မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 20 januari 2010

မြန်မာ့ ကျောက်စိမ်းဖြင့် ကမ္ဘာ့အကြီးဆုံး ဗုဒ္ဓရုပ်ပွားတော် ဗီယက်နမ်ထုလုပ်


ဗုဒ္ဓ ရုပ်ပွားတော် ထုလုပ်မည့် မြန်မာ့ ကျောက်စိမ်း တုံးကြီးကို ယမန်နေ့က ဗီယက်နမ် နိုင်ငံ Hai Duong ခရိုင်တွင် တွေ့မြင်ရစဉ် (ဓာတ်ပုံ - AP)
  
Tuesday, 19 January 2010 17:23 ကိုထွေး
.မြန်မာ့ ကျောက်မျက် ရတနာပြပွဲမှ ၀ယ်ယူခဲ့သော အလေးချိန် ၃၅ တန်ရှိ ကျောက်စိမ်းတုံးဖြင့် ဗီယက်နမ်နိုင်ငံရှိ စီးပွားရေး လုပ်ငန်းရှင် တဦးက ကမ္ဘာ့အကြီးဆုံး စာရင်းဝင် ဗုဒ္ဓရုပ်ပွားတော် တဆူကို ယမန်နေ့က စတင်ထုလုပ်နေပြီ ဖြစ်သည်။

ရုပ်ပွားတော် စတင် ထုလုပ်ရန်အတွက် ကျင်းပပြုလုပ်သည့် အခမ်းအနားသို့ သိက္ခာတော်ရ ရဟန်း သံဃာ အပါး ၄၀၀၊ ဗီယက်နမ် သမ္မတ Nguyen Minh Triet နှင့် ထောင်ချီသော ပရိသတ်များ တက်ရောက်ခဲ့သည်ဟု Vietnamnetသတင်းတွင် ရေးသားထား သည်။
အဆိုပါ ရုပ်ပွားတော်ထုလုပ်ရန်အတွက် တရုတ် ပညာရှင် ၅၀ ကို ဖိတ်ခေါ်ထားပြီး၂၀၁၁ ခုနှစ်တွင် အပြီးသတ် ထုလုပ်မည် ဖြစ်သည်။ ထုလုပ်ပြီးစီးပါက ရုပ်ပွားတော်၏ ဉာဏ်တော် အမြင့်မှာ ၉ ပေခန့်ရှိ၍ အလေးချိန်မှာ ၁၆ တန် ရှိမည်ဖြစ်သည်။
ထိုကျောက်စိမ်း ရုပ်ပွားတော် ထုလုပ်တည်ထားမည့် ဗီယက်နမ် ကျောက်တွင်းပိုင်ရှင် Dao Trong Cuongက“ကျနော်တို့ ဂရင်းနစ် ကမ္ဘာ့ မှတ်တမ်းစာအုပ်မှာ မှတ်တမ်းတင်ခံရဖို့ မျှော်လင့်ပါတယ်၊ ပြီးစီးဖို့ အချိန် ၂ နှစ်လောက် စောင့်ရမယ်”ဟု ပြောသည်။
“ဗီယက်နမ်ရဲ့ ပုံရိပ်ကို ကမ္ဘာက သိစေဖို့ ဒီဗုဒ္ဓရုပ်ပွားတော်က တစိတ်တပိုင်း ပါဝင် လာပါလိမ့်မယ်”ဟုလည်း Dao Trong Cuongက ဆိုသည်။
Dao Trong Cuong နှင့်အတူ ဗုဒ္ဓရုပ်ပွားတော် ထုလုပ်မည့် အဖွဲ့သည် အိန္ဒိယနှင့် နီပေါ နိုင်ငံများတွင် ရှိသော ဗုဒ္ဓရုပ်ပွားတော်များ ကို သွားရောက် လေ့လာခဲ့ကြသည်။
ဗီယက်နမ် ကျောက်တွင်းပိုင်ရှင် Dao Trong Cuongက အလေးချိန် ၃၅ တန် ရှိသော ကျောက်စိမ်းတုံးကို ၂၀၀၆ ခုနှစ် မြန်မာ့ ကျောက်မျက်ရတနာ ပြပွဲတွင် ပထမဆုံး အကြိမ် စတင်တွေ့ရှိခဲ့သည်ဟု ဆိုသည်။
ထိုအချိန်က တရုတ် စီးပွားရေးလုပ်ငန်းရှင် တဦးက ၁.၅ သန်းဖြင့် ယင်းကျောက်စိမ်းတုံးကို ၀ယ်ယူ သွားခဲ့သည်။
Dao Trong Cuongသည် တရုတ်ပြည်သို့ ကျောက်စိမ်းထုဆစ်သည့် ကိရိယာများကို ၀ယ်ယူရန် သွားရောက်ခဲ့စဉ် ယင်းစီးပွားရေး လုပ်ငန်းရှင်နှင့် ပြန်ဆုံ၍ ဒေါ်လာ ၁.၄၅ သန်းဖြင့် ထိုကျောက်စိမ်းတုံးအား ပြန်လည် ၀ယ်ယူခဲ့ခြင်းဖြစ်သည်။
Dao Trong Cuong သည် ကျောက်စီ ပန်းချီကားပြုလုပ်ရာတွင် ကျွမ်းကျင်သူတဦး ဖြစ်သည်။ ကျူးဘား သမ္မတ ဖီဒယ် ကတ်စ်ထရို၊ ဗီယက်နမ် ခေါင်းဆောင် ဟိုချီမင်း၊ အမေရိကန် သမ္မတဟောင်း ဂျော့ဘုရှ်နှင့် မိုက်ခရိုဆော့ဖ် ပိုင်ရှင် ဘီလျံနာ ဘီလ်ဂိတ် တို့၏ ပုံတူများကို ကျောက်စီ ပန်းချီဖြင့် ပြုလုပ်ခဲ့သူဖြစ်သည်။

Geen opmerkingen: