မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 25 mei 2010

မြန်မာသို့EUကိုယ်စားလှယ်တဖွဲ့စေလွှတ်မည်

ခက်ထန် Tuesday, May 25, 2010
.ဥရောပသမဂ္ဂ(EU)ကမြန်မာ့ဒီမိုကရေစီရေးဖိအားပေးရန်ချဉ်းကပ်မှုအသစ်တစိတ်တပိုင်းအနေဖြင့် ကိုယ်စားလှယ်အဖွဲ့တဖွဲ့မြန်မာနိုင်ငံသို့စေလွှတ်မည်ဟုစပိန်နိုင်ငံခြားရေးဝန်ကြီးဌာနမှအဆင့်မြင့် အရာရှိတဦးက ပြောသည်။
အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာနိုင်ငံခြားရေးမူဝါဒအထွေထွေညွန်ကြားရေးမှူးဟိုဆေးယူဟင်နီယို ဆလာရစ်ခ်ျ
EU၏မဟာမိတ်များ ဖြစ်သော အမေရိကန်နှင့် သြစတြေးလျတို့က စီးပွားရေး ပိတ်ဆို့ အရေးယူမှုများ ဆက်လက် လုပ်ဆောင် ထားသည့်တိုင် ယင်းသို့ စေလွှတ်ခြင်းမှာ “တွေ့ဆုံ ဆွေးနွေးရေး အတွက် တံခါးဖွင့်ပေးခြင်း” ဖြစ်သည်ဟု အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာနိုင်ငံခြားရေးမူဝါဒအထွေထွေ ညွန်ကြားရေးမှူး ဟိုဆေး ယူဟင်နီယို ဆလာရစ်ခ်ျ (JoseEugenioSalarich)ကစပိန်နိုင်ငံ မက်ဒရစ်မြို့တွင်EUနှင့် အာဆီယံ ဆွေးနွေးပွဲ၌ ပြီးခဲ့သည့် သီတင်းပတ်က ပြောကြားခဲ့သည်။
စပိန်အပါအဝင်EUသည် မြန်မာနိုင်ငံကို လုံးလုံး အထီးကျန်စေသည့် မူဝါဒအပေါ် မယုံကြည်ဟု ဆလာရစ်ခ်ျ က ပြောကြောင်း ဂျာမန် DPA သတင်းဌာနက ဖော်ပြသည်။
တွေ့ဆုံဆွေးနွေးရေးအတွက် အလားအလာရှိသည်ဟု ဆလာရစ်ခ်ျက မကြာသေးမီက ရန်ကုန်သို့ သွားခဲ့သည့် အမေရိကန်နိုင်ငံ၏ အရှေ့ အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ကာ့တ် ကမ်းဘဲလ်ကို ကိုးကား၍ ပြောသွားသည်။
ရခိုင်တိုင်းရင်းသားခေါင်းဆောင် ဦးအေးသာအောင်က “ဥရောပ သမဂ္ဂက မြန်မာနိုင်ငံကို အဖွဲ့တွေဘာတွေ စေလွှတ်မယ်ဆိုရင်NLDအပါအဝင်ဒီမိုကရေစီ အင်အားစုတွေ၊ တိုင်းရင်းသား ပါတီတွေရဲ့ အသံတွေကို နားထောင်ဖို့လိုပါလိမ့်မယ်၊ရွေးကောက်ပွဲအပြီးမှာတက်လာမယ့်ရုပ်ပြအစိုးရကိုအဲဒီအဖွဲ့တွေနဲ့ပူးပေါင်းပြီး သုံးသပ်နိုင်စွမ်းရှိရမယ်၊အဲဒါမှမြန်မာနိုင်ငံဒီမိုကရေစီအရေးအတွက်ဘာတွေလိုအပ်မလဲဆိုတာကို သူတို့တွေ သဘောပေါက်လာပါလိမ့်မယ်” ဟု ဧရာဝတီသို့ ပြောသည်။
EUနှင့်အာဆီယံမှနိုင်ငံခြားရေးဝန်ကြီးများသည်မေလ၁၉ ရက်နေ့က မက်ဒရစ်မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး မေလ ၁၅ ရက်နေ့တွင် အဆင့်မြင့် ကိုယ်စားလှယ်များ ထပ်မံ တွေ့ဆုံ ဆွေးနွေးသည်။
EU အဖွဲ့ဝင် နိုင်ငံများမှ သံတမန်များသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင်များနှင့် ယခုနှစ် ဖေဖော်ဝါရီ လကုန်ပိုင်းတွင် ရန်ကုန်မြို့၌ တွေ့ဆုံပြီး ၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်သည့် သဘောထားများကို မေးမြန်းခဲ့ကြသေးသည်။
မြန်မာစစ်အစိုးရအပေါ် ဒဏ်ခတ်ပိတ်ဆို့ထားခြင်းကို သက်တမ်းတနှစ် ထပ်မံတိုးလိုက်ကြောင်း ပြီးခဲ့သည့် ဧပြီလတွင်EUကကြေညာခဲ့သည်။ သက်တမ်းတိုးကြောင်း ကြေညာရာတွင် ၂၀၁၀ ရွေးကောက်ပွဲ ဥပဒေသည် လွတ်လပ်ပြီး တရားမျှသည့် ရွေးကောက်ပွဲ ဖြစ်မြောက်ရန် ရေးဆွဲထားခြင်းမဟုတ်ဟု ဖော်ပြခဲ့သည်။
၂၀၁၀ ရွေးကောက်ပွဲကို ဥရောပနိုင်ငံများက အသိအမှတ် မပြုရေး အတွက် လှုပ်ရှားမှုများ ဆက်လုပ်ရန်ရှိကြောင်း ဗြိတိန်နိုင်ငံအခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့(BurmaCampaignUK) တွင်နိုင်ငံတကာဆက်ဆံရေး တာဝန်ခံအဖြစ် ဆောင်ရွက်နေသူ ဇိုယာဖန်းက ဧရာဝတီနှင့် အင်တာဗျူးတွင် ပြောထားသည်။
ဥရောပ၂၇နိုင်ငံမှလွှတ်တော်အမတ်၇၃၆ ဦးဖြင့်ဖွဲ့စည်းထားသောဥရောပပါလီမန်ကစစ်အစိုးရ ထုတ်ပြန်ထားသော ရွေးကောက်ပွဲဥပဒေများကိုပြန်လည်ရုပ်သိမ်းပေးရန်မေလ၁၉ရက်နေ့က တောင်းဆိုခဲ့သေးသည်။

Geen opmerkingen: