မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 21 mei 2010

DKBAအရာရှိပိုင်ပွဲရုံဗုံးကွဲ

ဘစောတင် Friday, May 21, 2010
.ကရင်ပြည်နယ်မြဝတီမြို့ကုန်သွယ်ရေးဇုန်အတွင်းရှိတိုးတက်သောဗုဒ္ဓဘာသာကရင်အမျိုးသား တပ်မတော်(DKBA)မှအရာရှိတဦးပိုင်ဆိုင်သောပွဲရုံတွင်ယမန်နေ့ညသန်းခေါင်ယံအချိန်၌ဗုံးပေါက်ကွဲကြောင်း သတင်းရရှိသည်။
                                   ဗိုလ်မှူးကြီးစောချစ်သူ(ဓာတ်ပုံ - sawkyawkhwi.blogspot.com)
DKBAအမှတ်၉၉၉တပ်မှဗိုလ်ချစ်သူဟုလူသိများသောစစ်ဗျူဟာမှူးဗိုလ်မှူးကြီးစောချစ်သူပိုင်ဆိုင်သည့် ရွှေဝါမြေ ပွဲရုံ အနောက်ဘက်တွင် ည ၁၂ နာရီ ၄၅ မိနစ်ခန့်က ဗုံးတလုံး ပေါက်ကွဲခြင်းဖြစ်သည်။
“ညက ဗိုလ်ချစ်သူ ပွဲရုံမှာ မိုင်းဗုံးတလုံးကွဲတယ်၊ အခန်း ၄ ခန်းတွဲမှာ အခန်းအမှတ် ၃ ရဲ့အနောက်ဘက် မိလ္လာကန် နားမှာ ထောင်ထားတာ၊ အဲဒီ ပေါက်ကွဲမှုကြောင့် ပွဲရုံက မှန်ပြတင်းတွေ ကွဲတယ်၊ ညဆိုတော့ လူတွေ ဘာတွေ အထိအခိုက် မရှိပါဘူး”ဟု မြဝတီမှ ရဲတဦးက ဧရာဝတီသို့ ပြောသည်။
ဗုံးပေါက်ကွဲပြီးနောက် နာရီပိုင်းအတွင်း သေနတ်သံ ၄ ချက် ကြားရကြောင်း၊ ရဲများက သွားရောက် စစ်ဆေး ရာ မပေါက်ကွဲသေးသည့် ဗုံးတလုံး ထပ်မံ တွေ့ရှိရကြောင်း အဆိုပါ ရဲဝန်ထမ်းက ပြောသည်။
ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ မည်သူ့လက်ချက်ဟု မသိရသေးပေ။ ဗုံးပေါက်ကွဲပြီးနောက် မြဝတီမြို့ရှိ ကုန်သည်ကြီးများ၏ လုံခြုံရေးကို စောင့်ကြည့်ပေးနေရသည်ဟုလည်း သိရသည်။
“ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ ဒေါ်သင်းသင်းမြတ်နဲ့ သူဌေး ဦးကျော်ဟိန်းတို့က အကူအညီတောင်းလို့ မြဝတီ ရဲစခန်းက လုံခြုံရေး ယူပေးထားတယ်၊ ဘာဖြစ်လို့လဲဆိုတော့ တောတွင်းအဖွဲ့အစည်းက စာပို့ပြီး ငွေ တောင်းထားတာ ရှိတယ်”ဟု မြဝတီမှ ကုန်သည်တဦးက ပြောသည်။
မြဝတီ အာဏာပိုင်များက အဆိုပါ ကုန်သည်ကြီးနှစ်ဦးအား မိသားစုလိုက် ခေတ္တ တိမ်းရှောင်နေရန် သတိပေး ကြောင်း၊ ရဲများက ကုန်သွယ်ရေးဇုန်အတွင်းရှိ ဂိုထောင်နှင့် အခန်းများကို ရှာဖွေရေးလုပ်မည်ဟု သိရကြောင်း ယင်းကုန်သည်ကြီးက ဆက်လက် ပြောပြသည်။
ပြီးခဲ့သည့် မတ်လကုန်ပိုင်းက မြ၀တီမြို့ ရွှေကုက္ကိုမြိုင် ကျေးရွာတွင် ဗိုလ်ချစ်သူပိုင် “ချစ်သူမြိုင်စံအိမ်” ဟု အမည် ပေးထားသော အိမ်သစ် တက်ပွဲကို ကျပ် သိန်း ရာချီ အကုန်အကျခံပြီး ကျင်းပခဲ့သေးသည်။
DKBAသည်၁၉၉၅ခုနှစ်တွင်ကရင်အမျိုးသား အစည်းအရုံး (KNU)မှ ခွဲထွက်ပြီးနောက် တဖြည်းဖြည်း အင်အား ကြီးမားလာသည့် လက်နက်ကိုင် အဖွဲ့ဖြစ်သည်။

Geen opmerkingen: