မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 24 mei 2010

ကားမှောက်၍မြန်မာအလုပ်သမား၁၃ယောက်သေ

ဘစောတင် Monday, May 24, 2010
.ထိုင်းအာဏာပိုင်များလိုက်၍ထွက်ပြေးရာမှကားတိမ်းမှောက်ပြီးမြန်မာရွှေ့ပြောင်းအလုပ်သမား၁၃ဦး သေဆုံးမှု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။
မေလ၂၃ ရက်နေ့ကထိုင်းနိုင်ငံအနောက်ပိုင်းဖက်ချဘူရီခရိုင်၊ချအမ်းမြို့အနီးတွင်မြန်မာရွှေ့ပြောင်း အလုပ်သမား ၁၆ဦးကိုတင်ဆောင်လာသောကားအားရဲကားကလိုက်စဉ်မောင်းပြေးရာမှ အရှိန်မထိန်းနိုင်ဘဲ ချောက်ထဲသို့ပြုတ်ကျပြီးသစ်ပင်ကိုဝင်တိုက်မိခြင်းဖြစ်သည်ဟုထိုင်းရုပ်သံလိုင်းအမှတ်၇က ကြေညာသွားသည်။
“မိုးတွေကရွာနေတယ်၊ကားကလမ်းဘေးကိုချော်ကျပြီးတော့ပါလာတဲ့လူတွေထဲက၉ယောက်သေသွားတယ်” ဟု ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရအဖွဲ့ မှရွှေ့ပြောင်းအလုပ်သမားရေးရာတာဝန်ခံ ကိုသက်ခိုင်က ပြောသည်။
ကျန်၎ဦးမှာဆေးရုံရောက်ပြီးမှသေဆုံးခြင်းဖြစ်ကြောင်း၊ရွှေ့ပြောင်းအလုပ်သမားများကို တင်ဆောင်လာသောကားသည် စမွတ်စာခွန်ခရိုင်ရှိ ရနောင်းမြို့မှ ထွက်ခွာလာခြင်း ဖြစ်ကြောင်း သိရသည်။
ကားသမားမှာ ထိုင်းနိုင်ငံသားဖြစ်ပြီး ချအမ်းရဲစခန်းတွင် ဖမ်းဆီးထားကြောင်း အခြေခံလူထု လူ့အခွင့်အရေး ပညာပေးဌာန (GHRE) မှ အလုပ်သမားရေးတာ တာဝန်ခံ ကိုမိုးဝေက ပြောသည်။
“ကားပေါ်မှာ ပါလာတဲ့လူတွေက တနေရာကနေ တနေရာကို ပြောင်းပြီး အလုပ်လုပ်ဖို့ ပွဲစားနဲ့ လာကြရင်း အခုလို ဖြစ်သွားကြတာ” ဟု ကိုမိုးဝေက ဆက်လက်ပြောသည်။
GHREမှာဒါရိုက်တာဦးထူးချစ်ကလည်း“ကျနော်တို့အတွေ့အကြုံအရအနှစ်၂၀အတွင်းမှာအခုလိုသေတာ ဒဏ်ရာရတာ မကြာခဏပဲ ကြုံရတယ်။ အခုနောက်ပိုင်းမှာတော့ အလုပ်သမားဥပဒေ၊ ထိုင်းဥပဒေတွေအရ အလုပ်သမားတွေရဲ့ ရပိုင်ခွင့်တွေကို တောင်းဆိုကြလို့ ရကြတာတွေ ရှိတယ်” ဟု ပြောသည်။
ပြီးခဲ့သည့်ဇန်နဝါရီလကတာ့ခ်ခရိုင်တွင်ထိုင်းသို့ခိုးဝင်လာသည့် မြန်မာ၉ဦးတောထဲ၌ ပစ်သတ်ခံခဲ့ရသည်။ ဖေဖော်ဝါရီလတွင်ထိုင်း-မြန်မာနယ်စပ်ရနောင်းမြို့၌ထိုင်းရဲကပစ်ခတ်သောကြောင့် ကလေး ၃ ဦး သေပြီး လူကြီး ၅ ဦး ဒဏ်ရာရခဲ့သည်။

Geen opmerkingen: