မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 26 januari 2010

မွန်အမျိုးသားနေ့ ထိုင်းတွင် ကျင်းပ

Tuesday, 26 January 2010 18:19 ရန်ပိုင်
.ထိုင်းနိုင်ငံရောက် မွန်လူမျိုးများ၏ ၆၃ ကြိမ်မြောက် မွန်အမျိုးသားနေ့ကို ဘန်ကောက်မြို့ အနီးရှိ အုထုံဌာနီ ခရိုင်တွင် ပြီးခဲ့သည့် တနင်္ဂနွေနေ့က ကျင်းပခဲ့သည်။

မွန်လူမျိုးများ၏ ရိုးရုာဝတ်စုံများ ၀တ်ဆင်၍ မွန်ယဉ်ကျေးမှု တေးဂီတများ၊ အကများဖြင့်ဖျော်ဖြေခဲ့ကြပြီး သမိုင်းဝင် မွန် ခေါင်း ဆောင်များကို စားသောက်ဖွယ်ရာများဖြင့် ကျွေးမွေး ဂါရ၀ပြု၍ ဆုမွန်ကောင်းများ တောင်းဆိုကြသည်ဟု ဘန်ကောက်အခြေစိုက် မွန်လူငယ်များ အစည်းအရုံး ဥက္ကဋ္ဌ မိမွန်ထောက ဧရာဝတီသို့ပြောသည်။


          မွန်အမျိုးသားနေ့တွင် မွန်ရိုးရာ ယဉ်ကျေးမှုအကဖြင့် ဖျော်ဖြေနေစဉ် (ဓာတ်ပုံ - MYC)

“ထိုင်းမှာရှိတဲ့ မွန်လူမျိုးတွေက သူတို့ ယဉ်ကျေးမှုကို သူတို့ မသိတော့ဘူး”ဟု ၎င်းက ဆိုသည်။
၁၇၇၅ ခုနှစ်တွင် မွန်ဘုရင် နိုင်ငံတော် ဖြစ်သည့် ဟံသာဝတီ နေပြည်တော် ကျဆုံးခဲ့သည့် နေ့ကို မွန်အမျိုးသားနေ့ အဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်ပြီး ထိုင်းနိုင်ငံရှိ မွန်လူမျိုးများအား မိမိတို့ လူမျိုး၏ ရိုးရာ ယဉ်ကျေးမှုကို သိရှိလာစေရန် အတွက် လုပ်ဆောင်ပေးခြင်း ဖြစ်သည်ဟု မိမွန်ထောက ဆိုသည်။
ပြီးခဲ့သည့် ၂၀၀၈ ခုနှစ်က စမွတ်စခွန် ခရိုင်တွင် မွန်အမျိုးသားနေ့ ပြုလုပ်ခြင်းကို ထိုင်းအာဏာ ပိုင်များက နှောင့်ယှက် ခဲ့ကြောင်း၊ ယခုနှစ်တွင် ထိုင်းနိုင်ငံရှိ ခရိုင် ၃၆ ခုတွင် ပြုလုပ် ခဲ့ကြောင်း သိရသည်။
ဘန်ကောက် အခြေစိုက် မွန်လူငယ်များ အစည်းအရုံး ဥက္ကဋ္ဌ မိမွန်ထောက“ကျမတို့ သူတို့ကိုပြောတယ်၊ ဒါနိုင်ငံရေးလုပ်တာမဟုတ် ဘူး၊ ငါတို့က ငါတို့ယဉ်ကျေးမှုကို ကမ္ဘာကိုပြချင်တာ”ဟုဆိုသည်။

အုထုံဌာနီ၌ ကျင်းပသည့် မွန်အမျိုးသားနေ့တွင် ရိုးရာဝတ်စုံများဖြင့် စီတန်းလှည့်လည်လာသော မွန် တိုင်းရင်းသားများ (ဓာတ်ပုံ - MYC)
ဟံသာဝတီ နေပြည်တော် ကျဆုံးခဲ့ပြီးနောက် မွန်လူမျိုး အမြောက် အမြားသည် ဇာတိမြေကို စွန့်၍ ထိုင်းနိုင်ငံသို့ ထွက်ပြေးခဲ့ရပြီး ဘန်ကောက်မြို့ အနီးတ၀ိုက်တွင် နေထိုင်နေ ကြရသည်ဟု မိမွန်ထောက ပြောသည်။
ထိုင်းနိုင်ငံတွင် မွေးဖွားလာသည့် ယနေ့ခေတ် မွန်လူငယ်များသည် မွန်စကား မပြောဆို တတ်ကြောင်း၊ သို့သော်လည်း နှစ်စဉ်နှစ်တိုင်း မိမိတို့ ရိုးရာ ယဉ်ကျေးမှု ပွဲတော်ကို ကျင်းပမည် ဖြစ်ကြောင်း အသက် ၈၂ နှစ်အရွယ် မွန်အမျိုးသားကြီး နိုင်ထရုန်းက ဆိုသည်။
“မွန်လူမျိုးတို့ရဲ့ယဉ်ကျေးမှု ပပျောက်သွားမှာကို စိုးရိမ်တယ်”ဟု ၎င်းကပြောသည်။
ထိုင်းနိုင်ငံရှိ မွန်လူမျိုးများသည် ဇာတိမြေကို အတိအကျမပြောနိုင်တော့ကြောင်း၊ မိမိဆိုလျှင် မော်လမြိုင် ဘီလူးကျွန်းဘက်မှ လာ သည်ဟုသာ သိတော့ကြောင်းလည်း နိုင်ထရုန်းက ပြောဆိုသည်။
မြန်မာနိုင်ငံအတွင်း၌မူ မွန်အမျိုးသားနေ့ကို လာမည့် ဇန်န၀ါရီ ၃၀ ရက်နေ့တွင် ကျင်းပမည်ဟု သိရသည်။

Geen opmerkingen: