ကျော်ကျော်Friday,May07,2010
.နာဂစ်ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်ခဲ့ခြင်းနှင့်ငါးအလွန်အကျွံဖမ်းဆီးမှုများကြောင့်ယခုနှစ်တွင် ငါးသလောက်ရှားပါးကာရန်ကုန်စံပြငါးဈေးသို့အ၀င်လျော့ကျပြီးဈေးမြင့်တက်လျက်ရှိကြောင်းသိရှိရသည်။
ရန်ကုန်မြို့ရှိငါးကုမ္ပဏီတခုကဖမ်းဆီးရမိသည့်ငါးသလောက်များကိုဝန်ထမ်းများကရွေးနေကြစဉ်(ဓာတ်ပုံ - The Myanmar Post)
ယခုနှစ်စံပြငါးဈေးသို့ငါးသလောက်ဝင်နှုန်းမှာယခင်နှစ်ကထက်သုံးပုံနှစ်ပုံခန့်အထိကျဆင်းနေကြောင်း၊ ရေချိုငါးသလောက်ဈေးမှာလည်းယခင်နှစ်ကထက်၂ဆခန့်အထိမြင့်တက်သွားကြောင်းစံပြငါးဈေး၊ငါးအ၀ယ် ဒိုင်များကဆိုသည်။
“ရေငန်ငါးသလောက်ကရာသီကုန်သွားပြီ။မိုးတွင်းကျတော့မုန်တိုင်းတွေဘာတွေရှိတတ်တယ်ဆိုတော့ သင်္ကြန်နောက်ပိုင်းဆိုမ၀င်ကြတော့ဘူး။ရေချိုကတော့အ၀င်ကျသွားတယ်”ဟု ငါးအဝယ်ဒိုင်တဦးက ပြောသည်။
ငါးသလောက်တွင် ရေချိုနှင့်ရေငန်ဟူ၍ နှစ်မျိုးရှိရာ ပုံမှန်အားဖြင့် ရေချိုငါးသလောက်သည် တနှစ်ပတ်လုံး ၀င်ရောက်မှုရှိပြီးရေငန်ငါးသလောက်မှာမူအောက်တိုဘာလမှဧပြီလအတွင်းသာ ၀င်ရောက်တတ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် အများဆုံး ဝယ်ယူစားသောက် နိုင်သည်မှာ ရေငန် ငါးသလောက် များသာဖြစ်ပြီး ရေချို ငါးသလောက်များကိုမူ ပြည်ပသို့ တင်ပို့ ရောင်းချနေကြောင်း ငါးဒိုင်များထံမှသိရသည်။
“ရေချိုကတစ်ပိဿာကိုကျပ်၂၈၀၀၀လောက်အထိပေါက်ဈေးရှိတယ်။ဈေးကတော့မြန်မာပြည်ကလူတွေ မစားနိုင်ဘူး။
ပုစွန်ထုပ်ထက်ဈေးကြီးတယ်။ပုစွန်ထုပ်ကမှ၈၀၀၀၊၁၀၀၀၀လောက်နဲ့စားလို့ရသေးတယ်”ဟုငါးဒိုင်တဦးက ဆိုသည်။
လှိုင်မြစ်၊ ပန်းလှိုင်မြစ်များအတွင်း ရေချို ငါးသလောက်မျိုးတချို့ ပျောက်ဆုံးကုန်ကြောင်း၊ နာဂစ် ဆိုင်ကလုန်း မုန်တိုင်းကြောင့် သဘာဝရင်းမြစ်များ ပျက်စီးခဲ့ရသကဲ့သို့ ရေထု ညစ်ညမ်းလာခြင်းနှင့် နည်းစနစ် မမှန်ကန်သော ငါးဖမ်းမှုများကြောင့်လည်း ဆုံးရှုံးရခြင်း ဖြစ်ကြောင်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်တဦးက ပြောဆိုသည်။
မြစ်များအတွင်း လျှပ်စစ်ရှော့တိုက်ခြင်း၊ ဆေးချခြင်း၊ ဗုံးခွဲခြင်းနှင့် အာဖရိက ငါးခူများကြောင့်လည်း ငါးများ ရှားပါးသွားရသည်ဟု သိရသည်။
အာဖရိကငါးခူ(Clariasgariepinus)များသည်သဘာဝသယံဇာတများနှင့်ဒေသခံငါးမျိုးများကို ပြုန်းတီးစေသောကြောင့်
ထိုငါးများကို ပြည်ပမှပြည်တွင်းသို့ တင်သွင်းခွင့် မပြုကြောင်း ကြေညာထားပြီး ပြည်တွင်း၌ သားဖောက် ထုတ်လုပ်နေသည့် အာဖရိကငါးခူများကို ဆက်လက် သားဖောက်ထုတ်လုပ်ခြင်း၊ မွေးမြူခြင်း၊ ပြန့်ပွားစေခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ သိုလှောင်ခြင်း၊ ရောင်းချခြင်း စသည်တို့ကို မပြုလုပ်ကြရန် မြန်မာနိုင်ငံ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန၊ ငါးလုပ်ငန်း ဦးစီးဌာနက အမိန့် ကြေညာစာအမှတ် ၅/ ၂၀၁၀ ဖြင့် ထုတ်ပြန်ခဲ့သည်။
လက်ရှိဈေးကွက်အတွင်း ၀င်ရောက်နေသော ငါးသလောက်များမှာ ဒေးဒရဲနှင့် မြစ်ဝကျွန်းပေါ် ဒေသများမှ ဖြစ်ပြီး လပွတ္တာ၊ ပုသိမ်၊ ဘိုကလေး၊ မော်ကျွန်း၊ ကွမ်းခြံကုန်း၊ ဒလ မြို့များမှ အ၀င်များသည် ဟုသိရသည်။
သို့သော် ယခုလက်ရှိတွင် ပုသိမ်နှင့် ဟိုင်းကြီးဒေသ များမှသာ ငါးသလောက် ၀င်ရောက်မှု အားကောင်းပြီး ကျန်မြို့များမှာ နာဂစ် ဆိုင်ကလုန်းဒဏ်ကြောင့် ၀င်ရောက်မှု နည်းနေသေးသည်ဟု ငါးအဝယ်ဒိုင်များက ဆိုသည်။
“မော်ကျွန်းတို့၊ဘိုကလေးတို့ဆိုရင်အရင်နှစ်ကလောက်တောင်မှမတက်တော့သလောက်ဘဲ၊လပွတ္တာလည်း နာဂစ်ပြီးနောက်ပိုင်းမှာဘာမှဟုတ်တိပတ်တိမတက်ဘူး။နာဂစ်တုန်းကသေခဲ့တဲ့တံငါသည်တွေလည်း များတာကိုး”ဟုငါးဒိုင်တဦးကပြောသည်။
ယခုနှစ်များအတွင်းမြန်မာ့ပင်လယ်ပြင်တွင်ငါးဖမ်းသင်္ဘောများပိုမိုများပြားလာပြီး၂၀၀၂ခုနှစ်က၄၃စီးသာ ရှိခဲ့ရာမှလက်ရှိအစီး၁၀၀ကျော်ရှိကြောင်းသိရသည်။

Geen opmerkingen:
Een reactie posten