မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 27 januari 2010

မိုင်းလားတပ်ဖွဲ့ အတွင်းရေးမှူး သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံရ


  
ခိုင်လင်း/ ၂၇ ဇန်န၀ါရီ ၂ဝ၁ဝ

ရှမ်းပြည်အရှေ့ပိုင်း၊ အထူးဒေသ (၄)၊ အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် ခေါ် မိုင်းလားတပ်ဖွဲ့၏ အတွင်းရေးမှူးဖြစ်သူ ဦးမင်းအိမ်သည် ယနေ့နံနက်ပိုင်း၌ မိုင်းလားမြို့တွင် လုပ်ကြံခံရ၍ သေဆုံးသွားသည်။
အသက် (၅၄) နှစ်ရှိပြီဖြစ်သည့် ဦးမင်းအိမ်သည် ၎င်း၏နေအိမ်အနီးတွင် အမျိုးသားတဦးနှင့်အတူ လမ်းလျှောက်နေစဉ် နံနက် (၆) နာရီခန့်၌ သေနတ်ဖြင့် ပစ်ခတ်ခံရကာ ပွဲချင်းပြီး သေဆုံးခဲ့သည်ဟု မိုင်းလားတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူ တရုတ်-မြန်မာနယ်စပ်ဒေသခံတဦးက ပြောသည်။
၎င်းက “ဦးမင်းအိမ်ကတော့ သေနတ်ဒဏ်ရာ (၇) ချက်နဲ့ ပွဲချင်းပြီး သေဆုံးသွားတယ်။ သူရဲ့အဖော်ကတော့ သေနတ်ဒဏ်ရာ (၃) ချက်နဲ့ ဆေးရုံအသွားမှာ သေဆုံးသွားတယ်။ မြို့ထဲက သူ့အိမ်နားပဲ သေနတ်တွေနဲ့ ပစ်ခတ်သွားတာ။ ဘယ်သူပစ်တယ် ဆိုတာတော့ မသိရသေးဘူး” ဟု ပြောသည်။
၁၉၈၉ ခုနှစ်၊ ဇွန် (၃ဝ) ရက်၊ ဗမာပြည်ကွန်မြူနစ်ပါတီမှ ခွဲထွက်ပြီးနောက်ပိုင်း ဦးမင်းအိမ်သည် ရှမ်းပြည်အရှေ့ပိုင်း၊ အထူးဒေသ (၄)၊ ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့၏ အတွင်းရေးမှူးတာဝန်နှင့် မိုင်းလားတပ်ဖွဲ့၏ အတွင်းရေးမှူးတာဝန်ကို ယူထားသူဖြစ်ပြီး ညောင်နှစ်ပင် အမျိုးသားညီလာခံ ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့သူလည်း ဖြစ်သည်။
မိုင်းလားတပ်ဖွဲ့အတွင်း နိုင်ငံရေးကိစ္စများနှင့် ပတ်သက်၍ နအဖနှင့်ဆက်ဆံရာတွင် ပြေပြစ်ကာ ပါးပါးနပ်နပ်ရှိသူ ဖြစ်သည့် အတွက် ဒေသနှင့်တပ်ဖွဲ့အတွက် ဆုံးရှုံးမူဖြစ်သည်ဟု တရုတ်-မြန်မာနယ်စပ် စစ်ရေးအကဲခတ် ဦးအောင်ကျော်ဇောက ပြောသည်။
၎င်းက “အခုချိန်မှာ ပြောဖို့တော့ စောသေးတာပေါ့။ ဒါပေမယ့် အခုလို ကိုမင်းအိမ်လို ဒေသအတွင်း နိုင်ငံရေးအရ ပါးပါးနပ်နပ်ရှိတဲ့ ပုဂ္ဂိုလ်မျိုးမရှိတဲ့အတွက် နအဖအတွက် အကျိုးရှိပါတယ်။ သူတို့လက်ချက်လည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်” ဟု ပြောသည်။
မိုင်းလားတပ်ဖွဲ့သည် ယမန်နှစ်ကတည်းက စ၍ နယ်ခြားစောင့်တပ်ဖွဲ့ အသွင်ပြောင်းရေးအတွက် နအဖ၏ ဖိအားပေးမှုကို ခံနေရပြီး ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်၊ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ တို့ကဲ့သို့ နယ်ခြားစောင့်တပ်ဖွဲ့ရေး လက်မခံဘဲ ယခုအချိန်ထိ နအဖနှင့် ဆွေးနွေးနေဆဲဖြစ်သည်။

Geen opmerkingen: