မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 24 mei 2010

ကော့သောင်းတွင်သံဃာအတုဟုယူဆရသူများဖမ်းမိ

သန်းထိုက်ဦး Monday, May 24, 2010
.တနင်္သာရီတိုင်းကော့သောင်းမြို့တွင်ဗုဒ္ဓဘာသာရဟန်းသံဃာအယောင်ဆောင်၍ရောက်ရှိလာသော မြန်မာနိုင်ငံသား၂၄ဦးခန့်ကိုလွန်ခဲ့သည့်တပတ်အတွင်း၌အဏာပိုင်များကဖမ်းဆီး ခဲ့ကြောင်းဒေသခံများက ပြောသည်။
အဆိုပါ မြန်မာ နိုင်ငံသား များသည် ထိုင်းနိုင်ငံ ရနောင်းမြို့သို့ အလုပ် အကိုင် ရှာဖွေရန် လာကြသူများ ဖြစ်ပြီး ကော့သောင်း လေဆိပ်နှင့် သင်္ဘောဆိပ် တို့တွင် အာဏာပိုင်များ၏ စစ်ဆေး ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်း ဖြစ်သည်ဟု ကော့သောင်းမြို့တွင် နေထိုင်သူ တဦးက ဧရာဝတီသို့ ပြောဆိုသည်။
“ကော့သောင်းက နေပြီးတော့ ထိုင်းနိုင်ငံကို အလုပ် သွားလုပ်ဖို့ကို လာဖို့သွားဖို့ ခက်ခဲတော့ ဘုန်းကြီး ၀တ်နဲ့ဆို လွယ်မှာပဲ ဆိုပြီးတော့ ဘုန်းကြီး ၀တ်ပြီးတော့ လာကြတာ”ဟု ၎င်းက ပြောသည်။
ဘုန်းကြီး ၀တ်များဖြင့် လာကြသူများကို ကော့သောင်းမြို့ရှိ ဆရာတော် တချို့နှင့် အမေးအဖြေ လုပ်ခဲ့ရာမှ သံဃာ အတုများ ဖြစ်သည်ကို ဒေသခံ အာဏာပိုင်များက သိရှိသဖြင့် အဖမ်းခံရခြင်း ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
ယင်း ဖမ်းဆီးထား သူများကို ကော့သောင်းမြို့ရှိ မြို့နယ် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ (မယက) ရုံးများတွင် နေရာခွဲ၍ ထိန်းသိမ်း ထားကြောင်း ဒေသခံများက ပြောသည်။
ကော့သောင်းမြို့တွင် ခရီးသည် တဦး အနေဖြင့် ဆွေမျိုး၊ အသိမိတ်ဆွေ မရှိပါက သွားလာနေထိုင်ရန် အခက်အခဲရှိကြောင်း သိရသည်။
ယင်းသို့ ရောက်ရှိ လာသော ခရီးသည် များကိုလည်း အာဏာပိုင်များက နယ်မြေခံများ၏ အာမခံချက်နှင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားများကို သိမ်းထားကာ မိမိနေထိုင်ရာ အရပ်သို့ ပြန်မှသာလျှင် နိုင်ငံသား ကတ်များကို ပြန်ပေးကြောင်း သိရသည်။
ဒေသခံများ၏ ပြောပြချက်အရ မွန်ပြည်နယ်နှင့် တခြားမြို့များမှ မြန်မာနိုင်ငံ သားများသည် အလုပ်အကိုင် ရှာဖွေရန် အတွက် ကော့သောင်းမြို့မှ တဆင့် နယ်စပ် ဖြတ်ကျော်၍ ထိုင်းနိုင်ငံနှင့် မလေးရှား နိုင်ငံများသို့ သွားရောက်လျှက် ရှိကြောင်း သိရသည်။
တချိန်တည်းမှာပင်ထိုင်းနိုင်ငံတောင်ပိုင်းချအမ်းမြို့နယ်တွင်ယမန်နေ့ကမြန်မာရွှေ့ပြောင်းအလုပ် သမားများကိုတင်ဆောင်လာသောကားတစီးမတော်တဆတိမ်းမှောက်သွားသောကြောင့်အလုပ်သမား၉ဦး သေဆုံးသွားကြောင်းထိုင်းသတင်းများကဖော်ပြသည်။
သေဆုံး သူများသည် အမျိုးသား ၅ ဦး၊ အမျိုးသမီး ၂ ဦး နှင့် ကလေးငယ် ၂ ဦးတို့ ဖြစ်ကြောင်း သိရသည်။

Geen opmerkingen: