မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

donderdag 27 mei 2010

မင်္ဂလာဈေးကို၂လအတွင်းအပြီးပြင်ဆင်မည်

မင်းသက်
ကြာသပတေးနေ့၊မေလ၂၇ရက်၂၀၁၀ခုနှစ်၁၈နာရီ၅၄မိနစ် .
ရန်ကုန်(မဇ္ဈိမ)။ ။မီးလောင်ကျွမ်းထားသော မင်္ဂလာဈေးကို ၂ လအတွင်း ပြန်လည်ပြီးစီးအောင် ပြန်လည်ပြင်ဆင်မည်ဖြစ်ပြီး ယာယီဈေးရောင်းရန် အနီးနားရှိ နေရာ ၃ ခုကို ရန်ကုန် စည်ပင်သာယာရေး ကော်မတီက ယနေ့ သတ်မှတ်လိုက်သည်။
မင်္ဂလာဈေးသစ်၊မင်္ဂလာမွန်ဈေးနှင့်မင်္ဂလာမွန်ဈေးဘေးရှိမြေကွက်လပ်များတွင်ယာယီရောင်းချခွင့် ပြုကြောင်း ကြာသပတေးနေ့က စည်ပင်သာယာနှင့် ဈေးသည် ၅ဝဝခန့်တွေ့ဆုံပွဲတွင် စည်ပင်အတွင်းရေးမှူး ဦးအောင်သန်းဝင်းက ပြောသွားသည်။
မီးလောင်ခဲ့သော မင်္ဂလာဈေးကို ၂ လ အတွင်း စည်ပင်သာယာ အဆောက်အအုံဌာနက တာဝန်ယူကာ အကြီးစား အမြန်ဆုံး ပြန်လည် တည်ဆောက်ပေးမည် ဟုလည်း စည်ပင်နှင့် ဆိုင်ရှင်များ တတိယအကြိမ် တွေ့ဆုံပွဲတွင် ဦးအောင်သန်းဝင်းက ပြောသည်။
ဆိုင်ခန်း ၄ဝဝဝ ကျော်အတွက် ပြန်လည် နေရာချထားပေးရမည်ဖြစ်ကာ အဓိက မီးလောင်ကျွမ်းခဲ့သော စတုတ္တထပ်မှ ဆိုင်များအတွက် မင်္ဂလာမွန်ဈေးသစ်နှင့် မင်္ဂလာဈေးတို့ရှိ ဆိုင်ခန်းလွတ်များတွင် ယာယီနေရာချထားပေးမှာဖြစ်ပြီး ကျန်အထပ်များကိုတော့ မြေကွက်လပ်တွင် ရောင်းချခွင့်ပြုမည်။
ယာယီဈေးသစ်နေရာအားလုံးသည် မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ နာရီပေါင်း ၃၃ နာရီကြာ မီးလောင်ကျွမ်းခဲ့သော မြန်မာနိုင်ငံ၏ အရေးပါသော လက္ကားဈေးကြီးနှင့် ကပ်လျက်တည်ရှိသည်။
နှစ် ၂ဝ အတွင်း မီးလောင်ချိန် အကြာဆုံးဖြစ်သည့် မေ ၂၄ ရက်နေ့ နံနက်က စတင်သော မီးကြောင့် လူ ၄ ဦး ဒဏ်ရာရရှိကာ ဆိုင်ခန်းပေါင်း ၈၄၅ ခန်း မီးလောင်ပြီး ကျပ်ငွေ ၂၁ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂၁ သန်း) ဆုံးရှုံးခဲ့သည်ဟု မီးသတ်ဦးစီးဌာနက ထုတ်ပြန်သည်။
”ဒါကခန့်မှန်းခြေပေါ့။အမှန်ကတော့အဲဒီထက်အများကြီးပိုပါသေးတယ်”ဟုအမည်မဖော်လိုသူမီးသတ်အရာရှိတဦးက မဇ္ဈိမကို ပြောသည်။

Geen opmerkingen: