မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

zaterdag 8 mei 2010

ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ခွင့်အမေရိကန်တောင်းဆို

ကိုစိုးSaturday,May08,2010
.အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနအရှေ့အာရှနှင့်ပစိဖိတ်ရေးရာလက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာကာ့တ်ကမ်းဘဲလ်ကဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ခွင့်ရမှသာ မြန်မာနိုင်ငံသို့သွားရောက်မည်ဖြစ်သည်ဟုပြောဆိုကြောင်းသိရသည်။
“ကျနော်တို့ရဲ့စည်းကမ်းသတ်မှတ်ချက်တွေကိုစစ်အစိုးရကသဘောမတူရင်တော့မစ္စတာကမ်းဘဲလ် မြန်မာနိုင်ငံကိုသွားမှာမဟုတ်ပါဘူး”ဟုအမေရိကန်အဆင့်မြင့်အရာရှိတဦးကဧရာဝတီသို့ပြောသည်။
အမေရိကန်ကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံရန်၂၀၀၉ခုနှစ်နိုဝင်ဘာလ၄ရက်ကရန်ကုန်အင်းလျားလိတ် ဟိုတယ်သို့ရောက်ရှိလာသောဒေါ်အောင်ဆန်းစုကြည်(ဓာတ်ပုံ-Reuters)
ထို့အပြင်မစ္စတာကာ့တ်ကမ်းဘဲလ်အနေနှင့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ခေါင်းဆောင်များ၊ တိုင်းရင်းသားအဖွဲ့များနှင့်လည်းတွေ့ဆုံခွင့်ရရန်၊အမေရိကန်နှင့်မြန်မာစစ်အစိုးရဆက်ဆံရေးအတွက် မစ္စတာကမ်းဘဲလ်၏ဒုတိယအကြိမ်မြန်မာနိုင်ငံသို့သွားရောက်မည့်ခရီးစဉ်စသည်တို့နှင့်ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်နေကြောင်းလည်းသိရသည်။
မစ္စတာကမ်းဘဲလ်သည်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်(CEC)များနှင့် လာမည့်တနင်္လာနေ့တွင်တွေ့ဆုံရန် ရှိကြောင်းNLDပြောခွင့်ရဦးဉာဏ်ဝင်းကဧရာဝတီသို့ပြောသည်။
ယင်းသို့CECအဖွဲ့ဝင်များနှင့်မစ္စတာကာ့တ်ကမ်းဘဲလ်တွေ့ဆုံရန်ရန်ကုန်မြို့ရှိအမေရိကန်သံရုံးမှNLD ရုံးချုပ်သို့ပြီးခဲ့သည့်မေလ၆ရက်နေ့ကလာရောက်အကြောင်းကြားခဲ့သည်ဟု၎င်းကပြောဆိုသည်။
မေလ၆ရက်နေ့သည်ရွေးကောက်ပွဲဆိုင်ရာပါတီများမှတ်ပုံတင်ခြင်းဥပဒေအရNLD၏တရားဝင်ပါတီအဖြစ် ရပ်တည်မှုနောက်ဆုံးရက်လည်းဖြစ်သည်။ယခုမစ္စတာကမ်းဘဲလ်နှင့်NLDတွေ့ဆုံရမည့်ရက်သည်ယင်း ရွေးကောက်ပွဲဥပဒေအရပါတီပျက်ပြယ်ပြီးသည့်၎ရက်မြောက်ဖြစ်သည်။
“CECအဖွဲ့ဝင်တွေထဲကပါတီထောင်မယ့်သူတွေရယ်၊ကျန်းမာရေးမကောင်းတဲ့၃ဦးရယ်၊ခရီးသွားနေတဲ့၂ဦးရယ်မပါဘဲကျန်၁၀ဦးနဲ့တွေ့ရမှာဖြစ်ပါတယ်”ဟု ဦးဉာဏ်ဝင်းကဆိုသည်။
မစ္စတာကမ်းဘဲလ်နှင့်တွေ့ရမည့်၁၀ဦးထဲတွင်ဒုဥက္ကဌဦးတင်ဦး၊ဦးဝင်းတင်၊ဦးသန်းထွန်း၊ဦးဟံသာမြင့်၊ ဦးအုန်းကြိုင်၊ဒေါ်မေ၀င်းမြင့်နှင့်ဦးဉာဏ်ဝင်းတို့ပါဝင်ကြောင်းသိရသည်။
ဦးဉာဏ်ဝင်းက“ဘာအတွက်တွေ့မှာလဲ၊ဘာကြောင့်တွေ့ရမှာလဲဆိုတာတော့ကျနော်တို့အသေအချာ မသိသေးပါဘူး”ဟုလည်းပြောဆိုသည်။
မစ္စတာကမ်းဘဲလ်သည်တနင်္ဂနွေနေ့တွင်မြန်မာနိုင်ငံသို့ရောက်ရှိမည်ဟုကြားသိရကြောင်းနှင့်၎င်း၏ ခရီးစဉ်အတွင်းဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံလိမ့်မည်ဟုနားလည်ထားကြောင်းလည်းဦးဉာဏ်ဝင်းက ဆိုသည်။
ယမန်နှစ်နှစ်ကုန်ပိုင်းကမစ္စတာကမ်းဘဲလ်သည်ပထမအကြိမ်မြန်မာနိုင်ငံသို့သွားရောက်ခဲ့စဉ် အမေရိကန်အစိုးရအနေနှင့်မြန်မာစစ်အစိုးရကိုတိုက်ရိုက်ထိတွေ့ဆက်ဆံသွားမည်ဟူသောမူဝါဒ ကိုင်ဆွဲခဲ့ပြီးစစ်အစိုးရထိပ်ပိုင်းခေါင်းဆောင်များ၊တိုင်းရင်းသားခေါင်းဆောင်များနှင့်၏NLD ခေါင်းဆောင်များအပါအ၀င်ဒေါ်အောင်ဆန်းစုကြည်နှင့်လည်းတွေ့ဆုံခဲ့သည်။
မစ္စတာကာ့တ်ကမ်းဘဲလ်သည်၂၀၀၉ခုနှစ်နိုဝင်ဘာလတွင်အမေရိကန်ကိုယ်စားလှယ်အဖွဲ့တဖွဲ့ကို ဦးဆောင်၍မြန်မာနိုင်ငံသို့ပထမအကြိမ်သွားခဲ့ပြီး၁၄နှစ်အတွင်းမြန်မာနိုင်ငံသို့ပထမဆုံးအကြိမ် သွားရောက်သောအမေရိကန်အဆင့်မြင့်ကိုယ်စားလှယ်ဖြစ်သည်။
တချိန်တည်းတွင်ပင်အမေရိကန်အထက်လွှတ်တော်အမတ်များကလည်းမြန်မာစစ်အစိုးရအနေနှင့် အပြုသဘောဆောင်သည့်တိုးတက်မှုများမတွေ့ရှိရ၍အမေရိကန်၏မြန်မာနိုင်ငံအပေါ်ထားရှိသည့် တိုက်ရိုက်ထိတွေ့ဆက်ဆံသောမူဝါဒအားပြန်လည်သုံးသပ်ရန်အိုဘားမားအစိုးရအဖွဲ့ကို ဖိအားပေးတိုက်တွန်းလျက်ရှိသည်။
မြန်မာပြည်ဆိုင်ရာအမေရိကန်မူဝါဒပြန်လည်သုံးသပ်ရေးဦးဆောင်သူအထက်လွှတ်တော်အမတ်Judd Greggက“ကျနော်တို့ရဲ့လုပ်ဖော်ကိုင်ဖက်လွှတ်တော်အမတ်တွေကိုရှင်းရှင်းလင်းလင်း အသိပေးပြောဆိုရမယ်ဆိုရင်၊မြန်မာစစ်အစိုးရရဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးခြိမ်းခြောက်မှုတွေ ကြောက်ရွံ့မှုတွေမရှိတဲ့နိုင်ငံရေးဖြစ်စဉ်ဖန်တီးမှုကိုအမေရိကန်ကမျှော်လင့်ထားတာပါ၊ဒါပေမယ့်ဒါဟာသ တခုလိုပါပဲ”ဟု ဆိုသည်။
စစ်အစိုးရအနေနှင့်အများယုံကြည်စိတ်ချရသောလွတ်လပ်ပြီးတရားမျှတသည့်ရွေးကောက်ပွဲဖြစ်ရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊မကြာသေးခင်ကထုတ်ပြန်လိုက်သည့်ရွေးကောက်ပွဲဥပဒေများသည် နိုင်ငံရေးသမားများနှင့်တွေ့ဆုံဆွေးနွေးရေးတရားဝင်မှုကိုပိတ်ပင်လိုက်လိုက်သော စိတ်မသက်သာဖွယ်ရာများကိုသာဆက်လက်လုပ်ကိုင်နေကြောင်း၊ထို့ကြောင့်အမေရိကန်အနေနှင့်အကျိုး မရှိသည့်ဆက်ဆံရေးမျိုးသာဖြစ်နေကြောင်းလည်း၎င်းကပြောဆိုသည်။
အထက်လွှတ်တော်အမတ်တဦးဖြစ်သူMsDiannFeinsteinကလည်းနိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးကောင်စီ(SPDC)စစ်အစိုးရသည်ရွေးကောက်ပွဲဥပဒေများနှင့်ဒီမိုကရေစီနည်းမကျသော ဖွဲ့စည်းပုံအခြေခံဥပဒေသစ်များကိုတခါးပိတ်လျှို့ဝှက်ရေးဆွဲကာNLDအားအဓမ္မဖျက်သိမ်းစေပြီးနိုင်ငံ့ အာဏာကိုဆက်လက်ဆုပ်ကိုင်ထားရန်ကြိုးပမ်းနေခြင်းဖြစ်သောကြောင့်အရေးယူပိတ်ဆို့မှုအသစ်များ ထပ်မံ ပြုလုပ်ရန် တိုက်တွန်းသည်။
ယင်းဥပဒေများအရကျင်းပမည့်ရွေးကောက်ပွဲကိုဆန့်ကျင်ပြီးပါတီမှတ်ပုံမတင်သည့်NLDကိုချီးကျူး ဂုဏ်ယူသည်ဟုလည်းDiannFeinsteinကပြောဆိုသည်။
NLDသည်ပြီးခဲ့သည့်မတ်လ၂၉ရက်နေ့ကNLDခေါင်းဆောင်များနှင့်နိုင်ငံတ၀န်းရှိဗဟိုဦးစီးအဖွဲ့ဝင်၁၁၃ ဦးတို့ကျင်းပသည့်ဆွေးနွေးပွဲတွင်ပါတီပြန်လည်မှတ်ပုံတင်ခြင်းမပြုရန်နှင့်ရွေးကောက်ပွဲမ၀င်ရန် ဆုံးဖြတ်ခဲ့ကြသည်။

Geen opmerkingen: