ရွှေတူးဖော်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းတွင် ၎င်းတို့ ရှာဖွေတွေ့ရှိခဲ့သည့် တန်ချိန် ၃၀၀၀ ရှိ ကျောက်စိမ်းတုံးကြီးကို စစ်အစိုးရအား လွှဲပြောင်းလှူဒါန်းခဲ့သည်။


 

Geen opmerkingen: