မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 24 mei 2010

ထက်ထက်မိုးဦးသတင်းကြောင့်ဂျာနယ်၂စောင်အပိတ်ခံရ

အေးချမ်းမြေ့ Monday, May 24, 2010
.ခွင့်မပြုသည့်သတင်းကိုဖော်ပြသည့်အတွက်ဂျာနယ်၂စောင်အားယာယီပိတ်လိုက်ကြောင်းမြန်မာနိုင်ငံ စာပေစိစစ်နှင့်မှတ်ပုံတင်ဌာနတွင်စာကပ်ထားသည်ဟုသတင်းရရှိသည်။
TheVoiceဂျာနယ်နှင့်FirstMusicဂျာနယ်တို့ကိုစာပေစိစစ်ရေးက၁၉၆၂ခုနှစ်အက်ဥပဒေအရပိတ်ပင်ခြင်းဖြစ်သည်ဟုရေးသားထားပြီးမည်သည့်သတင်းနှင့်ပတ်သက်၍ပိတ်ပင်သည်ဟု ရေးသားထားခြင်းမရှိကြောင်း စာပေစိစစ်ရေးသို့ ရောက်ရှိ ခဲ့သည့် သတင်းသမား တဦးကပြောသည်။

ယာယီအပိတ်ခံရသည့်FirstMusicဂျာနယ်အချပ်ပိုတွင်သရုပ်ဆောင်ထက်ထက်မိုးဦးသတင်း ဖော်ပြထားသည်ကိုဤသို့ တွေ့ရသည်(ဓာတ်ပုံ-မိုးမခ)
သို့ရာတွင်ရန်ကုန်အခြေစိုက်သတင်းဂျာနယ်တစောင်မှအယ်ဒီတာတဦးကမူသရုပ်ဆောင် ထက်ထက်မိုးဦးနှင့်7DayNewsဂျာနယ်သတင်းထောက်တို့ပဋိပက္ခဖြစ်သည့်သတင်းကို ဖော်ပြသည့်အတွက် ယခုကဲ့သို့ ပိတ်ပင်ခံရခြင်း ဖြစ်ကြောင်း ပြောသည်။
“အဲဒီသတင်းကိုစိစစ်ရေးကမဖော်ပြနဲ့လို့ပြောနေတဲ့ကြားကဖော်ပြလိုက်လို့ယာယီပိတ်လိုက်တာပါ။ တပတ်တည်းလည်းဖြစ်နိုင်တယ်။ဘယ်လောက်ကြာကြာပိတ်မှာလဲဆိုတာကတော့မပြောတတ်ဘူး” ဟုအဆိုပါအယ်ဒီတာကပြောသည်။
အဆိုပါသတင်းကိုသရုပ်ဆောင်ထက်ထက်မိုးဦးကဖော်ပြခွင့်မပြုရန်စာပေစိစစ်ရေးသို့ တင်ပြထားခြင်းဖြစ်ကြောင်း ဧရာဝတီ မဂ္ဂဇင်းနှင့် အင်တာဗျူးတွင် ဖြေကြားထားပြီး ဖြစ်သည်။
“ဘာမှတော့အကြောင်းမပြန်ဘူး။ဒါပေမယ့်သတင်းကြားတာTheVoiceဂျာနယ်ကိုခဏပိတ်လိုက်တယ်လို့ ကြားတယ်လေ” ဟုထက်ထက်မိုးဦးကပြောသည်။
အဆိုပါကိစ္စရပ်နှင့်ပတ်သက်၍စာပေစိစစ်ရေး၏လုပ်ရပ်အပေါ်အံ့သြမိသည်ဟုထိုင်းနိုင်ငံ မြန်မာသတင်းသမဂ္ဂအတွင်းရေးမှူးဦးစံမိုးဝေကပြောသည်။
“မင်းသမီးတယောက်က အခုလို ဖိအားပေးရုံနဲ့ မြန်မာနိုင်ငံရဲ့ စာပေစိစစ်ရေးလို ဌာနကြီးက နားထောင်ပြီး အရေးယူပေးတယ် ဆိုတာကတော့ တော်တော် စဉ်းစားရကျပ်တယ်” ဟု သူက ဆိုသည်။
ထက်ထက်မိုးဦးအနေနှင့်၎င်း၏ကိုယ်ရေးကိုယ်တာကိစ္စများနှင့်ပတ်သက်၍ဖော်ပြခွင့်မပြုရန် စာပေစိစစ်ရေးသို့တင်ထားခဲ့သော်လည်းယခင်အကြိမ်များကဂျာနယ်နှင့်မဂ္ဂဇင်းများတွင်ဖော်ပြခွင့်ပေးခဲ့ရာ စိတ်မကောင်းဖြစ်ရသည်ဟု ဧရာဝတီ မဂ္ဂဇင်းနှင့် အင်တာဗျူးတွင် ပြောထားသည်။
ထက်ထက်မိုးဦးနှင့်သတင်းထောက်အေးသူစံတို့ပဋိပက္ခဖြစ်သည့်ကိစ္စရပ်ကိုအင်တာနက် စာမျက်နှာများပေါ်တွင်အပြန်အလှန်ဆွေးနွေးငြင်းခုန်မှုများရှိနေသည်။သတင်းစာဆရာကြီး လူထုစိန်ဝင်းနှင့် စာရေးဆရာသတင်းစာဆရာမောင်ဝံသတို့ကဲ့သို့သောဝါရင့်သတင်းစာပညာရှင်များကိုယ်တိုင်Weekly Elevenဂျာနယ်သို့ပေးသည့်အင်တာဗျူးအပေါ်မူတည်၍အဆိုပါငြင်းခုန်မှုများဖြစ်လာရသည်ဟုသိရသည်။
သတင်းစာဆရာကြီး လူထုစိန်ဝင်းက “မင်းသား မင်းသမီးကို နှမ်းအကြောင်း၊ ပဲ အကြောင်း၊ ဆီအကြောင်း၊ ဆန်အကြောင်းမေးပြီးရေးရင်လည်းပရိသတ်ကစိတ်ဝင်စားမှာမဟုတ်ဘူး….။မင်းသမီးက မဖြေချင်ဘူးဆိုရင် ငြင်းပိုင်ခွင့်ရှိတယ်။ ကြိုက်သလို ဖြေလို့ရတယ်။ ဖြေပြီးမှ ဒါတော့ မရေးပါနဲ့ ဆိုပြီး ကိုယ်ရေးကိုယ်တာမို့ Off The Record လုပ်လို့ရတယ်” ဟု Weekly Eleven ဂျာနယ်တွင် ပြောထားသည်။
ဆက်လက်၍၎င်းကသတင်းထောက်အေးသူစံအနေနှင့်လွန်သည်ဟုမဆိုနိုင်ကြောင်း၊သတင်းထောက် ဆိုသည်မှာမစပ်စုရသည့်ကိစ္စဟူ၍မရှိကြောင်း၊သတင်းထောက်တွင်စပ်စုရန်အခွင့်အရေး ရှိကြောင်းပြောထားသည်။
“မမေးရတဲ့မေးခွန်းဆိုတာမရှိဘူး၊မရေးသင့်တဲ့အကြောင်းအရာဆိုတာပဲရှိတယ်။ဒါကတော့ရေးတဲ့နေရာမှာ သတင်းထောက်က သူ့ဟာသူ ဆုံးဖြတ်လိမ့်မယ်” ဟု လူထုစိန်ဝင်းက ဆိုထားသည်။
စာရေးဆရာ၊သတင်းစာဆရာမောင်ဝံသကလည်းထက်ထက်မိုးဦးအနေနှင့်မီဒီယာသမားကို ကိုယ်ထိလက်ရောက်ကျူးလွန်ခြင်းသည်မီယာသမားသာမကမီဒီယာကိုယ်စားပြု စာဖတ်ပရိသတ်များကိုပင် မခန့်လေးစား ပြုရာရောက်သည်ဟု Weekly Eleven ဂျာနယ်ကို ပြောသည်။
ထက်ထက်မိုးဦးနှင့် သတင်းထောက် အေးသူစံ ပြဿနာကို မည်သူမှန်သည်၊ မည်သူမှားသည်ဟူ၍ အင်တာနက် စာမျက်နှာ တခုပေါ်တွင် စစ်တမ်းကောက်ယူထားသည် ကိုလည်း တွေ့ရသည်။
လူထုစိန်ဝင်းနှင့်မောင်ဝံသတို့၏ပြောကြားချက်များမှာWeeklyElevenဝက်ဘ်ဆိုက်မှတဆင့်ပျံ့နှံ့နေခြင်း ဖြစ်ပြီးအဆိုပါပြောကြားချက်များကိုစာပေစိစစ်ရေးကဂျာနယ်စာမျက်နှာပေါ်တွင်ဖော်ပြခွင့်မပြုကြောင်း သိရသည်။
နာမည်ကျော် ရုပ်ရှင်သရုပ်ဆောင် ထက်ထက်မိုးဦးသည် စာနယ်ဇင်းသမားတဦးကို ဆံပင်ဆွဲပြီး လည်ပင်း ညှစ်ခဲ့သဖြင့် တရားစွဲခံနေရသည် ဟူသော သတင်းမှာ ယခု ရက်ပိုင်းအတွင်း အများ စိတ်ဝင်စားကြသည့် သတင်းဖြစ်သည်။

Geen opmerkingen: