မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 10 mei 2010

မုန်တိုင်းထဲကမျက်ဝန်းတစုံ

ဒေါမနစ်နာဒီ Monday, May 10, 2010
.နာဂစ်ဆိုင်ကလုန်းတိုက်ခိုက်အပြီးဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသအတွင်းရှိဝရုန်းသုန်းကားအခြေအနေကို အမေရိကန်သတင်းထောက်တဦးကပြန်ပြောင်းအမှတ်ရရေးသားထားသည့်စာအုပ်ဖြစ်သည်။
မြန်မာနိုင်ငံ၏အဖြစ်အပျက်များအားလုံးနီးပါးသည်စိတ်ကူးယဉ်သည်ထက်ပင်ပို၍ဆန်းကြယ်လှပေသည်။
                                        စာအုပ်အမည် - EverythingisBroken:ATaleofCatastropheinBurma
                                        စာရေးသူ - Emma Larkin
                                        စာအုပ်တိုက် - Penguin Press
                                        ထုတ်ဝေသည့် ခုနှစ် - ၂၀၁၀
ဘန်ကောက်အခြေစိုက်အမေရိကန်အမျိုးသမီးသတင်းထောက်အီမာလာကင်သည်မြန်မာ့အရေးနှင့် ပတ်သက်၍သိမြင်နှံ့စပ်သြူ ဖစ်သည်။သူ၏ဗွေဆော်ဦးစာအုပ်ဖြစ်သော“မြန်မာနိုင်ငံတွင်ဂျော့ခ်ျအိုဝယ်ကို ရှာဖွေခြင်း(FindingGeorgeOrwellinBurma)”စာအုပ်သည်ယနေ့ခေတ်မြန်မာ့နိုင်ငံရေးသမိုင်းကို ဂျော့ခ်ျအိုဝယ်၏စိတ်ကူးယဉ်အာဏာရှင်စာအုပ်များနှင့်နှိုင်းယှဉ်ပြထားသည့်စာအုပ်ဖြစ်သည်။ မြန်မာနိုင်ငံကိုအုပ်ချုပ်ထားသူများသည်ရက်စက်မှု၊ဖိနှိပ်မှုနေရာတွင်ဂျော့ခ်ျအိုဝယ်၏စိတ်ကူးယဉ် ဇာတ်ကောင်များထက်ပင်ပို၍သာနေသည်။
သို့သော်၂၀၀၈ခုနှစ်မေလကနာဂစ်ဆိုင်ကလုန်းတိုက်ခတ်အပြီးမြန်မာစစ်အစိုးရ၏ဖြစ်ကတတ်ဆန်း၊ ရက်ရက်စက်စက်အစောပိုင်းတုံ့ပြန်ဆောင်ရွက်ချက်များကဂျော့ခ်ျအိုဝယ်၏စိတ်ကူးတွင်ပင်မရှိနိုင်သော အရာများဖြစ်နေသည်။ မုန်တိုင်းသင့် ကျေးရွာသားများက အသက်ရှင်ဖို့ ရုန်းကန်နေရချိန်တွင် စစ်တပ်က နိုင်ငံခြား အထောက်အပံ့များကိုပိတ်ပင်တားမြစ်ခဲ့သည့်အပြင်အခြေခံဥပဒေဆန္ဒခံယူပွဲကိုပင် ကျင်းပခဲ့သေးသည်။
သူ၏စာအုပ်အသစ်ဖြစ်သော“အရာအားလုံးကျိုးပြတ်ကြေမွသွားခြင်း -မြန်မာ့သဘာဝဘေးအန္တရာယ်ပုံပြင် (Everything is Broken: A Tale of Catastrophe in Burma)” တွင် မြန်မာနိုင်ငံ ကြုံတွေ့ခဲ့ရသည့် အဆိုးဝါးဆုံး သဘာဝဘေးအန္တရာယ်ကြီးအကြောင်းကို ပြန်ပြောင်းပြောပြထားသည်။ထိုစာအုပ်အတွက် လာကင်သည်တွေ့ဆုံဆွေးနွေးမှုများနှင့်ကွင်းဆင်းသုတေသနပြုချက်များကိုအဓိက အားပြုထားသည်။မုန်တိုင်းတိုက်အပြီးရက်သတ္တပတ်များစွာကြာသည်အထိရန်ကုန်မြို့လယ်ခေါင် လက်ဖက်ရည်ဆိုင်များမှသည် နိုင်ငံတကာ အကူအညီ ပေးရေး အသိုင်းအ၀န်းများအကြားရှိ လုပ်ငန်းတူ အစုအဖွဲ့ အစည်းအဝေးပွဲများအထိ ဖြစ်ပေါ်နေသော တုန်လှုပ် ခြောက်ခြားမှုများ၊ စိတ်ရှုပ်ထွေးမှုများဖြင့် စာအုပ်ကို အစပြုထားသည်။ မကြာခဏဆိုသလိုပင် NGO ၀န်ထမ်းများသည် အခြေ အနေ တခုလုံးအပေါ် မည်သို့ လိုက်လံလုပ်ဆောင်ရမည်ကို လုံးဝမသိတော့သည့် အနေအထား ဖြစ်ခဲ့သည်။
အစည်းအဝေးတခုတွင်သဘာဝစိုက်ပျိုးရေးပညာရှင်များကဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသရှိလယ်သမားများ ဒုတိယသီးနှံမစိုက်ပျိုးခင်၎င်းတို့မည်မျှအချိန်ရမည့်ကိစ္စကိုဆွေးနွေးငြင်းခုံခဲ့ကြသည်။မည်သူကမှ လယ်စိုက်ပျိုးသူတောင်သူကြီးများကိုထိုအကြောင်းနှင့်ပတ်သက်၍မေးမြန်းရန်စိတ်မ၀င်စားခဲ့ဟုလာကင်က အားမနာတမ်း ဝေဖန်ထားသည်။
လာကင်တွင် အနုစိတ်ကြည့်တတ်သော အံ့သြဖွယ်မျက်စိတစုံနှင့် မြင်သမျှကို ပြန်လည်ပုံဖော်ပြနိုင်သော ပါရမီ ရှိသည်။ ရုပ်ပုံကားချပ်တခုသည် စကားလုံးတထောင်မျှ တန်ဖိုးရှိနိုင်သည်။ သို့သော် မြန်မာနိုင်ငံနာဂစ်အလွန် ထောင့်စုံပါသည့် ရုပ်ပုံ ကားချပ်တခု ဖန်တီးရာတွင် လာကင်၏ စကားလုံးများက လက်ရာမြောက်လွန်းလှသည်။ မြန်မာလူမျိုးစီးပွားရေး လုပ်ငန်းရှင် တဦးက မြစ်ဝကျွန်းပေါ်ဒေသမှ သူ၏ဓာတ်ပုံများကို လာကင်အား ပြသသောအခါ လာကင်က စာဖတ်သူများကိုယ်တိုင် ထိုဓာတ်ပုံကို လာရောက်ကြည့်ရှုခွင့် ပြုထားလိုက်သည်။ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ အတွင်း ပုပ်ပွနေသော အလောင်းများနှင့် ကျိုးပြတ်နေသော သစ်ပင်များကို သူပုံဖော်ထားချက်က သဘာဝဘေးအန္တရာယ်၏ ကြောက်မက်ဖွယ် အတိုင်းအဆကို သိစေနိုင်သည်။
စစ်အစိုးရနေပြည်တော်သို့ပြောင်းရွှေ့ခြင်းမှသည်ရွှေဝါရောင်တော်လှန်ရေးအထိလတ်တလော မြန်မာ့သမိုင်းကိုစာအုပ်၏ဒုတိယအပိုင်းတွင်အကျဉ်းချုပ်ဖော်ပြထားသည်။ မြန်မာ့အရေးလေ့လာစောင့်ကြည့်သူများအတွက်ထိုအခန်းကိုယေဘုယျသဘောမျှသာဖတ်ရန် လိုအပ်ကောင်းလိုအပ်နိုင်သည်။
လာကင်၏ပါရမီအစစ်အမှန်သည်စိတ်ထိခိုက်ဖွယ်ပြောပြချက်များကိုရှာဖွေခြင်း၊ ပြန်ပြောင်းပြောပြခြင်းများပင်ဖြစ်သည်။တရားဝင်လူအသေအပျောက်စာရင်းမှာ၁၃၈၀၀၀ဦးရှိသည်ကို စာဖတ်သူများသိကြပြီးဖြစ်သည်။သို့သော်ကိန်းဂဏန်းများကကံကြမ္မာဆိုးကြီး၏ အဖြစ်အပျက်အပြည့်အစုံကို မလွှမ်းခြုံနိုင်ပေ။စာအုပ်၏တတိယအပိုင်းတွင်လာကင်သည်ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသအတွင်းရှိ အသက်ရှင်ကျန်ရစ်ခဲ့သူများနှင့်သူတွေ့ဆုံမေးမြန်းခဲ့သည်များကိုပြန်ပြောင်းပြောပြထားသည်။ သူတွေ့ခဲ့သမျှလူအားလုံးနီးပါးသည်မိသားစုတခုလုံးနှင့်နေစရာအိုးအိမ်များမုန်တိုင်းအတွင်း ဆုံးရှုံးခဲ့ကြသူများ ဖြစ်ကြသည်။
“အရာအားလုံးကျိုးပြတ်ကြေမွသွားခြင်း”စာအုပ်တွင်စိတ်အားတက်ဖွယ်အဖြစ်အပျက်အကြောင်းပြောဆိုချက်တချို့လည်း ပါဝင်သည်။ကလေးတဦးရေစီးထဲတွင်သစ်လုံးတလုံးကိုဖက်တွယ်ထားကာတညလုံးရေစီးထဲမျောပါခဲ့သည့် အခန်းကတော့မိမိအနှစ်သက်ဆုံးအခန်းဖြစ်သည်။
နေ့တနေ့၏မနက်တွင်သူနိုးလာသောအခါသောင်စပ်ပေါ်သို့ချောချောမွေ့မွေ့ရောက်နေကြောင်း တွေ့လိုက်ရသည်။သူသတိထားလိုက်မိသည်မှာထိုသစ်သားလုံးတွင်ခြေထောက်လေးဖက်ရှိပြီး လမ်းလျှောက်နေခြင်းဖြစ်သည်။ထိုအခါကျမှအဆိုပါသစ်တုံးမှာမိကျောင်းတကောင်ဖြစ်နေမှန်းသတိထား လိုက်မိသည်။စပါးကြီးမြွေနှင့်ဘဲငန်းများကအသက်ကယ်လိုက်သောတခြားအသက်ရှင် ကျန်ရစ်သူများလည်း ရှိသေးသည်။
လာကင်၏ပေါ့ပေါ့ပါးပါးရေးဟန်ကြောင့်ထိုစာအုပ်သည်လက်မှမချတမ်းဖတ်၍ကောင်းသောစာအုပ် တအုပ်ဖြစ်သည်။ထိုစာအုပ်မဖတ်ခင်ကမိမိအနေဖြင့်မြန်မာ့နိုင်ငံရေးနှင့်ပတ်သက်၍ပိုမိုအတွင်းကျသော အမြင်များဖတ်ရလိမ့်မည်ဟုမျှော်လင့်ထားခဲ့သည်။“မြန်မာနိုင်ငံတွင်ဂျော့ခ်ျအိုဝယ်ကိုရှာဖွေခြင်း”စာအုပ်၏ အကောင်းဆုံးသောအရာများအနက်တခုမှာတခြားတင်ပြမှုများနှင့်မတူတမူထူးခြားဟန်ဖြစ်သည်။ ထိုစာအုပ်ကမိမိတို့မြန်မာ့သမိုင်းကိုမြင်တွေ့သောပုံစံကိုပြောင်းလဲခဲ့သည်(၀ါ)စိန်ခေါ်ခဲ့သည်။ ထိုစာအုပ်ဖတ်ပြီးသည့်နောက်ပိုင်းတွင်မိမိသည်မြန်မာနိုင်ငံ၏ကိုလိုနီ၊ဆိုရှယ်လစ်နှင့်စစ်အစိုးရအကြောင်း ရေးသားထားသည့်ဂျော့ခ်ျအိုဝယ်၏“မြန်မာ့နေ့ရက်များ(BurmeseDays)”“ခြေလေးချောင်းတော်လှန်ရေး (Animal Farm)” “၁၉၈၄ (1984)”တို့နှင့်အမြဲတစေချိတ်ဆက်ကြည့်ဖြစ်သည်။
“အရာအားလုံးကျိုးပြတ်ကြေမွသွားခြင်း”စာအုပ်တွင်ကားစိတ်ဝင်စားဖွယ်ပြန်ပြောင်းပြောဆိုချက် ဒါဇင်ပေါင်းများစွာပါဝင်သည်။သို့သော်အဓိကဖော်ထုတ်ချက်မရှိပေ။မိမိတဦးတည်းအတွက်မူ စစ်အစိုးရအတွင်းငြင်းခုံမှုများနှင့်ပတ်သက်၍ပို၍လေ့လာရန်အထူးစိတ်ဝင်စားသည်။သာဓကအားဖြင့် မည်သည့်အစိုးရ၀န်ကြီးများကနိုင်ငံခြားအကူအညီများကိုလက်ခံရန်ပြင်းပြင်းထန်ထန်ပြောဆိုခဲ့သနည်း။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏လူမုန်းများသောလုပ်ရပ်ကမြန်မာ့တပ်မတော်အတွင်းသူ၏တရားဝင်မှုအပေါ် သက်ရောက်မှုရှိခဲ့ပါသလားစသည်ဖြင့်သိလိုသည်။သို့သော်စာအုပ်တွင်ယင်းကိစ္စရပ်များကိုသာမန်မျှသာ ဆွေးနွေးထားသည်။
လွန်ခဲ့သော၂နှစ်အတွင်းနာဂစ်ဆိုင်ကလုန်းကြောင့်ပျက်စီးဆုံးရှုံးမှုများကိုစုံစမ်းလေ့လာထားသော အစီရင်ခံစာများ၊သတင်းဆောင်းပါးများဒါဇင်နှင့်ချီ၍ထွက်လာသည်။သို့သော်ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင်ပျံ့နှံ့ဖြစ်ပေါ်ခဲ့သောစိတ်ပိုင်းဆိုင်ရာကစဥ့်ကလျားဖြစ်မှုနှင့်ရုပ်ပိုင်းဆိုင်ရာ အတိဒုက္ခရောက်မှုများကိုပြန်လည်သရုပ်ဖော်ရာတွင်“အရာအားလုံးကျိုးပြတ်ကြေမွသွားခြင်း”စာအုပ်ထက် မည်သည့်အရာကမှပီပြင်သောကားချပ်တချပ်အဖြစ်ရုပ်လုံးမဖော်နိုင်သေးပေ။မုန်တိုင်းပြီးခါစတွင် မြန်မာနိုင်ငံသို့ရောက်ရှိနေခဲ့သည့်မိမိတို့အတွက်လာကင်၏ရေးဟန်ကိုဖတ်ရှုကြည့်ခြင်းဖြင့်စိတ်ထိခိုက် ကြေကွဲဖွယ် အမှတ်ရဖွယ်များကို ပြန်ပြောင်းသတိရစေပါသည်။
DominicJ.Nardi,Jrသည်ဝါရှင်တန်ဒီစီအခြေစိုက်ဥပဒေရေးရာအဖွဲ့(GovernanceInstitutein WashingtonDC)တွင်ဧည့်သုတေသီဖြစ်သည်။ဂျွန်ဟော့ကင်းတက္ကသိုလ်မှအရှေ့တောင်အာရှလေ့လာ ရေးဘာသာရပ်ဖြင့်မဟာဘွဲ့ရထားသူလည်း ဖြစ်သည်။

Geen opmerkingen: