မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 19 mei 2010

လူပွဲစား သတိထား

မဇ္ဈိမသတင်းဌာန
ဗုဒ္ဓဟူးနေ့၊မေလ၁၉ရက်၂၀၁၀ခုနှစ်၁၂နာရီ၃၁မိနစ် .
အယ်ဒီတာခင်ဗျား …
စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှာရှိတဲ့ ကျနော်တို့ ချင်းအမျိုးသား ၁၄ ယောက်ကို ပွဲစား ၂ ယောက်က မလေးရှားနိုင်ငံမှာ အလုပ်ရှာပေးမယ်လို့ ပြောပြီးတော့ တယောက်စီကနေ ကျပ် ၈ သိန်းခွဲစီ လိမ်ယူသွားပါတယ်။
ရန်ကုန်မှာ ကျနော်တို့ ၁၄ ယောက်ကို တလလောက်ထားပြီး နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ လုပ်နေတုန်းမှာပဲ အဲဒီ ပွဲစား ၂ ယောက် ထွက်ပြေးတိမ်းရှောင်သွားပါတယ်။ ငွေကတော့ ကျနော်တို့က အပြည့်ပေးပြီးသားပါ။
ဒီနှစ် ဇန်နဝါရီလဆန်းမှာ ကလေးမြို့ တောင်ဖီလာအရပ်မှာနေတဲ့ တယောက်နဲ့ အမည်မသိတဲ့ ပွဲစားတယောက် ကျနော်တို့ဆီ ရောက်လာပါတယ်။ သူတို့က မလေးရှားသွားချင်ရင် ကျပ် ၈ သိန်းခွဲပဲ ကုန်မယ်၊ ၄ လအတွင်း သွားရမယ်၊ မသွားဖြစ်ရင် ငွေပြန်ပေးမယ်လို့ ပြောပြီး ကျနော်တို့ ၁၄ ယောက်ကို ရန်ကုန် ခေါ်သွားပါတယ်။
ဇန်နဝါရီလ ၁၃ ရက်နေ့ကစပြီး ရန်ကုန်တိုင်း ကျောက်တံတားမြို့ ၃၅ လမ်း အထက်ဘလောက်မှာ ကျနော်တို့ကို ထားပါတယ်။ ၃ ရက်လောက်မှာ ပတ်စ်ပို့လုပ်ကြရပါတယ်။ တလလောက်တော့ ကောင်းကောင်းမွန်မွန် ထားပါတယ်၊ ကျွေးပါတယ်။ ပတ်စ်ပို့ ထုတ်ခါနီး ၅ ရက်လောက်အလိုမှာ လူလိမ် ပွဲစား ၂ ယောက်က ထွက်ပြေးသွားတာပါ။
ကျနော်တို့အားလုံး ရန်ကုန်က ချင်းအမျိုးသားတွေကို အကူအညီတောင်းပြီး နေခဲ့ပါတယ်။ ဒီလ ၉ ရက်နေ့ကျမှ ကလေးမြို့ကို ပြန်ရောက်ပါတယ်။
ကလေးမြို့ ထောက်လှမ်းရေးတပ်ဖွဲ့က တာဝန်ရှိသူ ၂ ယောက်က ဒီလ ၁၁ ရက်နေ့မှာ ကျနော်တို့ဆီ လာပြီး ပွဲစားလိမ်ကိစ္စကို မေးမြန်းခဲ့ပါတယ်။ အဲဒီ ၂ ယောက်ကို ရှာဖွေသွားမယ်လို့ ဆိုပါတယ်။
ကျနော်တို့ကတော့ ပျဉ်းခုံကြီးရွာက ဦးဘာလ်းဟလို Val Hlo ၊ ဦးဗျက်ကိုင်း Biak Kai နှင့် ဦးလိုင်ကုပ် Lai Kulh ၊ တာဟန်းက ဦးကျော်ခွဲ Kyaw Khuai အပါအဝင် ၄ ယောက်၊ တောင်ဖီလာရပ်ကွက်က ဦးဗျန်လွဲ Van Luai အပါအဝင် ၄ ယောက်နှင့် မွန်တာရွာက ဦးဒေးဗစ်ဆွမ်း အပါအဝင် ၃ ယောက် ဖြစ်ပါတယ်။
ဒီနှစ်အတွင်းမှာ ကလေးမြို့နယ်ကနေ မလေးရှားကို အလုပ်လုပ်ဖို့် ထွက်ခွာသွားတဲ့သူက အနည်းဆုံး အယောက် ၂ဝဝ လောက် ရှိပါတယ်။
အလုပ်အကိုင်အတွက် သွားလာကြရတာဖြစ်ပေမယ့် ကျနော်တို့လို လူလိမ်မခံရအောင် အသိပေးတဲ့အနေနဲ့ တင်ပြလိုက်တာပါ။

ဦးဘာလ်းလဟိုနှင့် ပျဉ်းခုံကြီးရွာသားတချို့
ကလေးမြို့နယ်၊ စစ်ကိုင်းတိုင်း

Geen opmerkingen: