မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 7 mei 2010

ပဲခူးတွင်ရေတွင်းရေကန်များခန်းခြောက်

မင်းနိုင်သူFriday,May07,2010
အပူရှိန်ပြင်းထန်လွန်းသဖြင့်ပဲခူးတိုင်းအတွင်းရေတွင်းရေကန်များတွင်ရေများခန်းခြောက်ကာသောက်သုံးရေ ရှားပါးမှုနှင့်ကြုံတွေ့နေရကြောင်းပဲခူးဒေသခံများကပြောသည်။
သောက်သုံးရေအတွက်ရေလှူသည့်ကားတစီးကိုဝိုင်းအုံနေကြသည့်ပဲခူးမြို့တနေရာမှဒေသခံများ (ဓာတ်ပုံ - ဧရာဝတီ)
“ကျနော်သိသလောက်တော့အနှစ်၂၀အတွင်းအဆိုးဆုံးပဲ။ပဲခူးတိုင်းထဲကကျေးရွာ၃၀လောက်မှာလက်လုပ် တွင်းတွေလည်းရေမတက်တော့ဘူး။ကန်တွေမှာလည်းရေမရှိတော့ဘူး"ဟုဒေသခံတဦးကပြောသည်။
အထူးသဖြင့် ဧကရာဇ်၊ ကျိုက်လတ်၊ နောင်ပတ္တရာ၊ နောင်ကြမ်း၊ ဒေးစွန်ပါ၊ ရှမ်းရွာကြီး၊ မယင်းရွာမ၊ ကံကြီးကုန်း စသည့် ကျေးရွာများ အပါအ၀င် ရွာပေါင်း ၃၀ ခန့်တွင် သောက်သုံးရေ ပြတ်လပ်မှုများ ဖြစ်ပေါ် နေကြောင်း သိရသည်။
သောက်သုံးရေ ပြတ်လပ်ရသည့် အခြေခံ အကြောင်းရင်းမှာ မုတ်သုန် နောက်ကျ ခြင်းကြောင့် ဖြစ်ကြောင်း ထင်ရှားသည့် မိုးလေ၀သ ပညာရှင် ဦးထွန်းလွင်က ပြောသည်။
“အမှန်ကဒီအချိန်ဆိုရင်မွန်၊တနင်္သာရီတို့ဘက်မှာမုတ်သုန်ဝင်ရတော့မှာ။ဒီနှစ်တော့အဲဒီဘက်တွေမှာလည်း ၀င်တာမတွေ့ရသေးဘူး။ဒါပေမယ့်လာမယ့်မေ၂၀ရက်ဝန်းကျင်မှာဧရာဝတီတိုင်းအတွင်းမုတ်သုန်ဝင်မယ့် အလားအလာရှိပါတယ်”ဟုမိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနညွှန်ကြားရေးမှူးချုပ်အဖြစ်တာဝန် ယူခဲ့ဖူးသူဦးထွန်းလွင်ကဧရာဝတီကိုပြောသည်။
သို့ရာတွင်ပစိဖိတ်သမုဒ္ဒရာအတွင်းအပူလှိုင်းရေစီးကြောင်းဖြစ်စဉ်ကြောင့်လာမည့်၂လ၊၃လအထိအပူရှိန် လွန်ကဲမှုနှင့် မိုးနည်းပါးမှုတို့ ဖြစ်နေဦးမည် ဟုလည်း သူက သုံးသပ်သည်။
ရာသီဥတုကြောင့်သောက်သုံးရေအခက်အခဲနှင့်ကြုံတွေ့နေရသောကျေးရွာများကိုပဲခူးမြို့နယ်၊ဘုရားကြီး မြို့သူ မြို့သားများကကားများဖြင့်ရွာစဉ်လှည့်လည်ပြီးရေလှူနေကြကြောင်းသိရသည်။
“ကားပိုင်တွေကိုအကူအညီတောင်းပြီးလှူနေတာပါ။ကားဆိုတာကရေတိုင်ကီတင်ထားတဲ့ထော်လာဂျီတွေပါ။ အခုလောလောဆယ်တရက်ကို၁၅စီးလောက်နဲ့လှည့်လှူပါတယ်။လုံလောက်မှုတော့မရှိသေးပါဘူး”ဟု ဘုရားကြီးမြို့ခံ တဦးက ပြောသည်။
ရေလှူဒါန်းမှုကို တနင်္ဂနွေနေ့က စတင်ခဲ့ကြပြီး မီးသတ်ကားကို အသုံးပြုခဲ့ ကြသော်လည်း နောက်ပိုင်းတွင် မီးသတ်ကားကို အသုံးပြုခွင့် မရတော့ဟုလည်း သူက ဧရာဝတီကို ရှင်းပြသည်။
“ရေလှူတဲ့အဖွဲ့မှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလူတွေပါတယ်၊ဘာညာနဲ့အတိုင်ခံရလို့ဆိုပြီးမီးသတ်က နောက်ရက်တွေမလိုက်ရဲတော့ဘူး”ဟုသူကဆက်ပြောသည်။
နာဂစ်ဒဏ်ခံခဲ့ရသည့်မြစ်ဝကျွန်းပေါ်နေလူ၂သိန်းနီးပါးအတွက်လည်းသောက်သုံးရေရှားပါးမှု ကြုံနေရသည်ဟုကုလသမဂ္ဂရန်ကုန်ရုံးကသတင်းထုတ်ပြန်ထားသည်။

Geen opmerkingen: