မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 18 mei 2010

ဒေါ်အောင်ဆန်းစုကြည်ဝေဖန်ချက်ကိုNDFတုံ့ပြန်

ဧရာဝတီ Tuesday, May 18, 2010
.ဒေါ်အောင်ဆန်း စုကြည်က ပါတီသစ် ခွဲထောင်ခြင်း အပေါ် ဝေဖန် လိုက်ခြင်းကို အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) က တနင်္လာ နေ့တွင် ကာကွယ် ပြောဆို လိုက်သည်။
NLDအဖွဲ့ဝင်ဟောင်းတချို့ပါတီသစ်ခွဲထောင်ခြင်းသည်ဒီမိုကရေစီနည်းလမ်းမကျဟုဒေါ်အောင်ဆန်းစုကြည်က မေလ ၁၄ ရက်နေ့တွင် ဦးဉာဏ်ဝင်းမှ တဆင့် ဝေဖန်ပြောဆိုလိုက်ပြီးနောက် NDF၏ တုံ့ပြန် ပြောဆိုမှု ထွက်ပေါ်လာခြင်း ဖြစ်သည်။


ဒေါက်တာ သန်းငြိမ်း
“NLD တရားဝင် ပျက်ပြယ်သွားတဲ့ အချိန်မှသာ ကျနော်တို့က ပါတီသစ် ထောင်တာပါ၊ တဦးချင်းအနေနဲ့ ကျနော်တို့ လုပ်ပိုင်ခွင့် ရှိပါတယ်၊ ဒီမိုကရေစီ သမားတဦးအနေနဲ့ ဒေါ်စု ကျနော်တို့အပေါ် နားလည်သင့်ပါတယ်”ဟု NDFပါတီ ခေါင်းဆောင် ဒေါက်တာသန်းငြိမ်းက ပြောသည်။ ဒေါက်တာသန်းငြိမ်းက ဒီမိုကရေစီအရေး ဆောင်ရွက်ရန် ပါတီတရပ် ရှိရန်လိုသည်ဟု ယုံကြည်ထားသည်။
NLD က ပါတီမှတ်ပုံ မတင်ခြင်းသည် အများသဘောတူ လက်ခံထားသည့် ဆုံးဖြတ်ချက် ဖြစ်သောကြောင့် ပါတီသစ် ခွဲထောင်ခြင်းအပေါ် သဘောမကျကြောင်း ဦးဝင်းတင်က ပြောသည်။
NDFသည်ရန်ကုန်မြို့၊မင်္ဂလာတောင်ညွန့်မြို့နယ်တွင်ရုံးဖွင့်လှစ်ထားပြီးရှေ့သီတင်းပတ်အတွင်းရွေးကောက်ပွဲ ကော်မရှင်ထံ ပါတီမှတ်ပုံတင်ရန် လျှောက်ထားမည်ဟု သိရသည်။
ရန်ကုန်မြို့မှ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ တဦးက NDF ခေါင်းဆောင်များသည် NLD မဆောင်ရွက်နိုင်ခဲ့သည့် နိုင်ငံရေး ရည်မှန်းချက်များကို NDFက ပါတီသစ်အနေဖြင့် ဆောင်ရွက်မည်ဟု ထုတ်ဖော်ပြောလာခြင်းအပေါ် ဒေါသဖြစ်မိသည်ဟု ပြောသည်။
တချို့ကလည်း NDFကို ခေါင်းဆောင်သည့် ဒေါက်တာသန်းငြိမ်းသည် ရာထူးမှ ဖြုတ်ချခံရသည့် ယောက်ဖဖြစ်သူ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်နှင့် တွေ့ဆုံခဲ့သည်ဟု စွပ်စွဲ ပြောဆိုမှုများ ထွက်ပေါ်နေသည်။
“၁၉၈၈ ကတည်းက ခင်ညွန့်နဲ့ တခါမှ မတွေ့ဖြစ်ပါဘူး၊ အထောက်အထားရှိရင် သက်သေ ပြစေချင်ပါတယ်” ဟု ဒေါက်တာသန်းငြိမ်းက ငြင်းဆိုသည်။
အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး ကာ့တ် ကမ်းဘဲလ် ရန်ကုန်မြို့သို့ လာရောက်သော သတင်းကို အစိုးရထုတ် သတင်းစာများတွင် ဖော်ပြရာ၌ NLD ကို နိုင်ငံရေး ပါတီဟောင်း ဟု သုံးစွဲ ပြောဆိုထားသည်ကို တွေ့ရသည်။
သို့သော် NLDထိပ်တန်း ခေါင်းဆောင် ဦးဝင်းတင်က စစ်အစိုးရနှင့် ထိပ်တိုက် မတွေ့လိုသောကြောင့် ကြေညာချက် ထုတ်ပြန်ခြင်း၊ အစည်းအဝေးထိုင်ခြင်းများ မရှိစေကာမူ NLDသည် ဆက်လက် တည်ရှိနေဆဲ ဖြစ်သည်ဟု ပြောသည်။
ယနေ့အထိ နိုင်ငံရေးပါတီပေါင်း ၃၈ ဖွဲ့ ရွေးကောက်ပွဲ ကော်မရှင်ထံ မှတ်ပုံတင်ရန် လျှောက်ထားပြီး ပါတီ ၁၇ ဖွဲ့ကို မှတ်ပုံတင်ခွင့် ချထားပေးပြီး ဖြစ်သည်။ စစ်အစိုးရက ရွေးကောက်ပွဲ ကျင်းပမည့် ရက်ကိုမူ ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။

Geen opmerkingen: