မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 26 mei 2010

“နေ့သစ်ကိုကြိုဆိုကြပါစို့”ထွက်မည်

မင်းနိုင်သူ Wednesday,May26,2010
.ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ကိုကြိုဆိုဂုဏ်ပြုသီဆိုထားသောတေးသီချင်းပါဝင်သည့်“နေ့သစ်ကို ကြိုဆိုကြပါစို့”အမည်ရှိတေးစီးရီးတခွေမကြာမီထွက်ရှိလာတော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။
ယင်းတေးစီးရီးကိုမလေးရှားနိုင်ငံရှိဒီမိုကရက်တစ်မြန်မာ့အသံ(DVB)တေးသံရှင်ထက်အောင်ရှိုင်းက သီဆိုထားခြင်း ဖြစ်သည်။
ထက်အောင်ရှိုင်းက“ဒေါ်အောင်ဆန်းစုကြည်ရဲ့ငြိမ်းချမ်းစွာဖြေရှင်းလိုတဲ့နိုင်ငံရေးလမ်းစဉ်ကို သဘောကျတယ်၊နောက်လူလူချင်းတန်ဖိုးထားပြီးမဖိနှိပ်ကြဖို့၊စစ်အာဏာရှင်စနစ်ဆိုးကိုထောက်ပြဖို့ အဲဒီဆန္ဒတွေနဲ့ ရေးဖြစ်၊ ဆိုဖြစ်ခဲ့တာပါ”ဟု ပြောသည်။
HipHop၊country၊slowrock ဂီတအမျိုးအစားများပါဝင်သော“နေ့သစ်ကို ကြိုဆိုကြပါစို့”စီးရီးမှသီချင်းများကို ထက်အောင်ရှိုင်း၊မျိုးမျိုး ၊ကုမာရတို့ကရေးဖွဲ့ထားခြင်းဖြစ်ကာအမျိုးသမီးတဦးနှင့်တွဲဖက်သီဆိုထားသော သီချင်းတပုဒ်လည်းပါဝင်သည်။တေးသီချင်း(၁၅)ပုဒ် ပါဝင်သော ယင်း စီးရီးကို မလေးရှား စတူဒီယိုတခုတွင် အသံသွင်းယူ ထားခြင်းဖြစ်ပြီး မြန်မာပြည်ဖွား တိုင်းရင်း သားများက ၀ိုင်းဖွဲ့တီးခတ်ပေးထားကြောင်း သိရသည်။
“လာမယ့် တနင်္ဂနွေနေ့မှာ ထွက်နိုင်ဖို့ ကျနော် ကြိုးစားနေပါတယ်။ သီချင်းတပုဒ်ပဲ ကော်ပီပါတယ်။ ကျန်တာတွေက ကိုယ်ပိုင် သံစဉ်တွေပါ ၊ အခုထည့်လိုက်ရတဲ့ ကော်ပီသီချင်းက မလေးရှားနဲ့ မြန်မာပြည်မှာ လူကြိုက်များနေတော့ ချန်ထားခဲ့လို့ မရလို့ပါ"ဟု ထက်အောင်ရှိုင်းက ပြောသည်။
ဒီဗီဒီ အဖြစ် ထုတ်ဝေဖြန့်ချိမည်ဖြစ်သော အဆိုပါ တေးစီးရီး ကုန်ကျစရိတ်များကို ထက်အောင်ရှိုင်း၏ ကိုယ်ပိုင်လုပ်အားခဖြင့် ထုတ်လုပ်ခြင်းဖြစ်ကြောင်း သိရသည်။
ထက်အောင်ရှိုင်းက“မြန်မာပြည်မှာစစ်အာဏာရှင်မပြုတ်ကျမချင်းကျနော်လုပ်နိုင်သရွေ့လုပ်နေဦးမှာပါ"ဟု ပြောသည်။
ထိုစီးရီးကိုမလေးရှားနှင့်ထိုင်းတွင်အဓိကဖြန့်ဝေမည်ဖြစ်ကာမြန်မာနိုင်ငံအတွင်းသို့လည်း ပို့ဆောင်သွားမည်ဖြစ်ကြောင်း သိရ သည်။
နေ့သစ်ကို ကြိုဆိုကြပါစို့ တေးစီးရီးအဆိုရှင် ထက်အောင်ရှိုင်းသည် ၂၀၀၉ခုနှစ်က မလေးရှား အတိုက်အခံ ပါတီရုံးအတွင်း ကျင်းပ သော ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲတွင် ဂုဏ်ပြုတေးသီဆိုရန် ပြင်ဆင်နေစဉ် မလေးရှား အာဏာပိုင်များ၏ ဖမ်းဆီးထိန်းသိမ်း ခြင်းခံခဲ့ရဖူးသည်။
ယခုတေးစီးရီးခွေသည် မြန်မာ့ဒီမိုကရေစီအင်အားစုများ၏ ယခုနှစ်အတွင်း ပထမဆုံး ပေါ်ထွက်လာသော နိုင်ငံရေး တေးစု ဖြစ် သည်။ ယမန်နှစ် စက်တင်ဘာလအတွင်း မျိုးဆက်သစ်လူငယ်များအစည်းအရုံးမှ ထုတ်ဝေသည့် မျိုးဆက်လှိုင်း တေးစီးရီး နောက် ထွက်ပေါ်လာသည့် တေးစုလည်းဖြစ်သည်။
၈၈ အရေးအခင်းကပင် ပြည်ပသို့ ထွက်ခွာလာခဲ့သော အဆိုတော် ကိုမွန်းအောင်၏“သွေးမုန်တိုင်း” နှင့်“လွတ်မြောက်ရာလမ်း”အမည်ရှိ တကိုယ်တော်တေးစုများသည် ဒီမိုကရေစီအင်အားစုများအကြား ပျံ့နှံ့ခဲ့ဖူးသည်။

Geen opmerkingen: