မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 12 mei 2010

နိုင်ငံတကာစောင့်ကြည့်မှုမလိုဟုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌပြော

ခက်ထန် Wednesday, May 12, 2010
.လာမည့်ရွေးကောက်ပွဲသည်လွတ်လပ်၍တရားမျှတရန်စီစဉ်ထားသဖြင့်နိုင်ငံတကာလေ့လာရေးအဖွဲ့များ လာရောက်ရန်လိုအပ်မည်မဟုတ်ဟုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌကပြောလိုက်သည်။
ပြီးခဲ့သည့်ဧပြီလကုန်ပိုင်းကတောင်ကိုရီးယားနိုင်ငံဆိုးလ်မြို့ရှိမြန်မာသံရုံးအနီး၌ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံများကိုင်၍စစ်အစိုးရကိုဆန္ဒပြနေသူများ(ဓာတ်ပုံ-AP)
မေလ၉ရက်နေ့ကနေပြည်တော်တွင်အမေရိကန်နိုင်ငံအရှေ့အာရှနှင့်ပစိဖိတ်ဒေသရေးရာလက်ထောက် နိုင်ငံခြားရေးဝန်ကြီးမစ္စတာကာ့တ်ကမ်းဘဲလ်နှင့်တွေ့ဆုံရာ၌ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးကထိုသို့ပြောကြားလိုက်ခြင်း ဖြစ်သည်။
မစ္စတာကမ်းဘဲလ်နှင့်အတူလိုက်ပါလာသည့်အမေရိကန်သံရုံးယာယီတာဝန်ခံမစ္စတာလာရီဒင်းဂါး(Larry M. Dinger)ကလက်ရှိဝန်ကြီးများနှင့်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)ကိုထူထောင်ရာတွင် ဥပဒေနှင့်ညီမညီမေးမြန်းရာဦးသိန်းစိုးကဝန်ကြီးများသည်နိုင်ငံ့ဝန်ထမ်းမဟုတ်ဘဲPoliticalPost(နိုင်ငံရေး ရာထူး)သာဖြစ်၍ဥပဒေနှင့်ညီညွတ်သည်ဟုပြောဆိုသွားသည်။
လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးနှင့်ကြံ့ဖွံ့အသင်းအထွေထွေအတွင်းရေးမှူးဦးဌေးဦးကလည်း ဝန်ကြီးနှင့်ဒုဝန်ကြီးရာထူးများသည်အစိုးရဝန်ထမ်းမဟုတ်သော“နိုင်ငံရေးတာဝန်”များသာဖြစ်သည်ဟု ကမ်းဘဲလ်နှင့်သီးခြားတွေ့ဆုံရာတွင်ပြောဆိုသည်။
မြန်မာနိုင်ငံရှေ့နေများကောင်စီမှဥပဒေရေးရာသုံးသပ်ရေးဌာနတာဝန်ခံဦးမျိုးကဝန်ကြီးရာထူးသည် ဝန်ထမ်းဖြစ်သည့်အပြင်စစ်ဘက်ရာထူးများမှလည်းတရားဝင်ထုတ်ပြန်၍နုတ်ထွက်ခြင်းမရှိဟု ထောက်ပြသည်။
“နိုင်ငံရေးပါတီတခုမှာတာဝန်ယူမယ်ဆိုရင်အစိုးရဝန်ထမ်းအနေနဲ့ပါဝင်ခွင့်မရှိဘူးခင်ဗျ၊အခုစစ်ရာထူးတွေက ထွက်တယ်ဆိုတာလည်းတပ်ချုပ်ကြီးကိုယ်တိုင်ကတပ်ထဲကတရားဝင်ထုတ်ပစ်ရမှာဖြစ်တယ်”ဟုဦးမျိုးက ဧရာဝတီသို့ ပြောသည်။
ကြံ့ဖွံ့အနေဖြင့် ဝန်ကြီးများ ဦးဆောင်လျက် ပါတီထောင်ခြင်းနှင့် ယင်းပါတီကို ရွေးကောက်ပွဲ ကော်မရှင်က ခွင့်ပြုလိုက်ခြင်း သည် စစ်အစိုးရအနေဖြင့် ကိုယ်တိုင် ပြဋ္ဌာန်းထားသော ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနှင့် ပြည်သူ့လွတ်တော် ရွေးကောက်ပွဲ ဥပဒေတို့ကို ချိုးဖောက်ကြခြင်း ဖြစ်သည်ဟု ဦးမျိုးက ဆက်လက် ပြောကြားသည်။
နအဖ ပြောရေးဆိုခွင့် အာဏာပိုင် အဖွဲ့ခေါင်းဆောင် ပြန်ကြားရေး ဝန်ကြီး ဦးကျော်ဆန်းက ကမ်းဘဲလ်နှင့် တွေ့ဆုံရာတွင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ကလက်မခံနိုင်ဟုကြေညာထားသောအချက်များကိုခုခံ ပြောဆိုသွားသည်။
ထိုသို့ ပြောဆိုရာတွင်ဦးကျော်ဆန်းကNLDသည်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကိုပြင်ဆင်လိုပါက ရွေးကောက်ပွဲဝင်ပြီး လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်လာသည့်အခါ အခြေခံဥပဒေကို ပြင်ဆင်ပါဟု ဆိုသည်။
သို့သော် ဥပဒေပညာရှင် ဦးမျိုးက ရွေးကောက်ပွဲဝင်ပြီးမှ ဖွဲ့စည်းပုံဥပဒေကို ပြင်ဆင်ရန် ပြောဆိုခြင်းသည် တဖက်လှည့်နှင့် ၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေကို လက်ခံခိုင်းခြင်းသာ ဖြစ်သည်ဟု သုံးသပ်သည်။
“၂၅ရာခိုင်နှုန်းကိုစစ်တပ်၊ကျန်တာကြံ့ဖွံ့ကယူမှာပဲ၊တခြားပါတီငယ်တွေကိုဟန်ပြပါခွင့် ပေးရုံလောက်ပါပဲ”ဟု ဦးမျိုးက ဆိုသည်။
ထောင်ကျခံနေရသူများကို ပါတီဝင်အဖြစ် ခွင့်မပြုခြင်းမှာလည်း ပုဂ္ဂိုလ် တစုံတယောက်ကို ရည်ရွယ်ခြင်း မရှိဟု ဦးကျော်ဆန်း က ကမ်းဘဲလ်ကို ပြောကြောင်း စစ်အစိုးရပိုင် သတင်းစာတွင် ဖော်ပြထားသည်။
မစ္စတာ ကမ်းဘဲလ်က မြန်မာနိုင်ငံ လာခွင့်ရရေး ညှိနှိုင်းရသည်မှာ ခက်ခဲကြောင်း နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်းကို ပြောရာ လာရောက် တွေ့ဆုံပြီးနောက် ပြစ်တင် ရှုတ်ချ ဝေဖန်ပုတ်ခတ်သည့် ကိုယ်စားလှယ်မျိုးကို လက်ခံရန် ဝန်လေးသည်ဟု ဦးဉာဏ်ဝင်းက ပြောကြောင်း သိရသည်။
သိပ္ပံနှင့် နည်းပညာ ဝန်ကြီး ဦးသောင်းနှင့် တွေ့ဆုံရာတွင် ကမ်းဘဲလ်က မြန်မာနှင့် မြောက်ကိုရီးယား ဆက်ဆံရေးကို စိုးရိမ် ကြောင်း ပြောဆိုသည်။ ဦးသောင်းက ကုလသမဂ္ဂ ဆုံးဖြတ်ချက် (၁၇၁၈) နှင့် (၁၈၇၄) ကို လိုက်နာမည်ဟု ပြောသည်။ သို့ သော် နိုင်ငံ၏ အချုပ်အခြာ အာဏာကို စောင့်ရှောက်ရမည့် တာဝန်လည်း ရှိသည်ဟု ဆက်လက် ပြောဆိုသွားသည်။
မစ္စတာ ကမ်းဘဲလ်နှင့် အဖွဲ့သည် မေလ ၉ ရက်နေ့ တရက်တည်းတွင် ဦးကျော်ဆန်း၊ ဦးဉာဏ်ဝင်း၊ ဦးသောင်းနှင့် ဦးသိန်းစိုး တို့ကို သီးခြားစီ တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။
မေလ ၁၀ ရက်နေ့တွင် ကမ်းဘဲလ်သည် ရန်ကုန်မြို့၌ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပြီး NLD ဗဟိုအလုပ်အမှုဆောင် ကော်မတီအဖွဲ့ဝင်များ၊ မကြာသေးမီက ဖွဲ့စည်းခဲ့ကြသည့် နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်များနှင့်လည်း တွေ့ဆုံခဲ့သည်။
ယခုခရီးစဉ်သည် ကမ်းဘဲလ်၏ မြန်မာနိုင်ငံသို့ ဒုတိယ ခရီးစဉ်ဖြစ်ပြီး ၂၀၀၉ ခုနှစ် နိုဝင်ဘာလတွင်လည်း အမေရိကန် အစိုးရ ကိုယ်စားလှယ် တဖွဲ့ကို ဦးဆောင်၍ လာရောက်ခဲ့ဖူးသည်။

Geen opmerkingen: