မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 27 januari 2010

မြို့ပေါ်ဖောက်ထွင်းမှုကို သက်ဆိုင်ရာက အရေးယူနိုင်ခြင်းမရှိသေး

Wednesday, 27 January 2010 21:01 လွန်းဒင်
.ဘိုကလေးမြို့ပေါ်တွင် ဖောက်ထွင်းခိုးယူမှုများ ဖြစ်နေပြီး သက်ဆိုင်ရာ ရဲတပ်ဖွဲ့က တရားခံပေါ်အောင် ရှာဖွေပေးနိုင်ခြင်း မရှိသေးကြောင်း မြို့ခံတဦးက ပြောသည်။

ဘိုကလေးမြို့၊ (၃) ရပ်ကွက်မှ နေအိမ်တအိမ်တွင် အဝတ်အထည်ပစ္စည်းများနှင့် အိမ်အသုံးဆောင်ပစ္စည်းများ ယမန်နေ့ည ၂ နာရီကျော်ခန့်က ဖောက်ထွင်းခိုးယူခြင်းခံရကာ ယခင်ကဖြစ်ခဲ့သည့် ခိုးယူမှုများမှာလဲ အမှုမှန် ပေါ်ပေါက်ခြင်း မရှိကြောင်း ၎င်းက ပြောသည်။
“အခုယူသွားတဲ့ အဝတ်အစားတွေက တကယ်ကို ဈေးကြီးကြီးအဝတ်အစားတွေ၊ အိမ်နောက်ဖေးမှာ သီးသန့်ထားတဲ့ အဝတ်အစားတွေ၊ ဗီရိုထဲမှာ ထားထားတဲ့ ပစ္စည်းတွေ၊ ဒန်အိုးတွေဆိုလည်း သေသေချာချာ အလှူတွေ ဘာတွေလုပ်ရင်သုံးဖို့ ထားထားတဲ့ ဒန်အိုးတွေပါတယ်၊ အိမ်အသုံးဆောင်ပစ္စည်း အဖိုးတန်တွေ အကုန်ပါတယ်” ဟု ကာယကံရှင်က ပြောသည်။
ယင်း ခိုးခံရသော ပစ္စည်းများမှာ ကာလတန်ဖိုးကျပ်ငွေ (၇)သိန်းခန့် ရှိပြီး အဓိက ခိုးခံရသော ပစ္စည်းများမှာ အဝတ်အထည်၊ စတီးချိုင့်များနှင့် ဒန်အိုးဒန်ခွက်များ ပါဝင်သည်ဟု ပြောသည်။
“ခိုးအမှုတွေတော်တော်များများက မမိတာများတယ်။ အာဏာပိုင်တွေက ခန့်မှန်းချေနဲ့သာ လုပ်တာ၊ ဒီဘိုကလေးမှာ ခိုးမှုတွေကို မမိဘူးလေ၊ သူတို့က သံသယရှိတဲ့သူလောက်ကိုသာမေးတာ၊ ရိုက်တာ ထုတာ လောက်ဘဲ၊ ခိုးမှု တော်တော်များများဖြစ်တယ်၊ နေရာတိုင်းလိုလိုမှာ ဖြစ်တာ” ဟု ဆက်ပြောသည်။
ယခုကဲ့သို့ ဖောက်ထွင်းခိုးယူခံရခြင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာ နယ်မြေခံ ရဲစခန်းကို အကြောင်းကြားထားသော်လည်း တရားခံကို ဖမ်းမမိသေးကြောင်း ၎င်းကဆက်ပြောသည်။
“အခုဆိုရင် ခိုးတာတွေများတယ်လေ၊ တမြို့တည်းတော့ မဟုတ်ဘူး၊ နေရာတိုင်းမှာ ဖြစ်တာ၊ လူတွေရဲ့ အကြပ်အတည်းက တော်တော်ကို ဆိုးဝါးနေတာလည်းပါတယ်၊ စားဝတ်နေရေး ကြပ်တည်းတော့ စာရိတ္တတွေ ပျက်စီးနေတာလည်း ပါတယ်၊ အားလုံးနေရာစုံ ဖြစ်နေကြတာ” ဟုပြောသည်။
ဘိုကလေးမြို့ပေါ်နှင့် နာဂစ်မုန်းတိုင်းသင့် ဒေသများတွင် စားဝတ်နေရေးကြပ်တည်းမှုများနှင့် အခြားအထွေထွေ လူမှုဒုက္ခများကြောင့် ယခင်ကထက် ဒုစရိုက်မှုများ ပိုမိုများပြားလာခြင်းဖြစ်ကြောင်း မြို့ခံတဦးက သုံးသပ်ပြောဆိုသည်။

Geen opmerkingen: