မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 4 mei 2010

လယ်မြေအသိမ်းခံရသူများစစ်ခေါင်းဆောင်ထံတိုင်ကြားရန်ပြင်

မဇ္ဈိမသတင်းဌာန
အင်္ဂါနေ့၊မေလ၀၄ရက်၂၀၁၀ခုနှစ်၁၆နာရီ၀၈မိနစ် .
နယူးဒေလီ(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်းကလေးမြို့လေဆိပ်တိုးချဲ့ရေးစီမံကိန်းအောက်တွင် လယ်မြေအသိမ်းခံရသူများက စစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ စာရေးတိုင်ကြားရန် စီစဉ်လျက်ရှိသည်။
လယ်မြေဧက၃၂ဧကကိုပိုင်ရှင်၅ ဦးထံမှလျော်ကြေးပေးဝယ်ယူရန်သဘောတူညီချက် မရရှိဘဲ ဖြစ်နေစဉ် ဒေသအာဏာပိုင်များကသိမ်းပိုက်လိုက်ပြီးတည်ဆောက်ရေးလုပ်ငန်းများ ပြုလုပ်နေသည်ကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံအသိပေးတိုင်ကြားရန်နှင့်စာမိတ္တူကိုတိုင်း၊ခရိုင်၊မြို့နယ်ကောင်စီများနှင့် လယ်/ဆည် ဝန်ကြီးဌာနများသို့ပါ ပေးပို့ရန် ယခုအခါ စီစဉ်နေကြခြင်း ဖြစ်သည်။
ဦးလျန်ဆိုင်း၊ ဦးခေါ်သင်အုပ်၊ ဦးပြောင်တီလွန်၊ ဒေါ်ဆင်ကာလ်နှင့် ဒေါ်တလ်ငှဲလ်တို့ပိုင် လယ်မြေများအတွက် တဧကလျှင် ကျပ် ၁ဝ သိန်းစီနှင့် အလျားပေ ၄ဝ၊ အနံပေ ၆ဝ ရှိ မြေတကွက်စီ ပြန်အစားထိုးပေးမည်ဟု ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အပါအဝင် ဌာနပေါင်းစုံက ကိုယ်စားလှယ်များ ပါဝင်သော အဖွဲ့က ကမ်းလှမ်းခဲ့သော်လည်း လယ်ပိုင်ရှင်များက ကာလပေါက်ဈေးထက် ထက်ဝက်နည်းနေသည်ဟု ငြင်းဆန်ထားသည်။
သဘောတူညီမှုမရသော်လည်းရဲအစောင့်အကြပ်ဖြင့် မြေတိုင်းဌာန ဝန်ထမ်းများက စီမံကိန်းနယ်မြေအဖြစ် သတ်မှတ်ကာ မြေညှိလမ်းဖောက်လုပ်ငန်းများအား ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက စတင်လိုက်သည်။
''ကျနော်တို့ရဲ့ငြင်းဆန်မှုတွေကအရာမရောက်ဘူး။အခုလယ်တွေထဲမှာလယ်ထွန်စက်တွေနဲ့လမ်းတွေ ဖောက်နေပြီ'' ဟု လယ်သမားတဦးက မဇ္ဈိမကို ပြောသည်။

(ဆလိုင်းထွန်း သတင်းပေးပို့သည်။)



Geen opmerkingen: