မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 10 mei 2010

မန္တလေးမြင်ကွင်းမန္တလေးအခင်း

မန်းသူ
တနင်္လာနေ့၊မေလ၁၀ရက်၂၀၁၀ခုနှစ်၁၈နာရီ၀၉မိနစ် .
''ဘီးကလေးကိုစီး...အချစ်ကလေးကိုတင်ပြီး…''-ထိုသီချင်းသံလေးကိုကြားလိုက်ရရင်ဖြင့်ကျမတို့ရဲ့ ရွှေမန္တလေးကိုအပြေးလေးသတိရလိုက်မိပါသည်။စက်ဘီးမြို့တော်ဟုယခင်ကလူအများ တင်စားခေါ်ဝေါ်ကြသည့်မြို့တည်နန်းတည်နှစ်၁၅ဝတိုင်ခဲ့ပြီဖြစ်သောရွှေမန္တလေးမှာယခုအခါ မော်တော်ဆိုင်ကယ်များနှင့် ပြည့်နှက်လာခဲ့လေပြီ။ တိုးတက်ဖွံ့ဖြိုးလာသည်ဟု မှတ်ယူရမည်လားမသိ။
နံနက်ရုံးသွားချိန်နှင့်ညနေရုံးဆင်းချိန်များတွင်လမ်းမကြီးများပေါ်၌စက်ဘီး၊ဆိုင်ကယ်နှင့်ကားများက သူ့ထက်ငါအပြိုင်လိုရာခရီးလျင်မြန်စွာရောက်ရှိရေးအတွက်လမ်းလုကာသွားကြရသည်။ထိုအထဲတွင် လိုင်းကားများလည်းပါဝင်ကြသည်။ကျန်သည့်အချိန်များတွင်လည်းကားသမားများနှင့် ဆိုင်ကယ်သမားများ၏လမ်းကောင်းရွေးချယ်မောင်းနှင်မှုကြောင့်ရင်ဆိုင်နေရသည့်နောက်ဆက်တွဲ ပြဿနာများကလည်းမနည်းလှပေ။
သို့သော်ယခုအခါစက်ဘီးနှင့်ဆိုင်ကယ်များအတွက်သီးသန့်ဖောက်လုပ်ထားသောလမ်းကို(ရန်ကုန်-မန္တလေး လမ်းဘေး)ကျွဲဆည်ကန်သံလမ်းမှသိပ္ပံလမ်းသို့တိုင်တွေ့မြင်နေကြရပေသည်။အလုပ်ဖြစ်မည် မဖြစ်မည်တော့ကြိုတင်မခန့်မှန်းတတ်သော်လည်းနားထဲတွင်ဆူညံသံတချို့ကြားနေရသည်။အကြောင်းမှာ ရန်-မန်းလမ်းအနောက်ဘက်ရှိအိမ်များ၊ဆိုင်ခန်းများ၏ရှေ့မျက်နှာစာများကို မညိုမညင်ပေးလိုက်ကြရသည်။
ဆောက်လုပ်ရေးတိုက်ခန်းဟုအရပ်ခေါ်ခေါ်ကြသည့်မြန်မာ့ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဆောက်လုပ်ရောင်းချသည့်၂ထပ်တွဲတိုက်ခန်းများမှာကုန်ပစ္စည်းအကြီးစား(ကားများ၊မီးစက်များ ကဲ့သို့သော)ရောင်းဝယ်ရေးများပြုလုပ်ရန်သင့်တော်သည်။အလွန်ကျယ်သည့်မျက်နှာစာ ပါဝင်သောကြောင့် ဖြစ်သည်။ထိုကျယ်ပြန့်သောမျက်နှာစာကိုအကြောင်းပြု၍ဆိုင်ခန်းများကိုစီးပွားရေးသမားများ မျက်စိကျခဲ့ကြသော်လည်းယခုအခါမျက်နှာစာများပေးရမည်ဖြစ်သောကြောင့်မျက်နှာညှိုးရချေတော့မည်။
ထိုကဲ့သိုရန်-မန်းလမ်းနောက်ဘက်တွင်ပြဿနာတတ်ခဲ့သော်လည်းရန်-မန်းလမ်းရှေ့ဘက်ရှိ လေယာဉ်ကွင်းဟောင်းအနီးမြေကွက်များမှာများပြားလှသောငွေပမာဏနှင့်အရောင်းအဝယ်ဖြစ်ခဲ့သည်မှာ မြေကြီးလက်ခတ်မလွဲပေ။
ယခုရက်ပိုင်းများအတွင်းမြေကွက်များရောင်းကြဝယ်ကြသည့်လူတစုအနီရောင်အလံလေးကို လိုက်ကြည့်ကြသည်ကိုကြားခဲ့မြင်ခဲ့ရသည်။အလံနီ၏သဘောမှာ(အာဆီယံအမြန်လမ်း)ဖောက်လုပ်ရန် လျာထားသည့်လျာထားချက်ဖြစ်သည်။အိမ်ရှေ့၌အလံနီစိုက်ခံထားရသောသူအဖို့ ဘယ်နေ့လာသိမ်းမလဲကို စိုးရိမ်နေသည်ဖြစ်သော်ငြားလည်းလမ်းဖောက်လျှင်ထိုလမ်းအနီးရှိမြေကွက်မှာအလုပ်ဖြစ်မည်ဟူသော တွက်ကိန်းများဖြင့်အလံနီရှိရာသို့သွားရောက်ကြည့်ရှုသူတချို့ကလည်းကြည့်ရှု့နေကြပြီး၎င်းတို့ ပိုင်ဆိုင်သည့် ငွေများမှ အနည်းငယ်ကိုရင်းနှီးမြှုပ်နှံမှုပြုနေကြပြန်သည်။
အလွန်ထူးဆန်းသည့် မြင်ကွင်းတချို့မှာ ဝတ်ကောင်းစားလှ ဝတ်ဆင်ထားပြီး ကားအကောင်းစားများ စီးကြသည့်သူဋ္ဌေးများကအလံနီရှိရာရွာနားသို့ကားများရပ်ကာဖုန်တောထဲ၊လယ်တောထဲတွင် လမ်းလျှောက်ကာတလှည့်၊ကားဖြင့်တဖုံသွားလာကာကြည့်ရှုပြီးဝယ်ယူခြင်းအမှုပြုကြသည်။ ထိုမြေယာများ၏ဈေးနှုန်းမှာအလွန်နည်းလှသည့်ပမာဏမှသိန်းရာဂဏန်းထိမြင့်တက်သွားသည်မှာ မျက်စိဖွင့် နားစွင့်ထားသူတချို့ သိကြပါလိမ့်မည်။
ယခုရက်ပိုင်းအတွင်းစက်မှုဇုန်ုသို့လူကြီးများလာမည်ဟုဆိုကာလမျက်နှာပြင်ကဲ့သို့သောချိုင့်ခွက်များကို အဆင်ပြေအောင်မြေများဖို့၊အမှိုက်ပုံများရှင်းနှင့်အလုပ်ရှုတ်နေကြသည်။လူကြီးများများများလာရန် ဆုတောင်းမိပါသည်။



Geen opmerkingen: