ဇာနည်မာန် Friday, May 07, 2010
.မကွေးတိုင်းတောင်းတွင်းကြီးမြို့တွင်လက်ရှိထောင်ဒဏ်ကျခံနေရဆဲဖြစ်သောထောက်လှမ်းရေး အရာရှိဟောင်းတဦး၏နေအိမ်၌အမည်မသိသံဃာနှစ်ပါးထားခဲ့သည့်အိတ်အတွင်းမှမပေါက်ကွဲသေးသည့် ဗုံးများကိုတွေ့ရှိခဲ့ကြောင်းသတင်းရရှိသည်။
မြို့ဦးရပ်ကွက်ရှိအဆိုပါအိမ်သို့ယမန်နေ့နံနက်ခင်းကသံဃာတော်နှစ်ပါးရောက်ရှိလာပြီး ကားလက်မှတ်သွားဖြတ်မည်ဆိုကာထားခဲ့သည့်အိတ်အားမသင်္ကာ၍စစ်ဆေးရာမှဗုံးများကိုတွေ့ရှိရသည်ဟု ဒေသခံများကပြောသည်။
“အိတ်ခဏထားခဲ့ဦးမယ်ဆိုပြီးလာမယူတော့၊အဲ့ဒီအိမ်ကရဲစခန်းကိုအကြောင်းကြားတော့မသင်္ကာပစ္စည်းဆိုပြီး အပြင်ထုတ်ထားတာပေါ့၊ဒီမနက်မှသေချာစစ်တော့ဗုံးမှန်းသိရတာ”ဟုတောင်တွင်းကြီးဒေသခံတဦးက ဆိုသည်။
ယင်းထောက်လှမ်းရေးအရာရှိဟောင်းအိမ်နှင့်ဗုံးပါသောအိတ်ကိုထားခဲ့သောသံဃာနှစ်ပါးမှာမည်သို့ ဆက်စပ်မှုရှိသည်ကိုမူမသိရှိရပေ။ထောင်ဒဏ်ကျခံနေရသောထောက်လှမ်းရေးအရာရှိဟောင်းမှာ၂၀၀၄ ခုနှစ်ကထောက်လှမ်းရေးအကြီးအကဲဟောင်းဗိုလ်ချုပ်ကြီးခင်ညွန့်ရာထူးမှအဖယ်ရှားခံခဲ့ရသည့်အချိန်နှင့် တချိန်တည်း အရေးယူခံခဲ့ရ သူဖြစ်ကြောင်း ဒေသခံများက ပြောသည်။
နယ်မြေခံစစ်တပ်ကထိုဗုံးပါသောအိတ်ကိုကားတာယာများနှင့်ထည့်၍မြို့အနောက်ဘက်သို့ ယူဆောင်သွားကြောင်း၊မကွေးတိုင်းတိုင်းမှူးထံတင်ပြထားပြီးတိုင်းမှူး၏ဆုံးဖြတ်ချက်ကိုစောင့်နေကြကြောင်း သိရသည်။
“အဲ့ဒီဗုံးကိုခွဲပစ်ရမှာလား၊ဖြုတ်ရမှာလားဆိုတာအထက်ကအမိန့်ကိုစောင့်နေကြတယ်၊အဲ့ဒီဗုံးထားတဲ့မြို့ပြင်က ဆည်မြောင်းနားမှာတော့လုံခြုံရေးတွေချထားတာပေါ့”ဟုအခြားဒေသခံတဦးကလည်းပြောသည်။
တောင်တွင်းကြီး မြို့နယ်ရဲစခန်းသို့ ဆက်သွယ်မေးမြန်းခဲ့ရာ ဖုန်းဖြေဆိုသူ အရာရှိ တဦးက ဗုံးတွေ့သည်မှာ ဟုတ်မှန်ကြောင်း၊တရားခံကိုမသိသေးကြောင်းနှင့်အဆိုပါကိစ္စနှင့်ပတ်သက်၍အထက်အရာရှိများ၏ အမိန့်ကိုစောင့်နေကြောင်းသာဖြေကြားခဲ့ပြီးဗုံးအရေအတွက်နှင့်အမျိုးအစားစသည်တို့ကို အသေးစိတ်ပြောဆိုရန် ငြင်းဆန်လိုက်သည်။
သင်္ကြန်ကာလအတွင်းက ရန်ကုန်မြို့တွင်း ဗုံးပေါက်ကွဲမှုများနှင့် အခြားပြည်နယ်နှင့် တိုင်းများမှ နောက်ဆက်တွဲ ဗုံးပေါက်ကွဲမှုများကြားသိကြရပြီး ယခုကဲ့သို့ ဗုံးတွေ့သည်ဆိုသည့် သတင်းများကြောင့် လုံခြုံရေးကို စိုးရိမ်နေကြကြောင်း ဒေသခံများက ဆိုသည်။
စစ်အစိုးရက မေလ ၆ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် သင်္ကြန်အကြတ်နေ့က X2O မဏ္ဍပ်ရှေ့ ဗုံးကွဲမှုနှင့် ပတ်သက် ၍ သံသယရှိသူတဦးကို ဖမ်းမိထားပြီး အကြမ်းဖက်မှု ပြုလုပ်သော အဖွဲ့မှာ စွမ်းအားမြှင့် မြန်မာ ကျောင်းသား စစ်သည် တော်များ အဖွဲ့ (Vigorous Burmese Student Warriors – VBSW) မှ ဖြစ်ကြောင်း ပြောဆို ထားသည်။
X2Oမဏ္ဍပ်ရှေ့ဗုံးကွဲမှုတွင်လူ၁၀ဦးသေဆုံးပြီး၁၇၀ကျော်ဒဏ်ရာရခဲ့ကြောင်းအစိုးရကတရားဝင်ထုတ်ပြန် ထားသည်။
Geen opmerkingen:
Een reactie posten